ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ် ဇနီးဟောင်းအမ်ဘာဟက်ကိုတရားစွဲ

နယူးယောက်၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   Paradise of the Caribbean ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို  အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။   သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟက်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ  ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး ယင်းဆောင်းပါးမှာတော့  သူမသည် အိမ်တွင်းအကြမ်းဖက်မှုတွေခံခဲ့ရတာကို ဆိုးဆိုးရွားရွားဖော်ပြထားပါတယ်။   မစ္စတာဒပ်သည် အမ်ဘာဟက်ကို တစ်ကြိမ်တစ်ခါမျှ အကြမ်းဖက်ခဲ့တာမရှိဘဲ  ၎င်းရဲ့ ရေးသားမှုတွေဟာ စနစ်တကျအကွက်ချစီစဉ်ထားတဲ့ လိမ်လည်မှုတစ်ရပ်သာဖြစ်တယ်လို့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။   ဝါရှင်တန်ပို့စ်သတင်းစာမှာ သူနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြခဲ့တဲ့အတွက် ဂျော်နီဒပ်ဟာ ဇနီးဟောင်းဆီကနေ  နစ်နာကြေး ဒေါ်လာသန်း၅၀ရရှိရန်ကြိုးပမ်းလျက်ရှိပါတယ်။ ၎င်းတို့နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မေလမှာ ဂျော်နီဒပ်က  အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တယ်လို့ အမ်ဘာဟက်က ပထမဦးစွာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲတိုင်ကြားတာနဲ့ပတ်သက်ပြီး …

Read More

ကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်

ဂန့်ဂေါ မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ  ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။   “ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်…

Read More

အ၀တ်မဲ့ ၀ိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မယ့် ရွှေအိမ်စည်

ရန်ကုန် မတ် ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   အလှမယ်အပြင် သရုပ်ဆောင်ပိုင်းပါ လုပ်ဆောင်လာတဲ့ ရွှေအိမ်စည်ကတော့ The Naked Ghost ဇာတ်ကားမှ အ၀တ်မဲ့ဝိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။   ”လူတစ်ယောက်ဟာ သေခံနီးဖြစ်ပျက်တာကို နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အစွဲကို ဖော်ညွှန်းထားတာပါ။ အစုအဖွဲ့လိုက် မုဒိန်းကျင့်ခံရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အမုန်းနဲ့ နာကျည်းမှုတွေ ထိတ်လန့်စွာနဲ့ ဖျောက်ဖျက်လိုက်တဲ့ မိန်းမပျိုရဲ့ အဝတ်မဲ့ခန္ဓာကိုယ်နဲ့ တရားမျှတမှုအတွက် လိုက်လံရှာဖွေတယ်။ ဒါ့အပြင် အဝတ်မဲ့ဝိဥာဉ်တစ်ကောင်ရဲ့ လိုက်လံ လက်စားချေမှုတွေကို ထိတ်လန့်ဖွယ် ပုံဖော်ရိုက်ကူးမယ့် The Naked Ghost ဖြစ်ပါတယ်”လို့ဆိုပါတယ်။   သူမကတော့ မတ်လ တတိယပတ်မှာတော့ Media 5 ရုပ်ရှင်ထုတ်လုပ်ရေးကနေ Horror ဇာတ်လမ်းပုံစံ ”The Naked Ghost@စွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ဇာတ်လမ်း ငြိမ်းချမ်းကျော်၊ဇာတ်ညွှန်း…

Read More

၂၀၁၉ မတ်လ အတွက်နေ့ဖွားဟောတမ်း

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးမင်းသိန်းတွက်ချက်ထားတဲ့ ၇ ရက်သားသမီးများအတွက် မတ်လအတွင်း အကောင်းအဆိုးနဲ့ ဆောင်ရန် ရှောင်ရန် ဟောစာတမ်း   တနင်္ဂနွေသားသမီးတို့သည် ဤလတွင် အစုဝင်ရှယ်ယာလုပ်ငန်းများတွင် သတိနှင့် လုပ်ကိုင်လျှင် အကျိုးအမြတ် ရရှိနိုင်သည်။ ၀င်ငွေကောင်းနိုင်ပြီး စုဆောင်မှုနည်းတတ်သည်။ လုပ်ငန်းအကြံအစီသစ်များ ဆောင်ရွက်ရာတွင် အစပထမပိုင်းတွင် အနောက်အယှက် တွေ့ကြုံနိုင်ပြီး နောက်ပိုင်းကာလတွင် အောင်မြင်မှုရရှိတတ်သည်။ တစ်ခါတရံ မိတ်ဆွေအပေါင်းအသင်းများနှင့် စကားများရတတ်သည်။ နိုင်ငံရပ်ခြားခရီး၊ ရပ်ဝေးခရီး မမျှော်လင့်ဘဲ သွားရတတ်သည်။ စိတ်ကူးကများနေ၍ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတတ်သည်။ တဇွတ်ထိုး လုပ်ကိုင်လျှင် အမှားတွေ့နိုင်သည်။ (ယတြာ။    ။ အရှေ့အရပ် မျက်နှာမူပြီး စနေနံဘုရားတွင် ပေါက်စီကပ်လှူပါ) ………………………. တနင်္လာသားသမီးတို့သည် ဤလတွင် စိတ်လှုပ်ရှားစရာများ တွေ့ကြုံနေတတ်သည်။ စိတ်တည်ငြိမ်စွာဖြင့် လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိနိုင်သည်။ ရည်ရွယ်ချက်၊ ရည်မှန်းများများ မထားဘဲ တစ်ခုထဲကိုသာ အာရုံစိုက် လုပ်ဆောင်သင့်သည်။ စိတ်ကူးစိတ်သန်းကောင်းများကို အကောင်အထည်ဖော်ရန်…

Read More

အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်ဆိုတဲ့ အိမ့်ချစ်

ရန်ကုန် မတ်၁-၂၀၁၉ သင်းသဒ္ဒါ (VOM)   စွဲဆောင်မှုရှိတဲ့ အသံနဲ့ သီဆိုတတ်တဲ့ အဆိုတော် အိမ့်ချစ်ကတော့အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်လို့ဆိုပါတယ်။ ဂီတပိုင်းတွေ မိသားစုတွေကို အချိန်ပေးရပေမယ့် အချစ်ရေးပတ်သက်ပြီး အိမ့်ချစ်အချစ်ရေးဘက်ကို လှည့်ပါတယ် ရည်းစားတွေ ထားပါတယ်။ရည်းစားတွေအများကြီးရှိပါတယ်။စာမျက်နှာပေါ်တင်ရင် ကန်းတက်မှာစိုးလို့ မတင်တာပါ။ လက်ရှိ ချစ်သူက အေးဆေးပါပဲ။ ယောက်ျားတော့ မယူသေးပါဘူး။ ရည်းစားမထားပဲ နေရအောင် တရားပေါက်နေတာလည်း မဟုတ်ပါဘူးလို့ဆိုပါတယ်။ သူမကတော့ ”စတူဒီယိုခေတ်ရဲ့ နှစ်လေးဆယ်လွန်သီချင်းများ” သီချင်းခွေမှာ သီချင်း ၂ပုဒ်ပါဝင်သီဆိုထားပြီးတော့ အဆိုပါသီချင်းခွေကို တေးရေးဆရာ အနေဖြင့် ဦးကျော့မှူး၊ ပုသိမ်မာင်စိမ်းသူ၊ ကိုမြင့် (သမန်းကျား)၊ မင်းဇော် ၊တက္ကသိုလ်အေးမောင်၊ ဒီနေ့ပုဏ္ဏက ၊ မင်းဒဿ နှင့် ဝင်းမင်းထွေးတို့က ရေးသားဖော်ကျူးထားတဲ့ သီချင်းတွေကို တေးဆို ချစ်ကောင်း၊  ဖြိုးကြီး၊ ထက်အိမ်၊Woofer ၊ Junior ချစ်ကောင်း၊ဖြူဖြူကျော်သိန်း၊ဆုန်သင်းပါရ်၊ အိုင်းရင်းဇင်မာမြင့်နဲ့အတူ…

Read More

ပထမဆုံးကျောင်းတွင်းသင်္ကြန် ပြည်တက္ကသိုလ်တွင်ကျင်းပ

ပြည်၊ မတ် ၁၊ ၂၀၁၉ လမင်း (VOM)   ကျောင်းသားလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပြည်တက္ကသိုလ်အတွက် ပထမဦးဆုံးကျောင်းတွင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲမှာ မတ်လ ၁ ရက်နေ့ မနက်က ကျင်းပခဲ့ကြပါတယ် ။   “ကျွန်တော်တို့ ပထမဆုံးလုပ်တဲ့ ကျောင်းသင်္ကြန်ပါ အရင်နှစ်တွေက ဒါမျိုးမလုပ်ပါဘူး။ ကျောင်းသားသမဂ္ဂဦးဆောင်ပြီး သံချပ်တွေလည်းထိုးမှာပါ အဆိုတော်တွေလည်း လာဆိုကြမှာပါ ခု လို ကျောင်းသားအားလုံး စည်စည်ကားကားဆင်နွှဲတဲ့အတွက် ကျွန်တော်တို့ လုပ်ရကျိုးနပ်ပါတယ် ” လို့ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အတွင်းရေးမှူး ကိုကျော်ရဲသူက ပြောပါတယ်။   ကျောင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲရှိ ဘွဲနှင်းသဘင်ခန်းမရှေ့တွင် မဏ္ဍပ်ထိုးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဖွင့်ပွဲအခမ်းအနားကို မနက် ၈ နာရီခွဲခန့်ကစတင်ကာ ပါမောက္ခချုပ်နှင့်ဆရာကြီး ၊ ဆရာမကြီးများမှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူ ၇ ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်…

Read More

LGBTဆိုတော့ ယောကျာင်္းတွေက တကယ်လက်ထပ်ဖို့ သတ္တိမရှိကြဘူးဆိုတဲ့ မထက်(PopSoul)

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM)   မိန်းကလေးအသွင်ပြောင်းလဲလိုက်တဲ့ ပရိသတ်အချစ်တော် ထက်ထက်(PopSoul) ကတော့ LGBT ဆိုတော့ယောက်ကျားတွေက တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူးလို့ ဆိုပါတယ်။   “သူကတော့ မရဲ့ ဘ၀ကို ဦးဆောင်မှုတွေ လုပ်ပေးခဲ့တဲ့အတွက် အမှတ်တရပါပဲ။ မ ရည်းစားထားဘူး တဲ့ သက်တမ်းတလျှောက်မှာ ဦးဆောင်ပြီး လမ်းပြခဲ့တဲ့သူပေါ့။ မားမားမတ်မတ် ကိုယ့်ရှေ့က ရပ်တည်ပေးလို့ ကျေးဇူးများကြီး တင်ပါတယ်။ လိမ်ပြီး ရည်းစားထားတာတော့ မပါဘူးပေါ့လေ။ ဒီအခြေအနေ ရောက်လာတော့လည်း နားလည်မှုတွေနဲ့ ရှေ့ဆက်ကြတာပေါ့။ အချစ်ကိုတော့ မ မလွန်ဆန်နိုင်ပါဘူး။ ကိုယ့်တိုင်လည်း ချစ်ရတာကို ကြိုက်တယ်လေ။ LGBT ဆိုတော့ အမျိုးသားတစ်ယောက်က တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူး။ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုလည်း မခံနိုင်ဘူး။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုဆက်ဆံမှုကို မတွန်းလှန်နိုင်ဘူးပေါ့။ လူဆိုတော့ ခံစားချက်တွေရှိတယ်လေ။…

Read More

ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့  ရိုးရိုးခင်တာပါဆိုတဲ့ ဟိန်းဝေယံ

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်တွေ ချစ်ခင်မှုကို ရထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့ ရိုးရိုးခင်တာပါလို့ဆိုပါတယ်။   “ပရိသတ်တွေက မင်းသမီးစိုးပြည့်သဇင်နဲ့က ကျွန်တော်တို့ နှစ်ယောက်အတွဲလိုက် အနုပညာ အလုပ်တွေ လုပ်ထားတာတွေရှိတယ်။ သူတို့က သဘောကျ နှစ်သက်ကြလို့ ထင်ပါတယ်။ အပြင်မှာလည်း သူ့နဲ့က ရင်းနှီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်တာလည်း ကြာပြီ၊ ကားတွေလည်း အများကြီး  အစုံရိုက် ဖြစ်ကြတယ်။ အချစ်ကတော့လူတိုင်းအတွက် မရှိမဖြစ်အရာပါ “လို့ဆိုပါတယ်။   သူကတော့ လက်ရှိမှာ ဒါရိုက်တာ သားညီ က အချစ်ဒရာမာပုံစံ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲကို အုပ်သာကျော် ၊ ငြိမ်းသော် ၊ အေးဝတ်ရည်သောင်း ၊ သွန်းဆက် ၊ ဟန်လေး၊ ဟိန်းဝေယံ ၊…

Read More

တစ်ကိုယ်တော် အခွေထွက်တော့မယ့် သျှီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆ – ၂၀၁၉   သင်းသဒ္ဒါ (VOM)   ရော့ခ်ဂီတနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့  အဆိုတော် သျှီကတော့ ပထမအခွေနဲ့ ၈နှစ်ကျော်ကြာမှ တစ်ကိုယ်တော်အခွေထွက်တော့မယ်လို့ သိရပါတယ်။   ”အစ်မ အခွေလုပ်နေတာ လုံးဝ အခွေက အဆုံးသတ်နေပြီ။ ဒါပေမယ့် ဘယ်တော့ထွက်မယ်ဆိုတာသာ အတိအကျမပြောနိုင်သေးတာလေ။ ခေတ်ကလည်း ပြောင်းသွားသလို ထုတ်ရတဲ့ပုံစံကလည်း ပြောင်းသွားတယ်ဆိုတော့ ဒါကြီးကို ကိုယ်က သေသေချာချာ သပ်သပ်ရပ်ရပ်လေး နှစ်ပေါင်းများစွာ လုပ်လာတဲ့အခွေလေ ၊ ပြီးတော့ မှ ထွက်ကာနီးမှ ဗရမ်းဗတာ ဖြစ်သွားမှာစိုးလို့လေ။ အဓိကတော့ အခွေကိုနားထောင်စွဲ သူတွေလက်ထဲလည်းရောက်ချ  အသက်ရပ်ဆုံးနဲ့ အကောင်းမွန်ဆုံး ရောက်စေချင်တယ်။ အဲ့ဒါလေးကိုလုပ်နေတာဖြစ်တဲ့အတွက် ဒီနှစ်ထဲတော့ ထွက်မယ်၊ ရက်တွေလတွေတော့ သတ်မှတ်လို့မရသေးဘူး”လို့ဆိုပါတယ်။   သူမကတော့ ၂၀၁၀ ခုနှစ်က  ဂန္ဓဝင်စကားဆိုတဲ့ အခွေကိုထွက်ခဲ့ပြီးတော့…

Read More

၂၀၁၈ ခုနှစ်အကယ်ဒမီအတွက် ရွှေစင်ကြယ် သယ်ပေးမယ့် အကူမောင်မယ်တွေရွေးချယ်

  ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉ သင်းသဒ္ဒါ     ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အနုပညာရှင်တွေရဲ့ မျိုးဆက်တွေနဲ့ တက်သစ်စ သရုပ်ဆောင်တွေကို မြန်မာ့ရုပ်ရှင် အကယ်ဒမီ အတွက် ရွှေစင်ကြယ် သယ်ဆောင်ပေးမည့် အကူမောင်မယ်တွေအဖြစ် ဒီနေ့မနက်ပိုင်းမှာ ရွေးချယ်မိတ်ဆက်ခဲ့ပါတယ်။   “အနုပညာရှင်တွေရဲ့ ရင်သွေးတွေပါတယ်။ နောက်မျိုးဆက်သစ် လူငယ်တွေ ပါပါတယ်။ စိစစ်ပြီးတော့ ရွေးချယ်လိုက်တာပါ။ မဆင့်တို့က တရားဝင်ကြေငြာထားတာ မဟုတ်ပဲ တိုင်ပင်ရွေး ချယ်လိုက် ကြတာပါ။ မဆင့်တို့က တိုးတိုးတိတ်တိတ်ရွေးချယ်ကြတာပါ။ ဘယ်သူမှ မသိတာပါတယ်။ မျှတမှုရှိအောင်တော့ ရွေးလိုက်ပါတယ်။ အရပ်ကို ကြည့်ပြီးတော့ အတွဲလေးတွေ တွဲပေးလိုက်တာပါ” လို့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုက ဆိုပါတယ်။   ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို…

Read More
VOM News

FREE
VIEW