ဆင်ဖြူကျွန်း ရေကြီးမှုမှာ သားအမိနှစ်ယောက် ရေစီးနဲ့မျောပြီး အမေ သေဆုံး၊သမီးဖြစ်သူပျောက်ဆုံးနေဆဲ

မေ ၁၅ – ၂၀၂၃ GG (VOM) မိုခါ မုန်တိုင်းကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမှာ ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပြီး သား အမိနှစ်ယောက်ရေစီးနဲ့အတူမျှောပါက အမေဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ရေစီးနဲ့အတူ မျောပါခဲ့သူတွေကတော့ ဆင်ဖြူကျွန်းမြို့ပေါ်၊ ပြည်စိုးကုန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးသန်း ဆိုသူနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” အဲ့ဒီနားက ဘုန်းကြီးကျောင်းကပြောတာတော့ ရေကတအား တက်လာတော့ သားအမိတွေ ပစ္စည်းတွေရွှေကြ သယ်ကြရင်းနဲ့ ရေစီးနဲ့မျှောသွားတယ်။သူတို့ကသားအမိနှစ်ယောက်ထဲနေတာ၊သားကလည်းအဝေးမှာအလုပ်လုပ်နေတာ။အမေက နဲ့သမီးက လက်ချင်း ချိတ်ထားရင်းကို မျှောသွားတာကိုလည်း မြင်လို့ ကယ်ကြပေမယ့် ရေစီးတ အားသန်တော့ မမှီလိုက်ကြဘူး။သူတို့တွေကလည်း အော်ကြပေမယ့် မကယ်လိုက် နိုင်ဘူးပေါ “လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ မနေ့ မေလ ၁၄ ရက်နေ့ ဆင်ဖြူကျွန်းမှာ ​ဖြစ်ပွားခဲ့တဲ့…

Read More

ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းကြောင့် လူ(၂)ဦးသေဆုံးပြီး လူနေအိမ်တွေအပါအဝင် အဆောက်အဦ(၂၀၀)ကျော် ပျက်စီးခဲ့

မေ၊ ၁၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် လူ(၂)ယောက်သေဆုံးကာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦ အလုံးရေ(၂၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံ သဘာဝဘေးကာကွယ် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် ဧရာဝတီတိုင်းထဲက မအူပင် ၊ ရေကြည် ၊ လပွတ္တာ ၊ မော်လမြိုင်ကျွန်း ၊ဖျာပုံ၊ဝါးခယ်မ ၊ ဟင်္သာတ ၊ ဘိုကလေး ၊ ဟိုင်းကြီးကျွန်း၊ မြောင်းမြ ၊ ငပုတော ၊ ကျိုက်လတ် ၊ကျောင်းကုန်း၊ ပုသိမ်၊ ပြင်စလူ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက လူနေအိမ်ခြေတွေ သာသနိက အဆောက်အဦးတွေ ၊ ရုံးတွေ ၊ စာသင်ကျောင်းတွေအပါအဝင် အဆောက်အဦ အလုံးရေ (၂၀၀)ကျော်ပါးပြိုပျက်စီးခဲ့ပြီးလူ(၂)ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ”လူနေအိမ်တွေက မုန်တိုင်း စဖြစ်ကတည်းကပြိုကျတဲ့ စာရင်းတွေပါ၊ မနေ့က မုန်တိုင်းစတိုက်တဲ့ နေ့ကတော့ ရေကြည်မြို့နယ်ဘက်က…

Read More

စစ်တွေမြို့အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေ

မေ ၁၄ – ၂၀၂၃ SN (VOM) စစ်တွေမြို့၊ မြစ်ကမ်းနားဖက် မိဇံရပ်ကွက်အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က စတင်ပြီး ပင်လယ်ဒီရေတွေ တက်နေတာဖြစ်ပြီး အမြင့် သုံးပေအထိ ရှိနေပြီဖြစ်ကာ အဲဒီရပ်ကွက်အတွင်းက ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ “လက်ရှိ အခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရလောက်တဲ့ အခြေအနေဖြစ်သွားပြီ။ အိမ်မှာ လူကြီးတွေချည်းပဲ ၃ ယောက်ကျန်ခဲ့တယ်။ လူကြီးတွေဆိုတော့ ရွှေ့ပြောင်းမယ်ပြောတာ ဘယ်လိုမှမပြောင်းကြဘူး၊ ပြောလို့မရဘူး။ ကျွန်မတို့အိမ်ကနှစ်ဆင့်၊ ကမ်းနားဘက်မှာ။ ရေက လှေကား ၄ ထစ်ကိုတက်သွားပြီ။ အိမ်အောက်နေဆိုရင် ရေက လူတစ်ရပ်စာပြည့်နေတာ။ နောက် လှေကားနှစ်ထစ်ဆိုရင် လူနေလို့မရတော့ဘူး။ အခုက လှေကားနှစ်ထစ်ပဲ…

Read More

မိုခါမုန်းတိုင်းရဲ့ သဘာဝဘေးဒဏ်ကြောင့် ဒီကနေ့ ၁ ရက်တည်းမှာ သေဆုံးသူ ၆ ဦးအထိရှိလာ

မေ ၁၄ -၂၀၂၃ SP(VOM) ဒီကနေ့ မေ ၁၄ ရက် မနက်အစောပိုင်း ၃ နာရီကစလို့ ညနေ ၄ နာရီအထိ နိုင်ငံနဲ့အဝှမ်း သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ယောက်အထိ ရှိသွားပြီလို့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၃ နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်းရပ်ကွက်မှာ မြေပြိုပြီး နေအိမ်ပေါ်ပိလို့ အိမ်ထဲမှာအိပ်ပျော်နေတဲ့ လင်မယား ၂ ယောက်သေတယ် ၊ နောက်ပြီး ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ သစ်ပင်လဲရာက ရဲတပ်ကြပ်ကြီး သန်းဝင်းဆိုသူ ပေါ်ပိလို့သေဆုံးတယ် ။ဒါ့အပြင် ဒီကနေ့…

Read More

မိုခါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်

မေ ၁၄ – ၂၀၂၃ SN (VOM) အားအလွန့်အလွန်ကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မေ ၁၄ ရက် (ဒီနေ့) မနက်ပိုင်းကစတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းနဲ့အတူ MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ MPT ဖုန်းလိုင်းနဲ့ အခြားလိုင်း အားလုံး ဖုန်းလိုင်းမိနေပေမယ့် လိုင်းတော့ ကောင်းမွန်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မနက် ၉ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်ကလည်း တစ်နာရီ…

Read More

မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ ရဲတပ်ကြပ်ကြီး ၁ ဦး သစ်ပင်ပိလို့ သေဆုံး

မေ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်း ၊ မိုင်တိုင်အမှတ် ၃၅/၆ နှဲ့ ၃၅/၇ အကြား ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ၊ခြောက်သွေ့ဆွေးမြေ့နေတဲ့ ညောင်ပင်လဲကျ​ကာ လူတယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် ဒေသခံ လူမှုကူညီရေ အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ဖြစ်တာပါ ၊ အနီးစခန်းနားက ရဲကင်စခန်းနဲ့ ပေ ၁၅၀ အကွာက ဆွေးမြေ့သစ်ပင် ညောင်ပင်ကြီး ပြိုလဲတာပါ ၊ မန္တလေး – ပြင်ဦးလွင်ကားပေါ်ကို ကန့်လန့်ဖြတ်လဲတာ ၊ လူတယောက်လဲ အဲ့ဒီ သစ်ပင်ပိလို့…

Read More

မုန်တိုင်း`မိုခါ´ကြောင့် ရခိုင်က ရေကြောင်းနဲ့ လေကြောင်း ခရီးစဉ်အားလုံး ရပ်ဆိုင်းထား

မေ၊၁၄-၂၀၂၃ MM(VOM) ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်မှာဖြစ်တာကြောင့် ရခိုင်ပြည်နယ်ကနေ အခြားဒေသတွေကိုသွားမယ့် ခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းထားတယ်လို့ ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်နိုင်တာကြောင့် ပြည်တွင်းရေကြောင်းလိုင်း၊ ကုန်တင်ရေယာဉ်တွေနဲ့ ပင်လယ်ကူးသင်္ဘောတွေကိုရပ်နားထားကြဖို့အပြင်လေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းခရီးစဉ်တွေကိုပါရပ်ဆိုင်းထားတာလို့ သိရပါတယ်။ “ရခိုင်ပြည်နယ်ကနေ ဒေသ အသီးသီးကိုပြေးဆွဲနေတဲ့ ခရီးစဉ်တွေအကုန်လုံးကို ယာယီရပ်နားကြဖို့စာထုတ်ပြန်ထားတာပါ၊ အကုန်လုံးပါတယ်၊ မုန်တိုင်းပြီးမှ ပြန်လည် စတင်လည်ပတ်ခွင့်ပေးမှာဖြစ်တယ်လို့သိရတယ်၊ အားလုံး အန္တရာယ်ကင်းရှင်းစေရေးအတွက် ရပ်နားထားခြင်းဖြစ်တယ်၊ ရေယာဉ်ခရီးစဉ်တွေက မေလ ၁၁ ရက်က စတင် ရပ်နားပါတယ်၊လေကြောင်းနဲ့ ကုန်းလမ်းခရီးစဉ်တွေကတော့ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ရပ်နားတာပါ”လို့ ပြည်တွင်း ခရီးသွားလတ် မှတ်ရောင်းချတဲ့ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ မုန်တိုင်းကြောင့် ပြေးဆွဲမှုယာယီ ရပ်ဆိုင်းထားတဲ့ ရေကြောင်း ၊ လေကြောင်း ၊ ကုန်းလမ်းမော်တော် ယာဉ် ခရီးစဉ်တွေ အားလုံးကို မုန်တိုင်းအခြေအပေါ်မူတည်ပြီး…

Read More

မုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ကုန်းတွင်းကို မုန်တိုင်းဖြတ်မယ့်အချိန် ပိုမိုစောလာနိုင်

မေ ၁၄ – ၂၀၂၃ SN (VOM) ပင်လယ်ပြင်မှာ မုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ဒီနေ့ မေ ၁၄ ရက်မှာ မုန်တိုင်း ကုန်းတွင်းကိုဖြတ်မယ့်အချိန် ပိုမိုစောသွားနိုင်ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ နောက်ဆုံး ခန့်မှန်းချက်အရ မေလ ၁၄ ရက်၊ ဒီနေ့မနက် ၄ နာရီခန့်မှာ မုန်တိုင်းအရှေ့ပိုင်း စတင်ဖြတ်ကျော်မှာဖြစ်ကာ နေ့လယ် ၁၁ နာရီခန့်မှာတော့ မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ အခုနောက်ဆုံး (မေ ၁၃ ရက်၊ ည ၁၁ နာရီခွဲကျော်အချိန်) ထွက်လာတဲ့ JTWC warning 11 ခန့်မှန်းချက်အရဆိုပါက မုန်တိုင်း ဖြတ်သန်းဝင်ရောက်မယ့်နေရာဟာ စစ်တွေမြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မကျည်းချောင်း…

Read More

မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိ

မေ ၁၃ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို အကြီးမားဆုံးသက်ရောက်မှုအဖြစ် မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ “အကြီးမားဆုံး သက်ရောက်နိုင်မယ့်အချိန်က မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စမယ်။ အဲ့ဒီမှာ လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်း။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း CAT-2 ပေါ့။ အခု ခန့်မှန်းချက်တွေအရ CAT-3 အထိ ပြန်လျော့သွားတယ်ဆိုပေမယ့် တကယ်တမ်း ကုန်းတွင်းဝင်ချိန်ကျရင်တော့ CAT-2 အဆင့်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ သူက ကုန်းတွင်းကို ကပ်လာလေလေ တောင်တွေနဲ့ထိပြီး ပေ ၅၀၀၀ အောက်က လေစီးကြောင်းတွေက…

Read More

ရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေအတွက် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ အရေးပေါ်လိုအပ်နေ

မေ ၁၃ – ၂၀၂၃ SN (VOM) ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြို့နယ်လေးခုမှ မုန်တိုင်းရှောင်ပြည်သူတွေအတွက် အရေးပေါ် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုကို မိုခါ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် မေ ၁၂ ရက်၊ မနေ့က ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်သလို ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ဆက်လက်ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။ အနီရောင်အဆင့် သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ ဘင်္ဂလားပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ ဖြစ်ကြပါတယ်။ မုန်တိုင်းအခြေအနေကြောင့် လက်ရှိ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေအပြင် ပြည်နယ်တဝှမ်းက ဒေသခံတွေဟာ ဘေးလွှတ်ရာလို့ ယူဆကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီ မုန်တိုင်းရှောင်နေကြတယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW