မုန်တိုင်းလွန် ကာလမှာ မဟာမြိုင်ကားလမ်း သွားလာလို့မရသေး

မေ ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းဟာ မေ ၁၂ ရက်ကနေ ၁၅ ရက်အထိ ၄ ရက်ကြာ မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် မြေသားလမ်းတွေပျက်စီးနေတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားထားရတယ်လို့ မုံရွာမြို့ခံ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မုန်တိုင်းအကြိုကာလဖြစ်တဲ့ ၁၂ ရက်ကတည်းက တောင်ပေါ်မှာ မိုးစရွာတယ် ၊ ဆက်တိုက်ရွာတာဟာ ၄ ရက်ကြာတယ် ၊ မနေ့က နေ့လယ်ပိုင်းမှ မိုးစဲသွားတယ် ၊ မိုးရွာသွန်းမှုများတဲ့အတွက် တန့်ဆည် – ကလေးဝ ၊ တန့်ဆည် – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းဖြစ်တဲ့ မဟာမြိုင်လမ်းမှာ မြေသားတွေပြိုပြီး ၊ သဲချောင်းတွေရေလျှံနေတာကြောင့်…

Read More

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ထပ်မံ သိရှိရ

မေ ၁၆ – ၂၀၂၃ SN (VOM) ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်နဲ့ စစ်တွေမှာ သေဆုံးသူ ၂၀ နီးပါးခန့်ရှိတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအသင်းအဖွဲ့‌တွေဆီက ထပ်မံ သိရှိရပါတယ်။ အဲ့ဒီ သေဆုံးသူ ၂၀ နီးပါးခန့်ဟာ ထပ်မံ ရရှိလာတဲ့ သတင်းအချက်အလက်အရသာဖြစ်ပြီး ဒီ့ထက်လည်း ပိုလာနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာရာမှာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရွာမှာ သေဆုံးသူ ၁၄ ဦးရှိပြီး မုန်တိုင်းရှောင်တဲ့ ဓမ္မာရုံရဲ့ အုတ်တံတိုင်းပြိုကျလို့ သေဆုံးကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ‌တော့ လက်ရှိမှာ အတည်ပြုလို့ မရသေးပါဘူး။ ဒီ သေဆုံးသူ ၁၄ ဦးမှာ ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၉ ဦးပါ…

Read More

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း စလင်းချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေမြုပ်ခဲ့

မေ ၁၅ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ဆင်ဖြူကျွန်းရှိ စလင်းချောင်းရေ လျှင်မြန်စွာ မြင့်တက်ခဲ့တာကြောင့် အဲ့ဒီချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေနစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတလျှောက်ရှိ ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ဥယျာဉ်စု၊ ခရေကုန်း၊ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “အိမ်တွေရေမြုပ်သွားပြီ။ ဘာမှ ယူချိန်မရလိုက်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်ဘေးကလွတ်အောင် ပြေးခဲ့ရတယ်။ ကျေးရွာတွေထဲ ပိတ်မိနေတဲ့သူတွေလည်း များတယ်။ အကူအညီ တောင်းခံတာတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက…

Read More

ရခိုင်မှာ မုန်တိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အထိအခိုက် အပျက်အစီးလည်း များခဲ့

မေ ၁၅ – ၂၀၂၃ SN (VOM) မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး မြို့နယ်အတွင်းက အထင်ကရနေရာတွေအပါအဝင် နေရာဒေသများစွာ အပျက်အစီး များပြားခဲ့တယ်လို့ သိရပါတယ်။ ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ မေလ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ပရဟိကျောင်းအပါအဝင် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်အတွင်းက အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်တော်တောင်က မဟာမုနိ အဆောက်အအုံတချို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေ၊ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေ ပျက်စီးမှု အလွန်များပြားခဲ့တယ်လို့ သိရပါတယ်။ “လက်ရှိမှာ…

Read More

ပုဂံ၊ ညောင်ဦးမြို့နယ်မှာ မိုးများပြီး သဗ္ဗညုဘုရားအပါ ဘုရား ၄ ဆူထိခိုက်မှုရှိခဲ့ပြီး ဘုရားအချို့မှာ ရေကြီးခဲ့

မေ ၁၅ – ၂၀၂၃ GG(VOM) ပုဂံ ညောင်ဦး ဒေသမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေကြီးပြီး ရှေးဟောင်းဘုရားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပုဂံ ရှေးဟောင်းဇုန်ထဲက ဓမ္မရာဇကဘုရားကြီးရင်ပြင်အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရားအရှေ့မုခ်အဝင်ချင် မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရားအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများဘုရားမုခ်ကပ် ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့ပြီး အနော်ရထာမင်း၊ နန်းတော်ရာအဆောင်(B)အတွင်း ရေကြီး ခြင်း၊အာနန္ဒာဘုရား ၊ စူဠာမဏိဘုရားဝန်း စတဲ့ ဘုရားအချို့မှာ ရေကြီးခဲ့တယ်လို့ သိရပါတယ် ။ နောက်ပြီး ညောင်ဦးမြို့နယ်၊ရွာသာကျေးရွာကဥာဏ်တော်အမြင့် ၇၀ ပေခန့်ရှိ ရွှေဘုံသာဘုရားရဲ့ သပိတ်မှော်ရစ်အထက်ပိုင်းမှစကာ ပြိုကျပြီး မြေခပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ ” တနေ့ကနဲ့ မနေ့ကမိုးကြောင့် ဘုရားအချို့မှာ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။ အခု ရေဝင်တဲ့ ဘုရားတွေက ရေတွေကိုစုပ်ထုတ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေဆက်လုပ်သွားမှာပါ “လို့ ပုဂံ‌ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရွာသွန်းခဲ့တဲ့…

Read More

ဆင်ဖြူကျွန်း ရေကြီးမှုမှာ သားအမိနှစ်ယောက် ရေစီးနဲ့မျောပြီး အမေ သေဆုံး၊သမီးဖြစ်သူပျောက်ဆုံးနေဆဲ

မေ ၁၅ – ၂၀၂၃ GG (VOM) မိုခါ မုန်တိုင်းကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမှာ ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ပြီး သား အမိနှစ်ယောက်ရေစီးနဲ့အတူမျှောပါက အမေဖြစ်သူသေဆုံးပြီး သမီးဖြစ်သူကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ရေစီးနဲ့အတူ မျောပါခဲ့သူတွေကတော့ ဆင်ဖြူကျွန်းမြို့ပေါ်၊ ပြည်စိုးကုန်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေးသန်း ဆိုသူနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” အဲ့ဒီနားက ဘုန်းကြီးကျောင်းကပြောတာတော့ ရေကတအား တက်လာတော့ သားအမိတွေ ပစ္စည်းတွေရွှေကြ သယ်ကြရင်းနဲ့ ရေစီးနဲ့မျှောသွားတယ်။သူတို့ကသားအမိနှစ်ယောက်ထဲနေတာ၊သားကလည်းအဝေးမှာအလုပ်လုပ်နေတာ။အမေက နဲ့သမီးက လက်ချင်း ချိတ်ထားရင်းကို မျှောသွားတာကိုလည်း မြင်လို့ ကယ်ကြပေမယ့် ရေစီးတ အားသန်တော့ မမှီလိုက်ကြဘူး။သူတို့တွေကလည်း အော်ကြပေမယ့် မကယ်လိုက် နိုင်ဘူးပေါ “လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ မနေ့ မေလ ၁၄ ရက်နေ့ ဆင်ဖြူကျွန်းမှာ ​ဖြစ်ပွားခဲ့တဲ့…

Read More

ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းကြောင့် လူ(၂)ဦးသေဆုံးပြီး လူနေအိမ်တွေအပါအဝင် အဆောက်အဦ(၂၀၀)ကျော် ပျက်စီးခဲ့

မေ၊ ၁၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် လူ(၂)ယောက်သေဆုံးကာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦ အလုံးရေ(၂၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံ သဘာဝဘေးကာကွယ် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် ဧရာဝတီတိုင်းထဲက မအူပင် ၊ ရေကြည် ၊ လပွတ္တာ ၊ မော်လမြိုင်ကျွန်း ၊ဖျာပုံ၊ဝါးခယ်မ ၊ ဟင်္သာတ ၊ ဘိုကလေး ၊ ဟိုင်းကြီးကျွန်း၊ မြောင်းမြ ၊ ငပုတော ၊ ကျိုက်လတ် ၊ကျောင်းကုန်း၊ ပုသိမ်၊ ပြင်စလူ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက လူနေအိမ်ခြေတွေ သာသနိက အဆောက်အဦးတွေ ၊ ရုံးတွေ ၊ စာသင်ကျောင်းတွေအပါအဝင် အဆောက်အဦ အလုံးရေ (၂၀၀)ကျော်ပါးပြိုပျက်စီးခဲ့ပြီးလူ(၂)ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ”လူနေအိမ်တွေက မုန်တိုင်း စဖြစ်ကတည်းကပြိုကျတဲ့ စာရင်းတွေပါ၊ မနေ့က မုန်တိုင်းစတိုက်တဲ့ နေ့ကတော့ ရေကြည်မြို့နယ်ဘက်က…

Read More

စစ်တွေမြို့အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေ

မေ ၁၄ – ၂၀၂၃ SN (VOM) စစ်တွေမြို့၊ မြစ်ကမ်းနားဖက် မိဇံရပ်ကွက်အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က စတင်ပြီး ပင်လယ်ဒီရေတွေ တက်နေတာဖြစ်ပြီး အမြင့် သုံးပေအထိ ရှိနေပြီဖြစ်ကာ အဲဒီရပ်ကွက်အတွင်းက ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ “လက်ရှိ အခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရလောက်တဲ့ အခြေအနေဖြစ်သွားပြီ။ အိမ်မှာ လူကြီးတွေချည်းပဲ ၃ ယောက်ကျန်ခဲ့တယ်။ လူကြီးတွေဆိုတော့ ရွှေ့ပြောင်းမယ်ပြောတာ ဘယ်လိုမှမပြောင်းကြဘူး၊ ပြောလို့မရဘူး။ ကျွန်မတို့အိမ်ကနှစ်ဆင့်၊ ကမ်းနားဘက်မှာ။ ရေက လှေကား ၄ ထစ်ကိုတက်သွားပြီ။ အိမ်အောက်နေဆိုရင် ရေက လူတစ်ရပ်စာပြည့်နေတာ။ နောက် လှေကားနှစ်ထစ်ဆိုရင် လူနေလို့မရတော့ဘူး။ အခုက လှေကားနှစ်ထစ်ပဲ…

Read More

မိုခါမုန်းတိုင်းရဲ့ သဘာဝဘေးဒဏ်ကြောင့် ဒီကနေ့ ၁ ရက်တည်းမှာ သေဆုံးသူ ၆ ဦးအထိရှိလာ

မေ ၁၄ -၂၀၂၃ SP(VOM) ဒီကနေ့ မေ ၁၄ ရက် မနက်အစောပိုင်း ၃ နာရီကစလို့ ညနေ ၄ နာရီအထိ နိုင်ငံနဲ့အဝှမ်း သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ယောက်အထိ ရှိသွားပြီလို့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၃ နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်းရပ်ကွက်မှာ မြေပြိုပြီး နေအိမ်ပေါ်ပိလို့ အိမ်ထဲမှာအိပ်ပျော်နေတဲ့ လင်မယား ၂ ယောက်သေတယ် ၊ နောက်ပြီး ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ သစ်ပင်လဲရာက ရဲတပ်ကြပ်ကြီး သန်းဝင်းဆိုသူ ပေါ်ပိလို့သေဆုံးတယ် ။ဒါ့အပြင် ဒီကနေ့…

Read More

မိုခါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်

မေ ၁၄ – ၂၀၂၃ SN (VOM) အားအလွန့်အလွန်ကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မေ ၁၄ ရက် (ဒီနေ့) မနက်ပိုင်းကစတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းနဲ့အတူ MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ MPT ဖုန်းလိုင်းနဲ့ အခြားလိုင်း အားလုံး ဖုန်းလိုင်းမိနေပေမယ့် လိုင်းတော့ ကောင်းမွန်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မနက် ၉ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်ကလည်း တစ်နာရီ…

Read More
VOM News

FREE
VIEW