မန္တလေး မဟာအောင်မြေမြို့နယ်မှာ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ပေးဖို့ သက်ဆိုင်ရာက အကြောင်းကြား

မန္တလေး၊ မတ် – ၂၂-၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ်ပေါက်လို့ ကျူးကျော်ဆိုပြီး မနက်ဖြန် မတ်လ ၂၃ ရက်မှာ ဖျက်ပေးရမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အုတ်ကျင်းရပ်ရှိ နေအိမ်တွေကို ဖျက်သိမ်းဖယ်ရှားပေးရန် လုပ်ဆောင်နေမှုအပေါ် ပြန်လည်စစ်ဆေးပြီး ဖြစ်သင့်သည့် အစီအမံများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များက လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ခုနေထိုင်သူတွေက…

Read More

ပြည်သူ့အသံ ကဏ္ဍ

သတင်းမှားတခုကို အများသိ​စေရန် VOMသို့ ​ပေးစာ​ဆိုပြီး VOM အယ်ဒီတာအဖွဲ့ထံ​ရောက်ရှိလာတာကို စိစစ်ပြီး ပြန်လည်တင်ပြ​ပေးလိုက်ပါတယ်။ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့၌ မူးယစ်ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်(၃၃)ဆိုင်ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က တရားဝင် ရောင်းချခွင့်ပြုသည်ဟု ပြည်ပသတင်းဌာနတခုက ​ဖေ​ဖော်ဝါရီ ၁၀ရက် ရက်စွဲနဲ့ ရေးသားဖော်ပြခဲ့တာ​တွေ့ရပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အ​နေနဲ့ ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်ခဲ့ရာမှာ သတင်း​ဖော်ပြချက်ဟာ လုံးဝ မှားယွင်း​ကြောင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သိက္ခာကျ​အောင် ဖန်တီး​ရေးသားတယ်လို့ ​ကောက်ချက်ချမိပါတယ်။ တရားမဝင်သတင်းဌာနများက ယခုလို မဟုတ်မမှန်သတင်းများကို (မဖော်ပြမှီ)၂၀၂၅၊ ဒီဇင်ဘာ(၁)ရက်မှ (၁၅)ရက်နေ့ထိ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူစည်ကားရာနေရာများ၊ ယာဥ်ရပ်နားကွင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်​တွေနဲ့ မြို့ပေါ်ရပ်ကွက်ကျေးရွာ​တွေမှာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆာင်ပြီး ရဲတပ်ဖွဲ့အသီးသီးက မိမိတို့ အနီးဝန်းကျင်တွင် စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါးအရောင်းဆိုင်များ ရှိလျှင် သို့မဟုတ် (ယခင်)က ရှိခဲ့ဖူးလျှင် သတင်းပေးရန်၊ သတင်းပေးခြင်းနှင့်စပ်လျဥ်း၍ သတင်းပေးသူကို လျှိုဝှက်ထားပြီး ဆုကြေးငွေကို…

Read More

ပြည်သူ့အသံ ကဏ္ဍ

ပင်းတယမှာ နှစ်လုံး သုံးလုံးဒိုင်​တွေ တရားဝင်စီးပွား​ရေးလိုလုပ်​နေ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ရှမ်းရပ်ကွက်တွင် ၂ လုံး ၃လုံးအား လိုင်းကြေးပေး၍ အကြီးအကျယ်ပေါ်တင်ပြုလုပ်နေပါတယ်။ သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး တရားဥပဒေမစိုးမိုးဘဲ ညောင်ရွှေမှ ဦးဘုန်းကြွယ်(ခ)ကိုငယ်မှ ရဲ၊ ​မြို့နယ်ထွေအုပ် ၊ ဒေသဦးစီးအဖွဲ့များအား လိုင်းကြေးအသီးသီးပေး၍ ရောင်းချနေပါကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် ​ပေးပို့ပါသည်။ ဒေသ အုပ်ချုပ်​ရေးအဖွဲ့ကလည်း လောင်းကစားများ၊ သစ်လမ်းကြောင်းများ၊ ကုန်သွယ်မှုလမ်းကြောင်းများ တရားဝင်သဖွယ်ခွင့်ပြုထားပါကြောင်း လုပ်ကိုင်​နေသူ​တွေဆီက သိရပါသည်။ ထိုကိစ္စ​တွေ​ကြောင့် ​ဒေသခံ​တွေပါ အလုပ်လက်​ကြောတင်း​အောင် မလုပ်ချင်​တော့ဘဲ ​လောင်းကစားပဲ အားစိုက်လုပ်​နေလို့ ဘဝ​တွေပျက်သူပျက်၊ ခိုးဆိုးလု​တွေတိုး​နေပါသည်။ ထို့​ကြောင့် သက်ဆိုင်ရာမှ အ​ရေးယူ​ပေးနိုင်ပါရန် VOM မှတဆင့် တင်ပြပါသည်။ ပင်းတယသား ပုံ ချဲစာရင်း ​ငွေစာရင်းလုပ်​နေပုံ

Read More

ပြည်သူ့အသံ ကဏ္ဍ

ကျွန်တော်တို့ ဆိုင်းတောင် ဝှေခါနဲ့အခြားမှော်တွေမှာ KIA မှ အတင်းအဓမ္မလူသစ်စုဆောင်းရေးအလွန်အကြူးဆွဲနေပါတယ် သတင်းဌာနအများစုက စစ်ကော်မရှင်ဖမ်းသည်ဟုဆိုသော်ငြားလည်း မြေပြင်မှာမဟုတ်ပါ ပြည်သူအများစုမှာကြောက်ရွံနေသော်လည်း ကျွန်တော်တို့မပြောရဲပါဘူး အမည်မသိလက်နက်ကိုင်ကလူတွေသတ်သွားတယ်ဆိုပြီးအသတ်ခံရသူမှာလည်းလူနှစ်ဆယ်ကျော်ရှိပါပြီ။ တရုတ်ဘုံကျောင်းက ၈တန်းအရွယ်ကလေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ငွေကျပ်သိန်း(၃၀) ပေးမှပြန်လွှတ်ပေးပါတယ် သက်သေလည်းရှိပါတယ်ဗျ သို့သော် အသက်အန္တရာယ်စိုးရိမ်စရာရှိတာကြောင့် ကျောင်းသားမိဘကထုတ်ပြောမှာမဟုတ်ပါဘူး အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေသည်ဖြစ်စေ အိမ်မှာနေသည်ဖြစ်စေ လမ်းပေါ်တွင်ဖြစ်စေ ကျွန်တော်တို့ဘ၀တွေကလုံခြုံမှုမရှိတော့ပါဘူး အချို့သောနီးစပ်ရာလူတွေကတော့ ကြိုရှောင်သွားကြပါတယ် ငွေပေးရင်ပြန်လွှတ်််တယ် အခြေခံလူတန်းစားအများစုက ပါသွားရင် မိဘတွေဆွေမျိုးတွေက ငိုနေရုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အတွက် ဒီဘက်ကပြည်သူတွေရဲ့ဘ၀ ကို ဖော်ပြပေးရန်အနူးအညွတ်တောင်းဆိုပါတယ်ဗျာ။ ဆိုင်း​တောင်​ဒေသခံ

Read More

လယ်​ဝေးမြို့နယ်မှာ သစ်​မှောင်ခို​တွေ တရားဝင်အလား လုပ်ကိုင်​နေခြင်းကို သက်ဆိုင်ရာသိ​စေရန်

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ တရားမဝင်ကျွန်းသစ်အရောင်းဝယ်ပြုလုပ်နေခြင်းနှင့် အဆိုပါတရားမဝင်ကျွန်းသစ်ဖြင့် ပြုလုပ်နေသော လယ်ဝေးမြို့ပေါ် ပရိဘောဂ ဆိုင်များနှင့် ပျဉ်းမနားမြို့ပေါ် ပရိဘောဂ ဆိုင်များအား နေပြည်တော်သစ်တောဦးစီးဌာနမှ အရေးယူခြင်းမရှိခြင်း။ (၁) လယ်ဝေးမြို့နယ် တောင်ဖီလာ၊အောင်နန်းချို ၊ ဘိလပ်မြေစက်ရုံ(max) ၊ အေးရှားဝေါကျောက်ခွဲစက်များ အနီးရှိကျွနိးသစ်များကို ဆိုင်ကယ်ဖြင့် သယ်ဆောင်ပြီး ရန်ကုန်-မန်းလေး လမ်းဟောင်းအတိုင်း မောင်းလာပြီး သာဝတ္တိလမ်းဆုံ (119 ဆီဆိုင်)အတိုင်း ဆိုင်ကယ်များဖြင့် မောင်းလာပြီး ဂူသပိတ်၊ သာစည် ၊ကြက်သွန်ခင်း ကျေးရွာများသို သွားရောက်ကာ ပွဲစားများထံ သွားရောက်ပြီး နေ့စဉ် မနက်အစော (သို့) ညပိုင်းတွင် တရားမဝင်ကျွန်းသစ်များ အရောင်းဝယ်နေ့စဉ် ပြုလုပ်နေကြပါသည်။ (၂) ရန်ကုန်- မန်းလေး အမြန်လမ်း ၁၉၃ မှ ဂုံးကျော်အောက်မှ တရားမဝင် ကျွန်းသစ်များ ကို ကား၊ဆိုင်ကယ်များဖြင့် အင်ပြင်သာ ဂိတ်အား လိုင်ကြေးပေးပြီး နေပြည်တော်…

Read More

ပြည်သူ့အသံ ကဏ္ဍ

ပျဥ်းမနားမြို့နယ်မှာ စစ်မှုထမ်းကိစ္စနဲ့ အလွဲသုံးစားနေခြင်း ပျဥ်းမနား မြို့နယ် တောင်သာ အုပ်စု တောင်သာ ရပ်ကွက်မှ အုပ်ချူပ်ရေးမှူး ဦးအောင်လွင်နှင့် ရာအိမ်မှူးများက စစ်မှူထမ်းမဲပေါက်သည့် လူများနေရာတွင် လူစားထိုးဝင်ရောက်ပေးမည်ဆိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း(50)ရရှိမည်ဖြစ်ပြီး (10)သိန်းအား အုပ်ချူပ်ရေးမှူး နှင့်အဖွဲ့အား ပွဲစားခ ပေးရမည်ဆိုကာ စည်းရုံးပါတယ်။ တောင်သာရပ်ကွက်မှ လူငယ် (3)ယောက်အား စစ်တပ်ထဲသို့ မရိုးသားသောနည်းများဖြင့် ပို့ဆောင်ခဲ့ပါသည်။ ထို့အပြင် စစ်မှူ့ထမ်းရန် ဒုတိယ အကြိမ်မဲနှိုက်ရာတွင် မဲပေါက်ထားသည့် လူနေရာတွင်လည်း လာဘ်ငွေများယူဆောင်ပြီး လူစားထိုးလဲလှယ်သည့် အလွဲသုံးစား လုပ်မှုများ ရှိနေပါ၍ စစ်မှုထမ်းဥပဒေ အား လက်တလုံးခြားအလွဲသုံးစားလုပ်နေသည့် တောင်သာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအားသက်ဆိုင်ရာမှ အရေးယူပေးပါရန် VOM မှ တဆင့် တင်ပြအပ်ပါသည်။ တောင်သာရပ်ကွက်သားတဦး ပျဥ်းမနားမြို့

Read More

VOM အယ်ဒီတာမှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများသိရှိစေရန်

ပြည်သူအသံကဏ္ဍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ပန်ဟတ်ကျေးရွာ ရှိ အထက မိုင်းကိုး ကျောင်းအုပ်ကြီးဒေါ်လှလှမိုးသည် ပညာရေးဋ္ဌာနမှခွင့်ပြုထားခြင်းမရှိသော ငွေကြေးကောက်ခံမှုကို ရေကြေးမီးကြေးဟုခေါင်းစဥ်တပ်ကာ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ထံမှ တစ်ဦးလျှင် ၁၀ ဘတ် ( မြန်မာငွေ ၁၃၀၀ ကျပ် ) ကို လစဥ်ကောက်ခံနေပါသည်။ ရေစက်ပျက်လျှင်လည်း ကလေးများထံကောက်ခံပြီးဝယ်ပါသည်။ ကလေးများထံမှငွေကြေးများလစဥ်ကောက်ခံနေသော်လည်း ကျားသုံးအိမ်သာများမှာ သုံး၍မရအောင်စုတ်ပြတ်နေပြီး ပြုပြင်ခြင်းမရှိပဲ ကလေးများ၏ကျန်းမာရေးနှင့် အရှက်တရားကိုလျစ်လျူရှုထားပြီး ၄င်းငွေရရှိရေးကိုသာရှေးရှုဆောင်ရွက်နေပါသည်။ ထို့ကြောင့် ကျွန်မတို့ အထက မိုင်းကိုးရှိ ကျောင်းသူကျောင်းသားများသည် အခမဲ့ပညာရေးစနစ်တွင် တာချီလိတ်မြို့ပေါ်ရှိ အခြားကျောင်းများမှ ကလေးများနည်းတူ တန်းတူအခွင့်အရေးရရှိပြီး စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကလေးများ အားမငဲ့ကွက်ပဲ ၄င်းရရှိရေးကိုသာ အမြဲလုံးပမ်းနေသော ကျောင်းအုပ်အား ထိရောက်စွာစစ်ဆေးအရေးယူပေးပါရန် Voice of Myanmar မှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများအား တင်ပြလိုက်ရပါသည်။…

Read More

မြိတ် – ထားဝယ်လမ်းပိုင်းမှာ စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားကားတွေ နေ့စဉ် ရာနဲ့ချီ ပိတ်‌မိနေ 

ဩဂုတ် ၇ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်းအတွင်းရှိ မြိတ် – ထားဝယ် လမ်းပိုင်းမှာ စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားကားတွေ နေ့စဉ် တနေကုန်နီးပါး ရာနဲ့ချီ ပိတ်‌မိနေတယ်လို့ ‌အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။ မြိတ် – ထားဝယ်လမ်းပိုင်းတလျှောက် အပါအဝင် ပုလောနဲ့ သရက်‌ချောင်းမြို့နယ်အစပ်မှာ ဩဂုတ် ၁ ရက်နေ့ကစလို့ နစကတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်းလိုကို ရှိနေတာ။ မြိတ်-ထားဝယ် ခရီးသွားတွေ နေ့တိုင်း ပိတ်မိနေတယ်။ စစ်တပ်ဘက်က လမ်းပိတ်ထားတာ။ တချို့ဆို အဲဒီလမ်းမှာ မနက်ကနေ ညနေအထိ အချိန် စုစုပေါင်း ရှစ်နာရီလောက် သောင်တင်နေတယ်။ အခြေအနေကြည့်ပြီး ကားတွေကို အကန့်အသတ်နဲ့ လွှတ်ပေးတာတော့ ရှိတယ်။ တချို့ဆို…

Read More

VOM ရဲ့ပြည်သူ့အသံကဏ္ဍကို ပေးပို့လာတဲ့ နေပြည်တော် ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းတွေ ဘဝ

ဝန်ထမ်းတွေမျက်နှာကိုကြည့်ပြီး သက်သာရာသက်သာကြောင်းအတွက် စဥ်းစားပေးကြပါရန် နေပြည်တော်ကို ရန်ကုန်မှ ပြောင်းရွှေလာကြတာ ၂၀၀၇ ခုနှစ်ကဆိုတော့ဆိုတော့ ခုဆိုရင်ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ စတင်ပြောင်းရွှေ့စဥ်က ရန်ကုန်ကမခွာချင်လို့အလုပ်ထွက်သူထွက်ကြ၊ အချို့လည်းဆန္ဒတွေပြုပြီးနေပြည်တော် အစိုးရရုံးစိုက်ရာနေရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ပြောင်းခါစမှာ မိသားစုတွေတကွဲတပြားမို့ နေပြည်တော်-ရန်ကုန်ယာဥ်လိုင်းတွေ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ယာဥ်စီးက ၄၅၀၀ ကျပ်သာပေးစီးရတာဖြစ်လို့ သောကြာလိုနေ့မျိုးတွေမှာ မြို့မစျေးကားဂိတ်ကနေ ရန်ကုန်ပြန်သူတွေ စည်ကားလို့ပေါ့။ နောက်တော့ နေပြည်တော်မှာဝန်ထမ်းတွေအတွက်အဆင့်မြင့်အိမ်ရာတွေ ဆောက်ပေးထားလို့ အခမဲ့နေထိုင်ခွင့်ရကြပါတယ်။ ရုံးသွား၊ရုံးပြန်ဖယ်ရီတွေစီစဥ်ပေးထားလို့ ကားခမကုန် အိမ်ငှားခမပေးရဘဲနေထိုင်ခွင့်ရခဲ့ကြပါတယ်။ နေအိမ်မှာနေကြရတဲ့ဝန်ထမ်းတွေအတွက် အခမဲ့ တစ်နှစ်နီးပါးလျှပ်စစ်မီးအခမဲ့၊ တီဗီပလပ်ထိုးကြည့်လို့ရအောင် အဲဒီခေတ်အစိုးရ(နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးကောင်စီ)က စီစဥ်ပေးထားခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်မှာ လစာနဲ့ အဆင်မပြေသူတွေ ကွမ်းယာ၊စားဖွယ်စုံတွေရောင်းချကြပါတယ်။ ဝန်ထမ်းရပ်ကွက်တစ်ခုမှာ စျေးတစ်စျေးစီရှိနေတာကြောင့်နေထိုင်ရတာအဆင်ပြေကြပါတယ်။ မြို့မစျေးလိုစျေးလိုနေရာမျိုးကို အလှည့်ကျရုံးဆင်းချိန်မှာပို့ပေးသလို၊အချို့ဝန်ကြီးဌာနတွေက ရုံးပိတ်ရက်တွေမှာ စျေးကားထွက်ပေူလို့ အဆင်ပြေခဲ့ပါတယ်။ ခုဆိုရင် အမှုထမ်းအိမ်ရာတွေဘက်မှာဝန်ထမ်းတွေဟာ မိမိတို့အိမ်ရာအနီးမှာ ယာယီဆိုင်လေးတွေဖွင့်ပြီး လ္ဘက်ရည် ၊ကွမ်းယာ ၊ရခိုင်မုန့်တီ၊ အသုတ်စုံဆိုင်လေးတွေဖွင့်ပြီးဝမ်းရေးအဆင်ပြေအောင်ဖန်တီးနေကြရပါတယ်။ အခုရက်ပိုင်းအမှုထမ်းအိမ်ရာတွေကို ဌာနအသီးသီးကဝန်ကြီးတွေ ၊ဒုဝန်ကြီးတွေနဲ့…

Read More

ရှမ်းမြောက်မှာ တိုက်ပွဲငြိမ်ပြီမို့ စစ်ရှောင်တွေပြန်လာဖို့ ထိမ်းချုပ်ထားတဲ့ အဖွဲ့တွေက ဖိအားပေးခေါ်ယူ

ဖေဖေါ်ဝါရီ ၅_၂၀၂၄ ShV(VOM)   ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော် ၊လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ TNLA တအာန်းအမျိုးသားလွတ်မြောက်ရေး ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို ထိမ်းချုပ်ထားပြီးဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြပြီးနောက်  ဟိုင်ဂင်သဘောတူညီချက်လို့ အမည်ရတဲ့ အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲတွေလည်း အတော်ကျဲသွားခဲ့ပြီဖြစ်ပါတယ်။     ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာတော့ ရှမ်းပြည်နယ် အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီဆိုပြီး MNDAA က သူတို့ထိမ်းချုပ်ဒေသက စတိုးဆိုင်၊ ကုမ္ပဏီနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကို တောင်းဆိုချက် ၉…

Read More
VOM News

FREE
VIEW