မြစ်ကြီးနား စက်တင်ဘာ ၁၆-၂၀၁၉ ရန်အောင်ထွန်း (VOM) တိုင်းရင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ကျင်းပတဲ့ သတ္တမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို မြစ်ကြီးနားမြို့ မနောဝင်း မဂျွယ်ခန်းမတွင် စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိကျင်းမှာဖြစ်ပါတယ်။ တိုင်းရင်းမီဒီယာမူဝါဒ အချောသတ်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသတွေက မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်ပမီဒီယာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကတော့ ပြည်နယ်ရဲ့ အလိုအပ်ဆုံး ငြိမ်းချမ်းရေး အမြန်ရဖို့ စတုတ္ထမဏ္ဍိုင်က ကျင့်ဝတ်နဲ့အညီ ရေးသားမယ်ဆိုရင် သတင်းသမားအတွက် ပြည်သူကအမြဲရပ်တည်နေမယ်လို့ ပြောခဲ့ပါတယ်။ တိုင်းရင်းမီဒီယာကနေ တိုင်းရင်းသားစာပေတိုးတက်ရေးအထိ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကပြောခဲ့ပါတယ်။ …
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
‘မီကို’ကော်ဖီမစ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ဆန္ဒပြ
မန္တလေး၊စက်တင်ဘာ၁၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲက’မီကို’ကော်ဖီမစ်စက်ရုံကနေ ၂၀၁၈ခုနှစ်ကမတရားအလုပ်ခံရတဲ့အလုပ်သမားခေါင်းဆောင်(၄)ဦး အလုပ်ပြန်လည်ရရှိရေးအတွက်အလုပ်သမားအဖွဲ့အစည်းတွေစုပေါင်းပြီးဒီကနေ့မနက်ပိုင်းကကနောင်မင်းသာကြီးလမ်း၆၄လမ်းနဲ့၆၅လမ်းကြားက’မီကို’ကော်ဖီမစ်စက်ရုံရှေ့မှာဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ မီကိုစက်ရုံက အလုပ်သမားတွေပါသလို တခြားအလုပ်သမားအဖွဲ့စည်းက အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #မီကိုကော်ဖီမစ် #အလုပ်သမားဆန္ဒပြ
Read Moreကိုယ်ဝန်ဆောင်စဉ်ကနေ ၂နှစ်ထိ ကလေးတွေကို ငွေကြေးထောက်ပံ့တော့မယ်
ပုသိမ်-စက်တင်ဘာ၁၄-၂၀၁၉ ကိုအောင်(VOM) ၂၀၂၀မှာ ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်စဉ်မှ အသက်၂နစ်ထိ ကလေးငယ်တွေကို ငွေကြေးထောက်ပံပေးဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။ နိင်ငံတော်ရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေပေါင်းစပ်ပီး ကိုယ်ဝန်ဆောင်စဉ်ကာလမှအသက်၂နစ်ထိ ရက်ပေါင်း၁၀၀၀အတွက်ထောကိပံပေးဖို့စီစဉ်နေတာလို့လည်းသိရပါတယ်။ ၂၀၁၈/၂၀၁၉ဘဏ္ဏာရေးနစ်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ချင်းပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ထောက်ပံ့ပေးနေပြီး ၂၀၂၀မှာဧရာဝတီတိုင်း နဲ့ရှမ်းပြည်နယ်ကို တိုးချဲ့ထောက်ပံ့ပေးဖို့စီစဉ်လိုက်တာလို့သိရပါတယ်။ ရက်ပေါင်း၁၀၀၀ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ၂၀၂၀ခုနှစ်မှာ ဧရာဝတီတိုင်းမှာ၂၄ဒသမ၆ဘီလီယံ ရှမ်းပြည်နယ်မှာ၂၄ဒသမ ၈ဘီလီယံလျာထားသတ်မှတ်ထားပီး တစ်ဦးလျှင် တစ်လတစ်သောင်းခွဲနူန်းအပြင် ကျန်းမာရေးနဲ့အာဟာရဆိုင်ရာမိသားစုစီမံကိန်းနဲ့လူမူရေးဆိုင်ရာ ပံ့ပိုးမူတွေပါဝင်တယ်လို့သိရပါတယ်။ #voiceofmyanmar #လူကယ်ပြန် #ကလေးငယ်ထောက်ပံ့ရေး
Read MoreKIA ထိန်းချုပ်နယ်မြေကလွဲလို့ မြစ်ကြီးနားခရိုင်အတွင်း အခြေခံမဲစာရင်းကောက်ယူပြီးစီး
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကောက်ယူမှု ဩဂုတ်လကစ ပြုလုပ်ခဲ့ရာ KIA ထိန်းချုပ်နယ်မြေတွေကလွဲလို့ အားလုံးစာရင်းကောက်ပြီးနေပြီလို့ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကပြောသည်။ လူဦးရေစာရင်း အားလုံးကောက်ထားတဲ့အထဲက အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို ကွန်ပျူတာစာရင်းသွင်းနေတာတွေကလည်း စက်တင်ဘာအကုန်တွင် ပြီးမည်သိရသည်။ မြစ်ကြီးနားခရိုင်အတွင်းမြို့နယ် ၆ ခုရှိရာမှာ KIA ထိန်းချုပ်နယ်မြေတွေကိုသာ ကောက်ယူဖို့ ကျန်ရှိတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံးအတွက် မဲစာရင်းကောက်ယူမရတဲ့ နေရာတွေကို အားလုံးတိတိကျကျ မပြောနိုင်ပေမယ့် အတက်နိုင်ဆုံး တိကျပြည့်စုံအောင် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကပြောပါတယ်။ လက်ရှိမြစ်ကြီးနားခရိုင်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ၄၄၄၅၉၄ ဦး ရှိပြီး အဲဒီအထဲက အသက်…
Read Moreဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ ကလေးငယ်ကို ဒီကနေ့ စစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၁- ၂၀၁၉ ကိုထွန်းနေပြည်တော် ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၁၀နာရီက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဗစ်တိုးရီးယားရဲ့အမှု ခြောက်ကြိမ်မြောက်ရုံးချိန်းစစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဓမ္မပြုကျင့်ခံရတဲ့ ၃နှစ်အရွယ် ကာယကံရှင် ကလေးငယ်ကို တရားသူကြီးက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့ ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။ ဒီကနေ့ တရားခွင် အခြေအနေတွေကို ဒက္ခိဏခရိုင်တရားရုံးကနေ သက်ဆိုင်သူတွေနဲ့ မေးမြန်းပြီး ကိုထွန်းက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill #ဒက္ခိဏခရိုင်တရားရုံး
Read Moreဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦးထဲက ၄ယောက်ထွက်ပေမယ့် အစီအစဉ်တိုင်းဆက်လုပ်မည်။
နေပြည်တော် စက်တင်ဘာ ၄-၂၀၁၉ ကိုထွန်း (VOM) ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာပါတဲ့ ကော်မတီတချို့ နုတ်ထွက်သွားတာနဲ့ပတ်သက်ပြီး ဒီကနေ့ကျင်းပတဲ့လွှတ်တော်မှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် အန်အယ်လ်ဒီပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို သတင်းမီဒီယာတွေက မေးမြန်းခဲ့ပါတယ်။ ဗီအိုအမ် ဝိုင်းတော်သား ကိုထွန်းက နေပြည်တော် လွှတ်တော်ထဲကနေ သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ #ဦးအောင်ကြည်ညွန့်
Read More၃ရက်မြောက် မန်းတက္ကသိုလ် ကျောင်းသားသပိတ် အင်အားပိုများလာ
မန္တလေး၊စက်တင်ဘာ ၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ Food Court (စားသောက်ဆိုင်တန်း) ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂ရက်နေ့ မနက်ပိုင်းကတည်းက တက္ကသိုလ်ပင်မဆောင်ရှေ့မှာ ကျောင်းသား ကျောင်းသူ ၇ဦးနဲ့ စတင်သပိတ်မှောက်ခဲ့ရာကနေ ဒီနေ့လက်ရှိအချိန်မှာတော့ ညီနောင်သမဂ္ဂကျောင်းသားအဖွဲ့ဝင်တွေနဲ့ မန္တလေးတက္ကသိုလ်ထဲက ကျောင်းသား/သူဦးရေ ၈၀ခန့်အထိ သပိတ်မှောက်ရာမှာ ပါဝင်တာကိုတွေ့ရပါတယ် ။ ဗီအိုအမ်ဝိုင်းတော်သား ကိုဟိန်းကိုက မန္တလေးတက္ကသိုလ်ထဲကနေ သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #မန္တလေးတက္ကသိုလ် #Food court #ကျောင်းသားသပိတ်
Read Moreပုသိမ် Myanmar Knitting အထည်ချုပ်စက်ရုံဆန္ဒပြခေါင်းဆောင် ၈ ဦး အရေးယူခံရ
ပုသိမ် စက်တင်ဘာ၂-၂၀၁၉ ကိုအောင် (VOM) ဒီနေ့နံနက်ပိုင်းမှာ ပုသိမ်စက်မူဇုံမှာရှိတဲ့ မြန်မာနစ်တင်း Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံက အလုပ်သမား၅၀၀ကျော်ဟာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲမှာအလုပ်သမားတွေဘက်က တောင်းဆိုချက်၄၅ချက်တောင်းဆိုဆန္ဒပြခဲ့ကြပေမယ့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးကနေ အလုပ်သမားအချင်းချင်း ကူညီရိုင်းပင်းရေးအဖွဲ့မှ ဒေါ်ခခနှင့် အလုပ်သမားခေါင်းဆောင်အမျိုးသမီး၎ဦး အမျိုးသား၃ဦး စုစုပေါင်း၈ဦး ကိုငြိမ်းစုစီပုဒ်မ ၁၉နဲ့အရေးယူခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆန္ဒပြ သူ စက်ရုံလုပ်သား၇ဦး နဲ့ ကူညီသူ ဒေါ်ခခတို့ကို ပုသိမ်မြို့မစခန်းမှာ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီ ပုဒ်မ၁၉ဖြင့်အမူဖွင့်ကာ ခေါ်ယူစစ်ဆေးနေပါတယ်။ စက်ရုံဘက်ကတော့ တာဝန်ရှိသူတွေအစည်းအဝေးလုပ်ဆုံးဖြတ်မှာဖြစ်ပြီး ဒီနေ့အစည်းအဝေးပြုလုပ်နေတာကြောင့် ဆုံးဖြတ်ချက်ကိုလည်း သတင်းထုတ်ပြန်ပေးမယ်လို့သိရပါတယ်။ #voiceofmyanmar #ပုသိမ် # Myanmar Knitting #အလုပ်သမားဆန္ဒပြ
Read Moreမန္တလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ Food Court ဆောက်တဲ့ကိစ္စ ကျောင်းသား သမဂ္ဂတွေဆန္ဒပြ
မန္တလေး၊ စက်တင်ဘာ ၂ – ၂၀၁၉ ဖြူဖြူ (VOM) မန္တလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ Food Court ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းမရှိသလို ပညာရေးဝန်ကြီးဋ္ဌာနနဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်လို့ဆိုပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်မနက်ပိုင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့ကနေ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် Food Court ဆောက်လုပ်ဖို့ အစည်းအဝေးတွေ လုပ်ဆောင်ရာမှာလည်း စီမံခန့်ခွဲရေးအပိုင်းမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေကို ပွင့်လင်းမြင်သာချပြတာမရှိဘဲ သမဂ္ဂတွေရဲ့ လက်မှတ်တွေ အတုအယောင်လုပ်ပြီး သဘောတူညီခဲ့တာကိုလည်း ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂတွေအနေနဲ့ အခုလို သပိတ်မှောက် ဆန္ဒပြ မလုပ်ဆောင်ခင်မှာ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က နိုင်ငံတော် အတိုင်ပင်ခံရုံး၊…
Read Moreသြဂုတ် ၃၁ ညက လှုပ်တဲ့ ငလျင်ကြောင့် ဘာတွေပျက်စီးခဲ့သလဲ
စက်တင်ဘာ ၁ -၂၀၁၉ တင်ဆက်-စောပြည့်ချမ်းသာ(VOM) ရိုက်ကူး-ရှိုင်းအောင်(VOM) မနေ့ည သြဂုတ် လ ၃၁ ရက်နေ့ မြန်မာ့စံတော်ချိန် ၉ နာရီ ၄၀ မိနစ်အချိန်က အင်အား ၆.၀ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရွှေဘို၊ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ စေတီပေါင်း ၁၀၀ကျော် ပျက်စီးမှုရှိခဲ့ပါတယ်။ ခင်ဦးတစ်မြို့နယ်တစ်ခုလုံးမှာတော့ စေတီပေါင်း ၃၆ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ကျောင်း၊ ဗလီဘုရားကျောင်း ၁ကျောင်း ၊ လူနေအိမ်အဆောက်အဦး ၅ လုံး ၊ ကျေးရွာအုပ်ချူ ပ်ရေးမှူးရုံး ၁ ရုံး စာသင်ကျောင်း ၈ကျောင်းရှိ နံရံနဲ့ အုတ်တံတိုင်းများပြိုကျပျက်စီးခဲ့ပြီး နောက်ထက်ပျက်စီးမှုတွေ စာရင်းစုဆောင်းနေဆဲဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့ ဒေသတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ Voice Of Myanmar သတင်းထောက် ရှိုင်းအောင်ရိုက်ကူးပေးပြီး စောပြည့်ချမ်းသာက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ငလျင်…
Read More