မြစ်ကြီးနား မေ ၁၁-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်ကမြစ်ကြီးနားမြို့ကို မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ လူသားချင်း စာနာမှု အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ပါဝင်တဲ့ အဖွဲ့ဟာ မိုင်းနားကျေးရွာနှင့် ငွေပျော်စံပြကျေးရွာက စစ်ရှောင်စခန်းတွေဆီ ကွင်းဆင်းမယ်လို့ သိရပါတယ်။ လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးအနေနဲ့ မေလ ၉ ရက်ကနေ ၁၅ ရက် အထိ ရန်ကုန်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။ #voiceofmyanmar #ကချင်ပြည်နယ် #UN # ကုလသမဂ္ဂ # လက်ထောက်အထွေထွေအတွင်းရေးမှူး #ကချင်စစ်ရှောင်စခန်း
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ) စတင်ဖွင့်လှစ်
မန္တလေး၊ မေ ၁၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(မန္တလေးရုံးခွဲ) ကို ဒီကနေ့ မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်လှစ်တဲ့ မနက်ပိုင်းမှာပဲ မန္တလေးတောင်ခြေ အာရုံခံဥယျာဉ်က ဈေးသည်(၂)ဦးက လာရောက်တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မန္တလေး #အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ရုံးခွဲ)ဖွင့်#
Read Moreစစ်ကိုင်းက ဆွမ်းဦးပုညရှင်စေတီမှာ မှန်သားရင်ပြင် တိုးချဲ့မယ်
စစ်ကိုင်း မေ ၁၀-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။ စေတီတော်ရဲ့ အရှေ့ဘက် ရင်ပြင်တော်နဲ့ အနောက်ဘက် ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ရန်အတွက် ဒီလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နိုင်ငံက ပညာရှင်တွေနဲ့အတူ လာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေ ပြုလုပ်သွားတယ်လို့ ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။ #voiceofmyanmar #စစ်ကိုင်း #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင်
Read Moreဒေသခံတွေက တစ်သျှူးငှက်ပျောစိုက်ပျိုးမှုဟာ အန္တရယ်ရှိတယ်လို့ ဆိုကြပေမယ့် ပိတ်ပစ်ဖို့မရှိဘူးလို့ ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီးပြော
မြစ်ကြီးနား မေ ၆-၂၀၁၉ ရန်အောင်ထွန်း ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ပိတ်ပစ်ဖို့ ဒေသခံအများစု တောင်းဆိုနေပေမယ့် ပိတ်ပစ်လိုက်ဖို့ စိတ်ကူးမရှိဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးက ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်းက တစ်သျှူးငှက်ပျောစိုက်ခင်းရှိရာ ဒေသတွေမှာ တစ်သျှူးငှက်ပျော စိုက်ခင်းသုံး မြေသြဇာစားမိလို့ ဒေသခံတွေရဲ့ ကျွဲ နွားသေဆုံးမှုတွေ ၊ ငှက်ပျောခြံအတွင်း ကျွဲ နွား တိရစ္ဆာန် ၀င်တဲ့အခါမှာ နစ်နာကြေးတောင်းမှုတွေ စတဲ့ဖြစ်ရပ်တွေကြောင့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုပိတ်ပေးဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဆီ တောင်းဆိုချင်တာလို့ လမြန်ကျေးရွာက တောင်သူ ဒေါ်ခေါန်ယမ်းက ပြောပါတယ်။ ယခင်အစိုးရလက်ထက်ကတည်းက တစ်သျှူးငှက်ပျော တရားမ၀င် စိုက်ပျိုးခွင့် ပေးခဲ့တာ၊ နယ်မြေစိုးမိုးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတာ အစရှိတဲ့အချက်တွေကြောင့် လက်ရှိအစိုးရအနေနဲ့ အရေးယူလို့ မရဘူးလို့ ကချင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်…
Read Moreကန့်ဘလူမြို့နယ် ဘူးကုန်းကတောင်သူတွေ သူတို့မြေတွေပြန်ရရေး မုံရွာမြို့ပေါ်တက် ဆန္ဒပြ
မုံရွာ မေ ၆-၂၀၁၉ ရန်နိုင်စိုး (VOM) စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာက တောင်သူတွေဟာ ပြောင်းစိုက်ခင်းစီမံကိန်းနဲ့ပတ်သတ်ပြီး သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ မေလ ၆ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါ လယ်ယာမြေတွေကို ၁၉၈၀ ခုနှစ်က မြန်မာ့စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းမြေအဖြစ် နှစ် ၃၀ စာချုပ်နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ၄င်းတို့ရဲ့ လယ်ယာမြေတွေကို ပြန်လည်လိုချင်ကြတာပါ။ သိမ်းဆည်းခံရစဉ်က လယ်ယာမြေဧက ၅၀၀၀ ကျော်ရှိရာစီမံကိန်းမအောင်မြင်ရာမှာတော့ တပ်မတော်ကို ဧက ၃၀၀၀ ခွဲပေးခဲ့ပြီး ကျန် ၂၀၀၀ ကျော်ကို ယခုအချိန်ထိ မူလတောင်သူတွေထံ မအပ်နှံပဲ အဆင့်ဆင့်သီးစားချလျှက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လယ်ယာမြေပြန်လည်ပေးအပ်ဖို့တောင်းဆိုတဲ့ တောင်သူ…
Read Moreစစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်
မင်းကွန်း မေ ၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။ သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့ …
Read Moreအလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြတောင်းဆို
မန္တလေး၊ မေ ၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်မှာ မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့မှ အလုပ်သမား ၂၀၀ခန့် စုပေါင်းပြီး အလုပ်သမားရေးကိစ္စတွေမှာ အစိုးရနဲ့လွတ်တော်က အလေးထားဆောင်ရွက်ပေးဖို့အတွက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လမ်းလျှောက်ဆန္ဒပြတာကို ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်း နဲ့ လမ်း ၆၀ထောင့်က မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ စတင်စုဝေးလမ်းလျှောက်ပြီး ၊ ဗန္ဓုလလမ်းမှ လမ်း ၆၀ ထောင့်၊ ၆၂လမ်း မှ ၆၂လမ်းအတိုင်း ဖိုးရာဇာလမ်းထိ စက်မှုဇုန်ကနောင်ခန်းမရှေ့ထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #voiceofmyanmar #မေဒေး #အလုပ်သမားနေ့ #အလုပ်သမားအခွင့်အရေး
Read Moreလက်ပံတောင်းပြဿနာပြေလည်ဖို့ ဒေသခံတွေနဲ့ တိုင်းအစိုးရဆွေးနွေး
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ဒေသခံတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဧပြီလ ၂၉ ရက်နေ့က နယ်လုံဝန်ကြီး ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ဒေသခံတောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတောင်သူတွေရဲ့ ဆွေးနွေးချက်ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ဝမ်ပေါင်ကုမ္မဏီကို ပေးပို့ညှိနှိုင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ဒေသခံတွေဘက်က တောင်သူ ၉ ဦးပါဝင်ပြီး တိုင်းအစိုးရအဖွဲ့ဘက်မှာတော့ နယ်လုံဝန်ကြီး၊ လယ်ဆည်ဝန်ကြီး၊ စည်ပင်ဝန်ကြီး နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ပါဝင်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သတ်ပြီး ယခင်ကတည်းက ဒေသခံတွေနဲ့ အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပေမည့် ယခုချိန်ထိ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတွေ ပါဝင်ခြင်းမရှိသေးပါဘူး။ ဒေသခံတွေဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကိုလာရောက်စဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါဝင် ဝမ်ပေါင်ဘက်မှ တာဝန်ရှိသူတွေကို တွေ့ဆုံပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ယခုပြုလုပ်တဲ့ ဆွေးနွေးပွဲခန်းအတွင်းကိုတော့…
Read Moreလီဆူနှင့် ရှမ်းလူမျိုးများကို KIA/KIO အဖွဲ့က ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းစာရှင်းလင်း
မြစ်ကြီးနား ဧပြီ ၃၀-၂၀၁၉ VOM ကေအိုင်အေ/ကေအိုင်အိုအဖွဲ့အနေနဲ့ လီဆူမျိုးနွယ်နဲ့ ရှမ်းမျိုးနွယ်စုတွေအပေါ်မှာ နှိပ်စက်ညှင်းပန်းမှုတွေပြုလုပ် နေကြောင်းနဲ့ အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို လီဆူအမျိုးသားဖွံ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ Cartal Hotel မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ KIO/KIA အနေနဲ့ လီဆူနှင့် ရှမ်းလူမျိုးတွေကို ညှင်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့လူတွေ အသက်ရှင်လျှက်ရှိနေသေးရင် ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို အဓိကထားပြီး ပြောကြားခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ ကချင်လွတ်မြောက် ရေးတပ်မတော်ဆီကနေ အချက်လေးချက်တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲကနေ ကချင်လွတ်မြောက်ရေးတပ်တော် KIA/KIO အဖွဲ့ကို စွပ်စွဲထားတာတွေဟာ လုံလောက်တဲ့ အထောက်အထားတွေရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…
Read Moreမြောက်ဦးက သံသယနဲ့ဖမ်းဆီးခံနေရသူတွေသေဆုံးမှု သံသယဖြစ်နေ
စစ်တွေ၊ ဧပြီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ် လက္ကာကျေးရွာက သံသယနဲ့ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၇ ဦးတို့ထဲက စစ်ကြောရေးကာ လအတွင်းမှာ သေဆုံးသွားသူ ၃ ဦးရှိခဲ့ပြီး အဲ့ဒီလူတွေသေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တပ်မတော်နဲ့ အစိုးရတို့ဘက်က မိသားစုတွေကို အလောင်းအပ်နှံခဲ့ခြင်းမရှိခဲ့သလို အကြောင်းကြားခဲ့ခြင်းလည်း မရှိခဲ့တဲ့အတွက် သံသယဖြစ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူတွေဟာ ဘာကြောင့်သေဆုံးသွားတယ်၊ ရုပ်အလောင်းတွေကို ဘာတွေလုပ်ပစ်တယ်၊ ကျန်ရှိနေသူတွေကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ မိသားစုတွေနဲ့ တွေ့ခွင့်ရရှိရေးတို့အတွက် ဧပြီလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့တွေ့ဆုံပြီး ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရဖွဲ့ကတော့ သေဆုံးသူ ၃ ဦးမှာ တစ်ဦးက နှလုံးရောဂါနဲ့သေဆုံးသွားတာဖြစ်ကြောင်း၊ တစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြောင်းနဲ့ နောက်ထပ်တစ်ဦးမှာ ဆေးစွဲနေသူဖြစ်တဲ့အတွက် ဆေးပြတ်သေဆုံးခဲ့ရတာဖြစ်တယ်လို့…
Read More