ဧပြီလ ၁၇ ရက် -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ကမ်းနားလမ်းမှာရှိတဲ့ ခေတ္တရာဧရာပန်းခြံနောက်က ဧရာဝတီမြစ်မှာ ရေဆင်းချိုးတဲ့ အမျိုးသမီးငယ်သုံးဦး ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်အတက်နေ့မနက် ၁၀ နာရီခန့်ကရေနစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအခြေအနေထိ အလောင်းအားရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်းသိရပါတယ် ။ ” မနက်ကျွန်တော် ၁၀ နာရီလောက်ကကြားတော့ ကျွန်တော်ချက်ချင်းရောက်လာတယ်ဗျာ့ မြတ်စေတနာပရဟိတ သူရိန်ကျော်စိုးဝင်း ရေယာဉ်အုပ်စုက ရေယာဉ်မှူးနဲ့အပေါင်းအပါတွေ ကျွန်တော်တို့အတိုင်းအတာတစ်ခုထိပေါ့ နောက်ပြီးတော့ဗဟိုမီးသတ်က ကယ်ဆယ်ရေးအဖွဲ့တွေနှစ်ချက်ထိုးလောက်ထိကြိုးစားပမ်းစားရှာပေးတယ်ဗျာ့ အဲ့ဒီ့အချိန်ထိပိုင်ရှင်မသိရဘူး ” ဟု ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကဟြေပါတယ် ။ မိန်းကလေးငယ်သုံးဦးသည် ပြည်မြို့ သံန္ဒေပင်ရပ်မှာနေထိုင်သူ သုံးဦးဖြစ်ကြောင်းသိရပါတယ် ။ ကမ်းစပ်တွင်ရေမကူးခင်ထားခဲ့သော အမျိုးသမီးစီးဖိနပ်သုံးရံ ၊ အမျိုးသမီးဝတ်အင်္ကျီတစ်ထည်နဲ့ အိတ်နှစ်လုံးတွေ့ရှိခဲ့ပြီး ရဲသက်သေအဖြစ်သိမ်းယူသွားခဲ့ကြောင်းသိရပါတယ် ။ အလားတူ သင်္ကြန်အတက်နေ့ နေ့လည်…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ပြည်မြို့က သင်္ကြန်အကျနေ့ ပျော်နေကြသူများ
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာဆင်နွဲနေကြစဉ်
Read Moreအော်တစ်ဇင် ကလေးငယ်တွေရဲ့သင်္ကြန်
ပြည် ဧပြီ ၁၂-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းအနောက်ပြည်မြို့မှာ အထူးပြုစုစောင့်ရှောက် လေ့ကျင့်မှုလိုအပ်နေတဲ့ အော်တစ်ဇင်ကလေးငယ်များရဲ့သင်္ကြန်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဧပြီ၁၂ရက် ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။ ခေတ္တရာမြေဖောင်ဒေးရှင်းရဲ့ ပြည်မြို့ ရွာဘဲရပ်မှာရှိတဲ့ အော်တစ်ဇင်ကလေးငယ်များရဲ့ ကျောင်းဝန်းအတွင်းမှာ စတုဒီသာကျွေးမွေးခြင်းနဲ့အတူ ကလေးငယ်များက သင်္ကြန်အကများနဲ့လည်း ကပြဖျော်ဖြေခဲ့ကြပြီး ရေပက်ကစားခဲ့ကြပါတယ်။ “ဧပြီလ၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ကာ့အော်တစ်ဇင်နေ့ အထိမ်းအမှတ်နဲ့ အတာသင်္ကြန်ပွဲတော်ကို နှစ်ပွဲပေါင်းပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ သူတို့အတွက်က အပြင်လောကမှာသူတို့ဝင်ပြီး ပါဝင်ပျော်ရွှင်နိုင်ဖို့ နေရာတွေက အရမ်းနည်းတယ် အဲဒါကြောင့် သူတို့အတွက် ပျော်ပွဲရွှင်ပွဲလေးတွေ တတ်နိုင်သမျှ ကျင်းပပေးတာပါ သူတို့ရဲ့ စွမ်းဆောင်ရည်တိုးတက်မှု့တွေကိုလည်းထုတ်ဖေါ်ပေးတာပါ” လို့ ခေတ္တရာမြေ ဖောင်ဒေးရှင်း အက်ဒမင်ဒေါ်မေသီဟန် ကပြောပြပါတယ်။ ဒီပွဲကို တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ မြေလတ်ဂျာနယ်လစ်ကွန်ယက်က သတင်းစာဆရာများ ဆေးရုံအုပ်ကြီးနဲ့ ကျောင်းသားမိဘများ အရပ်ဘက်အဖွဲ့အစည်းများနဲ့ စိတ်ပါဝင်စားသူများပျော်ရွှင်စွာတက်ရောက်ခဲ့ကြပါတယ်။ “အဓိကကတော့ ကလေးတွေအတွက်…
Read MoreNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၃)
မကြာခင်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာမို့ ဒီခရီးစဉ်မှာ တရုတ်မြန်မာ ဘယ်လိုစီမံကိန်းတွေ ဘယ်လိုသဘောတူညီမှုတွေ လုပ်နိုင်သလဲ? မြစ်ဆုံစီမံကိန်းအပေါ် ဘယ်လိုသဘောထားတွေရှိမလဲဆိုတာနဲ့ နိုင်ငံခြားရေးရာမူဝါဒကိစ္စတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက် #မြစ်ဆုံစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #တရုတ်ခရီးစဉ် #နိုင်ငံခြားရေးမူဝါဒ
Read Moreစစ်ကိုင်းမြို့ သင်္ကြန်ကာလမှာ မှုခင်းမဖြစ်ပွားရေး ရဲတပ်ဖွဲ့ပြင်ဆင်
စစ်ကိုင်း၊ ဧပြီ ၁၁-၂၀ စောပြည့်ချမ်းသာ(VOM) မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလမှာ စစ်ကိုင်းမြို့ အတွင်း မှုခင်းမဖြစ်ပွားရေး အတွက် အသိပညာပေးလှုပ်ရှားမှုတရပ်အနေနဲ့ ရဲတပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ #voiceofmyanmar #စစ်ကိုင်းရဲတပ်ဖွဲ့ #သင်္ကြန်
Read Moreစစ်ပွဲတွေရပ်စဲပေးဖို့နဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ကြဖို့ လူမှုအဖွဲ့အစည်းတွေတိုက်တွန်း
စစ်တွေ၊ ဧပြီ ၁၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်ကြဖို့အတွက် မနေ့ ဧပြီလ ၁၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို လူမှုအဖွဲ့အစည်း တွေက တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစီရင်ခံစာတစောင်ကို အစိုးရကိုတင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ပွဲတွေရပ် #ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ
Read Moreစစ်ကိုင်းမြို့မှာ သိမ်းဆည်းရမိသော အသံဆူညံတဲ့ အိပ်ဇောပိုက် တွေကို ဖျက်ဆီး
စစ်ကိုင်း ဧပြီ ၁၀-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ သိမ်းဆည်း ရမိခဲ့တဲ့ အသံဆူညံတဲ အိပ်ဇောပိုက် ၃၅၀ ကို ဒီနေ့ မနက်ပိုင်း အချိန်က စစ်ကိုင်းမြို့တော်ခန်းမ ရှေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ အမှတ် (၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)ကနေ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လက်ရှိ အချိန်အထိ သိမ်းဆည်း ရမိခဲ့တဲ့ အသံဆူညံစေတဲ့ အိပ်ဇောပိုက် ၃၅၀ ခုကို လမ်းကြိတ်စက်နဲ့ဖျက်ဆီး ခဲ့တယ်လို့ အမှတ် (၁၀၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း) က ဒုတိယရဲမှူး ဝင်းကိုကို ကပြောပါတယ်။ #voiceofmyanmar #စစ်ကိုင်း #ဆူညံအိတ်ဇော #ပါဝါအိတ်ဇော
Read MoreNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၂)
NLD ပါတီအာဏာရတာ ၃ နှစ်ကျော်လာခဲ့ပြီမို့ ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ ကတိကဝတ်တွေ ဘယ်လောက် အကောင်အထည်ဖေါ်နိုင်ခဲ့ပြီလဲ ? လွှတ်တော်၊ အစိုးရ နဲ့ ပါတီ တို့ရဲ့ လုပ်ရပ်တွေ ဟန်ချက်ညီရဲ့လား ဆိုတာတွေအပါအဝင် ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက်
Read MoreNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၁)
တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အရေးယူပြီးနောက် ဒီအမှုတွဲမှာ ပတ်သက်နေတယ်လို့ တိုင်ခံရသူတွေကို အရေးယူဖို့ရှိသေးလား ဆိုတာတွေ အပါအ၀င် ပါတီတွင်း စည်းကမ်းထိမ်းသိမ်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့်
Read Moreပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ပက်သတ်ပြီး သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲပြုလုပ်
ဧပြီ ၈-၂၀၁၆ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုထူထောင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒါနဲ့ပက်သတ်ပြီး ပါတီရဲ့မူဝါဒနဲ့ရပ်တည်ချက်တွေကို သူရဦးရွှေမန်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆို ခဲ့ပါတယ်။ ရိုက်ကူး – ကိုထွန်း(VOM)
Read More