စစ်တွေ၊ ဧပြီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံကျေးရွာအများအပြားက ကျေးရွာသား နှစ်သောင်းကျော်တို့ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတော့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး အခုလိုမျိုး ပြဿနာဖြစ်ပွာနေတဲ့ ဒေသတွေကို ကပ်ဘိနပ်အဖွဲ့ဝင်တွေ သွားရောက်လေ့လာမှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို မသိတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြသူ ၁၅၀၀ လောက်ရှိနေပြီးတော့ အဲ့ဒီလူတွေဟာ ကျေးရွာတွေကို တိုက်ခိုက်ပစ်ခတ်ခံရတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့အခက်အခဲတွေကို လစ်လျူရှုနေတဲ့ အစိုးရကိုတင်ပြတောင်းဆိုစရာမရှိဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဆိုင်ကယ်စီးနင်းသူတွေ ပြည်မြို့ကိုရောက်ရှိ
ဧပြီ ၅-၂၀၁၉ လမင်း(VOM) ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် မိုင်ပေါင်းနှစ်ထောင်ကျော် ဆိုင်ကယ်စီးနင်းသူတွေ ပြည်မြို့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ #voiceofmyanmar #ပြည်မြို့ #ငြိမ်းချမ်းရေးခရီးစဉ် #Biker
Read Moreမင်္ဂလာဈေး မီးလောင်မှု (၃)နှစ်ပြည့်သွားပေမယ့် တိကျတဲ့အဖြေတစ်ခု မှ မထွက်သေး
မန္တလေး၊ ဧပြီ ၅-၂၀၁၉ ဟိန်းကို(VOM) မီးဘေးသင့် မင်္ဂလာဈေးကြီး (၃)နှစ်ပြည့်သွားပေမယ့် မြို့တော်စည်ပင်ကနေ ဈေးဆောက်မယ်ဆိုပြီးချပြခဲ့တဲ့ ပုံစံက အရင်က ကတိက၀တ်ပြုထားတာတွေနဲ့ ကွဲလွဲနေတာတွေကြောင့် ဈေးသူဈေးသားအချို့က ဒီကနေ့ နေ့လည်ပိုင်းက မန္တလေး ကွန်မြူနတီစင်တာ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မင်္ဂလာဈေး #မီးလောင်
Read Moreမင်္ဂလာဈေး မီးလောင်မှု (၃)နှစ်ပြည့်သွားသော်လည်း တိကျတဲ့အဖြေတစ်ခု မှ မထွက်သေး
မန္တလေး၊ ဧပြီ ၅-၂၀၁၉ ဟိန်းကို(VOM) မီးဘေးသင့် မင်္ဂလာဈေးကြီး (၃)နှစ်ပြည့်သွားပေမယ့် မြို့တော်စည်ပင်ကနေ ဈေးဆောက်မယ်ဆိုပြီးချပြခဲ့တဲ့ ပုံစံက ယခင်က ကတိက၀တ်ပြုထားတာတွေနဲ့ ကွဲလွဲနေတာတွေကြောင့် ဈေးသူဈေးသားအချို့က ဂီကနေ့ နေ့လည်ပိုင်းက မန္တလေး ကွန်မြူနတီစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #မင်္ဂလာဈေး #မီးလောင်
Read Moreမတ်လ ၁၈ ရက်နေ့ မြောက်ဦးမြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ သတင်းစာရှင်းလင်း
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဟာ မတ်လ ၂၁ ရက်နေ့ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #ပစ်ခတ်
Read Moreအခုနှစ်စစ်ကိုင်းသင်္ကြန်ကိုလမ်းလျှောက်သင်္ကြန်မဟုတ်တော့ဘဲ အရင်နှစ်အစီအစဉ်အတိုင်းသာကျင်းပသွားမယ်
စစ်ကိုင်း မတ် ၂၂-၂၀၁၉ အခုနှစ် စစ်ကိုင်းမှာ ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် လမ်းလျှောက်သင်္ကြန်ကိုထည့်သွင်းကျင်းပသွားတော့မှာမဟုတ်ဘူးလို့  စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။ ရိုက်ကူး-စောပြည့်ချမ်းသာ #voiceofmyanmar #သင်္ကြန် #စစ်ကိုင်းသင်္ကြန် #ကမ်းနားလမ်း
Read Moreရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း) ကိုနိုင်ရဲဝေ အမရပူရရဲစခန်းကို လာရောက်အဖမ်းခံ
မန္တလေး၊ မတ် ၂၁-၂၀၁၉ ဟိန်းကို(VOM) ဒီဇင်ဘာ(၂၈)ရက်နေ့က ရတနာပုံတက္ကသိုလ်ကျောင်းရှေ့မှာ မန္တလေးတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေကို အသုဘချသည့် သရုပ်ပြမှုပြုလုပ်ခဲ့တဲ့နေရာမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း) ကိုနိုင်ရဲဝေ ပါဝင်ပက်သက်ခဲ့တဲ့လို့ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားရာ ဒီကနေ့ ညနေ့ပိုင်းက အမရပူရရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အမရပူရရဲစခန်း က နိုင်ရဲဝေကို ပ/၇၂၂ ၂၀၁၈ငြိမ်းစုစီပုဒ်မ ၁၉/ကျင့် ၅၁၂ နဲ့ တရားစွဲဆိုပြီး မနက်ဖြန်မနက် မတ်လ၂၂ရက်နေ့မှာ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။ ဒီအမှုမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်(၇)ဦးကို ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်းက အမရပူရမြို့နယ်တရားရုံးကနေ ပုဒ်မ ၄၃၅ ဖြင့် ထောင်ဒဏ်(၃)လ၊ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်(၂)လ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ #voiceofmyanmar #ရတနာပုံကျောင်းသား #နိုင်ရဲဝေ
Read Moreနေရပ်ပြန်ဖို့ အသက်အိုးအိမ် လုံခြုံမှုမရှိသလို ကယ်ဆယ်ရေးစခန်းတွေမှာလည်း ရေရှည်နေထိုင်ဖို့မဖြစ်နိုင်တဲ့ ရခိုင်စစ်ဘေးရှောင်တွေဘဝ
မြောက်ဦး၊ မတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက နေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကိုပြန်ချင်နေကြပေမယ့် ပစ်ခတ်မှုတွေရှိနေတဲ့အတွက် အသက်အိုးအိမ်လုံခြုံမှုမရှိသလို လက်ရှိနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရေရှည်နေထိုင်ဖို့မဖြစ်နိုင်ကြောင်းနဲ့ တည်ငြိမ်အေးချမ်းမှုရရှိဖို့ လိုအပ်တယ်လို့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်တွေကပြောပါတယ်။ ခိုင်လင်းစံ ရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်စစ်ဘေးရှောင် #မြောက်ဦး
Read More၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံအင်အားပြတဲ့ပွဲ ပခုက္ကူမြို့မှာပြုလုပ်
မတ် ၁၂ -၂၀၁၉ ဗိုလ်ချုပ်ပန်းခြံကနေစတင်ပြီး ခရိုင်အားကစားကွင်းမှာ လူထုဟောပြောပွဲလုပ်ခဲ့ပါတယ်။ #voiceofmyanmar #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ခြေဥပြင်ဆင်ရေး #ထောက်ခံပွဲ
Read Moreမင်းကွန်း အုပ်ချုပ်ရေးမှူးကို တာဝန်ကနေရပ်စဲပေးဖို့ဆန္ဒထုတ်ဖော်
စစ်ကိုင်း မတ် ၁၆-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ်၊မင်းကွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တာဝန်ကနေ ရပ်စဲပေးဖို့ မင်းကွန်းဒေသခံ ၂၀ကျော်က ဒီနေ့ မနက်ပိုင်းအချိန်ကစစ်ကိုင်းမြို့အတွင်းစီတန်းလှည့်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်မှုကိုစစ်ကိုင်းမြို့ဇေယျာသီရီရုပ်ရှင်ရုံကစတင်ပြီး မြို့မဈေးလမ်း၊တာရိုးလမ်း၊ဇေယျာလမ်း မြို့တော်ခန်းမထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဥပဒေချိုးဖောက်တဲ့ မင်းကွန်းအုပ်ချုပ်ရေးမှုးကို တာဝန်က ရပ်ဆိုင်းဖို့ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှုးတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအတိုင်းဆောင်ရွက်ကြဖို့ ၊ပြည်သူကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်စေဖို့ ၊ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုတစ်ရပ်ပေါ်ပေါက်လာစေဖို့  စတဲ့ဗီနိုင်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “ဒီနေ့သူတို့ဆန္ဒထုတ်ဖော်တာနဲ့ပတ်သတ်လို့ လည်းဘယ်လိုမှ မအောင့်မေ့ပါဘူး။ခုလိုလုပ်တာကလည်း ဒေသဖွံ့ဖြိုးရေးအတွက်လုပ်တာ၊ပလပ်မြေရောင်းစားပြီးအဂတိကျူးလွန်တာမဟုတ်ပါဘူး။ ကိုယ့်သိက္ခာလုံလုံနဲ့အမှုကိုရင်ဆိုင်သွားမှာပါ”မင်းကွန်းအုပ်ချုပ်ရေးမှုး ဦးမျိုးမြတ်ထွန်းကပြောပါတယ်။ #voiceofmyanmar #ဆန္ဒပြ #မင်းကွန်း #အုပ်ချုပ်ရေးမှူး #စစ်ကိုင်း
Read More