၂၀၀၈​ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေးအတွက်​ မန္တ​လေးမြို့မှာ ​ထောက်​ခံပွဲပြုလုပ်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၁-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ​ ၂၀၀၈​အ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ဖို့အတွက်​ ​ထောက်​ခံပွဲတစ်​ရပ်ကို ဒီက​နေ့ည​နေပိုင်းက မ​နော်​ရမ္မံ ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

Read More

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့တဲ့အပေါ် စောင့်ကြည့်ပြီး သင့်သလိုဆောင်ရွက်သွားမယ်လို့ အတိုက်အခံတွေဆို

နေပြည်တော် ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့တဲ့ အဆိုပေါ်မှာတော့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ၄၁၄မဲ ကန့်ကွက်မဲ၁၉၁မဲ ကြားနေမဲ၆မဲနဲ့ လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကိုယ့်ဘက်ကိုယ် လိုတာပဲပြောနေကြပြီးတော့ သင်လျော်တဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို ဗိုလ်မှုးချုပ်မောင်မောင်က ဒီအဆိုကို သဘောမတူခဲ့လို့ ကန့်ကွက်မဲပေးခဲ့တယ် အဆိုက အတည်ပြုပြီးသွားတဲ့အတွက် ကော်မတီဖွဲ့ခဲ့ရင် ဘယ်လိုအချိုးအစားနဲ့ ပါဝင်ရမယ်ဆိုတာ ပြောဖို့စောသေးပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။ #voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေး

Read More

ကချင်ပြည်နယ်အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၂၁၃ ခု မှာ ကျပ်သန်း ၄သောင်းကျော်ဖိုးပမာဏရှိနေကြောင်း စာရင်းစစ်ချုပ်တွေ့ရှိ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) သတ်မှတ်ထားတဲ့အချက်​ ၃ ချက်​နဲ့ မညီတဲ့ ကိစ္စ​တွေကို မစစ်​​ဆေးနိုင်​ခဲ့တာ ၂၁၃ ခုရှိပြီး တန်​ဖိုးအားဖြင့်​ ကျပ်​သန်း ၄သောင်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ကပြောပါတယ်။ တည်​​ဆောက်​​ရေး လုပ်​ငန်း​တွေကို စစ်​​ဆေးတဲ့အခါမှာ  သက်​ဆိုင်​ရာတည်​​/​ကော်​ရဲ့ စီစစ်​အတည်​ပြုချက်​ ရထားပြီး လုပ်​ငန်း​တွေဖြစ်​ရမယ်​။ ရာနှုန်းပြည့်​ပြီး​နေရမယ်​ ။  စာချုပ်​ထဲမှာပါတဲ့ ၂ ဦး နှစ်​ဖက်​ တရားဝင်​လွှဲ​ပြောင်းအပ်​နှံထားမှုဖြစ်​ရမယ်​ ။ အဲ့ဒီလို့ပြည့်​အဝ လုပ်​ထားတဲ့ လုပ်​ငန်း​တွေကိုပဲ စာရင်းစစ်​ရုံးက စစ်​ခွင့်​ရှိတယ်လို့ပြောပါတယ် ဒါကြောင့်စာရင်းစစ်ရုံးကအစီရင်ခံစာကို ဇန်နဝါရီလ၂၁ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌကိုလိပ်မူပေးပို့ခဲ့တာပါ။ “အဲ့ဒီပိုပြီးနောက်ပိုင်းအပြောင်းအလဲတွေရှိသွားတယ် ဆလိုက်ရှိုးတွေကိုရှင်းပြတဲ့ခါမှာ ဘယ်လောက်ဘယ်လောက်တော့လျော့သွားပြီးဆိုပြီးတော့ပြောပါတယ်။  ၂၁၃ခုမှာဆိုရင်တော်တော်လျော့သွားပါပြီ၊။ဒါပေမဲ့မပြီးပြတ်သေးတာတွေ ကျန်သေးတယ် ။ ဥပမာအားဖြင့် အစိုးရအဖွဲ့ရုံးဘတ်ဂျတ်ကနေလုပ်တဲ့ဟာတွေဟာ ၁၄၂ခုဆိုပေမယ့် အခု၇၀လောက်ဘဲရှိတော့တယ်။ အချက်၃ချက်နဲ့မညီတာဘဲရှိတော့တာ အစီရင်ခံစာတွေကိုအချိန်မှီအောင်ပို့ရတာ စောင့်ဆိုင်းနေလို့မရဘူးလို့” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ဖေဖော်ဝါရီ လ၆ရက်နေ့မှာရှင်းပြခဲ့ပါတယ်။ တနိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက…

Read More

အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာဖြစ်​​နေတဲ့ ကိစ္စ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ဖြေရှင်းဖို့လို

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၄-၂၀၁၉ ဟိန်းကို(VOM) ပုဒ်​မ ၅၀၅\ခ (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု) အပါအဝင် အခြား​ပုဒ်​မ​တွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်​​က ဗကသ​ကျောင်းသား ၇ ဦးကို ဒီက​နေ့ နံနက်​ပိုင်းက အမရပူရမြို့နယ်​ တရားရုံးမှာ (၄)ကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်​။ ရုံးထုတ်​စစ်​​ဆေးမှုမှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမင်းထွန်းက ” အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာ ဖြစ်​တဲ့ ပြသာနာ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ ​ဖြေရှင်းဖို့လိုတယ်​၊ အဲ့လိုထိပ်​တိုက်​ရင်​ဆိုင်​​ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ဖိနှိပ်တဲ့ပုံစံလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ” ​ပြောခဲ့ပါတယ်​။

Read More

အလုပ်​ထုတ်​ခံရတဲ့ မန္တ​လေး​တောင်​​ဂေါက်​ကွင်း ကယ်​ရီအလုပ်​သမားများ မြို့​တော်​ဝန်​နဲ့လာ​တွေ့

မန္တ​လေး၊ ဇန်​နဝါရီ ၃၁-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေး​တောင်​​ဂေါက်​ကွင်းက အလုပ်​ထုတ်​ခံရတဲ့ ကယ်ရီအလုပ်သမား(၆၉)ဦးဟာ သူတို့ လုပ်အားခထဲကနေ ကုမ္ပဏီက​ အဓမ္မဖြတ်တောက်တဲ့အတွက် မြို့တော်ဝန်ကိုလာရောက်တွေ့ဆုံ တိုင်ကြားခဲ့ပါတယ်။ အဓမ္မဖြတ်​တောက်ကောက်ခံခဲ့တဲ့​ငွေဟာ (၉)နှစ် (၃)လ (၁၂)ရက်အထိ ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းသုံးသောင်း ဖြစ်ပြီး အဲဒီငွေတွေပြန်ရဖို့ ဒီက​နေ့မနက်​ပိုင်းမှာ အလုပ်​သမား​ခေါင်း​ဆောင်​ (၈)ဦးဟာ မြို့​တော်ဝန်​နဲ့လာပြီး​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#​ဂေါက်​ကွင်းအလုပ်​သမားများမြို့​တော်​ဝန်​နဲ့လာ​တွေ့#

Read More

က​ဗျာလွတ်​အကကို ပွဲ​တိုင်း​ကျော်​​အောင်​ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဇန်​နဝါရီ ၃၀-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့က ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​တွေမှာ နှစ်​စဉ်​ပြုလုပ်​​နေတဲ့ မြန်မာရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာမှာ ထည့်​သွင်းကပြ​နေတဲ့ အေရိုးဗစ်အက၊ ပန်းပွားအက ​ကပြတဲ့​နေရာအစား မြန်မာရိုးရာ ကဗျာလွတ်အကကို အစားထိုးကပြနိုင်​ဖို့အတွက်​ ​ဆောင်​ရွက်​သွားမှာဖြစ်​တယ်​လို့ မန္တ​လေး ကံတက်​ကုန်း(မစိုးရိမ်​)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း အကျိုး​တော်​​ဆောင်​ဥက္ကဌ ဦးဝင်းလှိုင်​ဦး က ​ပြောပါတယ်​။ #voiceofmyanmar#မန္တ​လေး#က​ဗျာလွတ်​အကများပါဝင်​ကပြနိုင်​ရန်​​ဆောင်​ရွက်​မည်​#

Read More

စစ်ကိုင်းမှာ မြေပြိုမှုကြောင့် လူ(၃)ဦးသေ ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် ကျောက်တောကျေးရွာအုပ်စု တောင်ညိုရွာသစ် ရှင်သီဝလိကျောင်းအောက် မြောက်ဘက်မှာရှိတဲ့ ကျောက်ကျင်းမှာ ဒီနေ့ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ (၃) ဦး ကျောက်ပိ သေဆုံးကာ လူ (၁) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောက်တူးဖော်ရာကနေ တောင်ပြိုကျတဲ့အတွက် ရွှေမင်းဝံရပ်ကွက်နေ ချက်ဖောင်း (၃၂)နှစ် မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး  ရွှေမင်းဝံရပ်ကွက်နေ ဒေါ်စန်း (၄၇)နှစ်၊ သူရအောင် နဲ့အနောက်တောင်ညိုကျေးရွာနေ  ဝေလင်းထွန်း တို့မှာ ကျောက်ပိ သေဆုံးခဲ့ပါတယ်။ ကျောက်ပိခဲ့ပြီး သေဆုံးနေတဲ့ ဒေါ်စန်း၊ သူရအောင် နဲ့  ဝေလင်းထွန်း နှင့် ပုဇင်းခေါင်းထော်လာဂျီ တစ်စီး တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊စစ်ကိုင်းမြို့က လူမှုကယ်ဆယ်ရေးအသင်းများက တူးဖော်ထုတ်ရာ နေ့လယ် ၁ နာရီ အချိန်ခန့်မှာ ရုပ်အလောင်းတွေကို တူးဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်ရှိ…

Read More

အောင်​သ​ပြေ​ကျေးရွာသား​တွေ ဆန္ဒပြမှု ရဲတပ်​ဖွဲ့ခွင့်ပြုမိန့်မပေးသလို တားဆီးခဲ့

  မန္တ​လေး၊ ဇန်​နဝါရီ ၂၈-၂၀၁၉ ဟိန်းကို(VOM) ​မန္တ​လေးတိုင်း​ဒေသကြီး၊ ပုသိမ်​ကြီးမြို့နယ်​ ၊ ​​ဒဟ​တ္တော​ကျေးရွာအုပ်​စု၊​အောင်​သ​ပြေ​ကျေးရွာ ​ဒေသခံ​တွေဟာ မိမိတို့​ကျေးရွာမှာ ​ဒေသခံဆန္ဒမပါပဲ` မြင့်​ ´ ​ကျောက်​မီး​သွေးစွမ်းအင်​သုံး ဘိလပ်​​မြေစက်​ရုံ တည်​​ဆောက်​ထားမှုကို ကန့်​ကွက်​​ဆန္ဒပြဖို့  မန္တလေးမှာပြင်ဆင်ထားခဲ့တာပါ။  ဒီက​နေ့ နံနက်​ပိုင်းက မဟာ​အောင်​​မြေမြို့နယ်​မှာ ဆန္ဒပြမှုပြုလုပ်​ဖို့ လာ​ရောက်​ချိန်မှာ ရဲတပ်​ဖွဲ့က တားဆီးတဲ့အတွက်​ မလုပ်​ဖြစ်​ပဲပြန်​သွားရပါတယ်​။ ​​အောင်​သ​ပြေ​ဒေသခံ​တွေဟာ ဥပ​ဒေနဲ့မညီပဲတည်​​ဆောက်​ထားတဲ့ စက်​ရုံကို အပြီးပိုင်​​ဖျက်​သိမ်​​ပေးဖို့၊ ​ဒေသခံ​တွေကိုမတရားစွဲဆိုထားတဲ့ ပုဒ်​မ​တွေဖျက်​သိမ်း​ပေးဖို့၊ ဖမ်းဆီးထားတဲ့ ​တောင်​သူ​တွေကို အမြန်​ဆုံးပြန်​လွတ်​​ပေးဖို့အတွက်ဆိုပြီး ​ ဆန္ဒပြဖို့​လာတဲ့ ​ဒေသခံ​တွေဟာ မဟာ​အောင်​​မြေမြို့နယ်​ ၆၂လမ်း ၃၅×၃၆ကြားမှာ ရဲတပ်​ဖွဲ့ရဲ့တားဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်​။ #voiceofmyanmar#မန္တ​လေး#​အောင်​သ​ပြေ​ဒေသခံ​တွေဆန္ဒပြမှုတားမြစ်​ခံရ#

Read More

သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား

စစ်ကိုင်း ဇန်နဝါရီ ၂၇-၂၀၁၉ စောပြည့်ချမ်းသာ(VOM) ဒီနေ့ ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့ စစ်ကိုင်းတံတား(အင်းဝ)ပေါ် ကုန်းနံပါတ်(၄ ) မန္တလေးဘက်ခြမ်းကနေ  သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေသိရပါတယ်။ ခုန်ချခဲ့တဲ့သူ ၂ယောက်ဟာ မန္တလေးချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်း ဝါဆိုကျောင်းတိုက်နားမှာနေတဲ့ ဦးစိုးမင်းသိန်း အသက် (၄၀) နဲ့ သမီးဖြစ်သူ  မဖြူစင်သွယ်တို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။ စစ်ကိုင်းတံတား(အင်းဝ)ပေါ်မှ ခုန်ချခဲ့တဲ့ သားဖနှစ်ဦးအားပြန်လည်တွေ့ရှိဖို့အတွက် သိသိချင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)SERT ဧရာဝတီမြစ်အတွင်း စပိတ်ဘုတ်နှစ်စင်း ရေငုတ်သမားများနဲ့ ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ခုညနေ၅နာရီထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ #VOICEOFMYANMAR#စစ်ကိုင်း#စစ်ကိုင်းတံတားပေါ်ကခုန်ချ      

Read More

တက္ကသိုလ်​ဆက်​မတက်​နိုင်​တဲ့ ​ကျောင်းသား​တွေကို ​ပညာသင်​​စရိတ်​​ထောက်​ပံ့

မန္တ​လေး၊ ဇန်​နဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) ပညာ​ရေးမှာ အမှန်​တကယ်​ထူးချွန်​ခဲ့ပြီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ တက္ကသိုလ်​ဆက်​လက်​မတက်​​ရောက်​နိုင်​တဲ့ ​မန္တလေးမြို့က ကျောင်းသူ\သား (၃၅)ယောက်ကို ထာဝရမန္တ​လေး ​ဖောင်​​ဒေး​ရှင်းက စီစစ်​​ရွေးချယ်​ပြီး ပညာသင်​စရိတ်​​ထောက်​ပံ့​ပေးတဲ့အစီအစဉ် ဒီက​နေ့ နံနက်​ပိုင်းက ​ရွှေပြည်​သာဟိုတယ်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#ဆင်းရဲနွမ်းပါးတဲ့​ကျောင်းသား​တွေကိုပညာသင်​စရိတ်​​ထောက်​ပံ့#

Read More
VOM News

FREE
VIEW