ရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆွမ်းကပ်လှူပွဲ

မှော်ဘီ နိုဝင်ဘာ၉ ၊ ၂၀၁၈ သင်းသဒ္ဒါ အဆိုတော် ရွှေထူးနှင့် သရုပ်ဆောင် ရွှေမှုံရတီတို့၏ မင်္ဂလာဆွမ်းေ​ကျွးအလှူ မင်္ဂလာပွဲအခမ်းအနားကို​ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မှော်​ဘီမြို့နယ်ရှိ​ အောင်​ဇမ္ဗူတောရ​ကျောင်းတိုက်​၌ ပြုလုပ်​ခဲ့ပါတယ် ရွှေထူးနှင့်  ရွှေမှုံရတီ တို့က  အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်ရှိတဲ့ Novotel Hotel မှာလက်မှတ်ထိုးခဲ့ကြပြီးတော့  နိုဝင်ဘာ ၁၁ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌  ညစာစား ပွဲကျင်းပသွားမှာဖြစ်ပါတယ် #voiceofmyanmar #ရွှေမှုံရတီနဲ့ရွှေထူးမင်္ဂလာဆွမ်းကျွေး                                      …

Read More

ပုသိမ်ကြီးမြို့နယ်မှာ ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့်ပြဿနာရှိနေတဲ့ အောင်သပြေရွာ ဒေသခံတွေက ကျိန်စာတိုက်

ပုသိမ်ကြီး နိုဝင်ဘာ ၆ ၂၀၁၀ ဟိန်းကို( Voice Of Myanmar) မန္တ​လေးတိုင်း​ဒေသကြီး၊ပုသိမ်​ကြီးမြို့နယ်​၊ ဒဟ​တ္တော​ကျေးရွာအုပ်​စု၊​အောင်​သ​ပြေ​ကျေးရွာက ​ဒေသခံရွာသားအချို့ဟာ ယ​နေ့ နိုဝင်​ဘာ(၆)ရက်​​နေ့ နံနက်​ပိုင်း သူတို့ရွာနဲ့ နီးကပ်​စွာ​ဆောက်​လုပ်​​နေတဲ့ ​ကျောက်​မီး​သွေးစွမ်းအင်းသုံး ဘိလပ်​​မြေစက်​ရုံကို ကန့်​ကွက်​တဲ့ အ​နေနဲ့ ကျိန်​စာတိုက်​မှု ပြုလုပ်​တဲ့​နေရာမှာ ​ဒေသခံ​​တွေက မိမိတို့ရွာကို မန္တလေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ကိုယ်​တိုင်​ကွင်းဆင်းပြီး လာကြည့်​​စေချင်​တယ်​လို့ ​ပြောပါတယ်​။ ယခုလို ကန့်​ကွက်​မှု​တွေကို ရွာသူ\ရွာသား​တွေတရားစွဲဆိုခံရတဲ့ ၂၀၁၈ခုနှစ်​ ဇူလိုင်​လကတည်းကပြုလုပ်​ခဲ့ကြတာဖြစ်​ပြီး ကုမ္ပဏီဘက်​ကလည်း ​ဒေသခံ​အချို့ကို လမ်းတံတားဥပ​ဒေပုဒ်​မ ၂၂\၂၃ နဲ့ ​ဒေသခံ ၈ဦး၊ ငြိမ်းစုစီဥပ​ဒေပုဒ်​မ ၁၉ နဲ့ ​ဒေသခံ ၉ ဦး တို့ တရားစွဲဆိုခံထားရပြီး  ရုံးချိန်း​ပေါင်း(၁၇)ကြိမ် တရားရင်​ဆိုင်​ပြီးစီးပြီး ဖြစ်​တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #ပုသိမ်ကြီး #အောင်သပြေရွာ #ဘိလပ်မြေစက်ရုံစီမံကိန်း #ကျိန်စာတိုက်ပွဲ

Read More

ပထမဆုံးအကြိမ် လီဆူလူငယ်ညီလာခံမှာ လူငယ်နဲ့ မူးယစ်ဆေးကိစ္စဆွေးနွေး

မိုးကုတ် နိုဝင်ဘာ ၂  ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ မိုးကုတ်​မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်​​တွေမှာ မူးယစ်​​ဆေးဝါး သုံးစွဲမှု​တွေများ​နေတာရယ်​၊ အလုပ်​ကိုင်​အခွင့်​အလမ်း နဲ့ စီးပွား​ရေး လုပ်​ကိုင်​မှု​တွေ ​နောက်​ကျ​နေတာရယ်​၊ အစိုးရ၀န်​ထမ်း လုပ်​ကိုင်​လာသူ နည်းပါးလာမှု​တွေ​ကို ယ​နေ့ ​နိုဝင်​ဘာ(၂)ရက်​​နေ့ မိုးကုတ်​မြို့မှာ ပြုလုပ်​တဲ့ ပထမအကြိမ်​ လီဆူလူငယ်​ညီလာခံ မှာ ​ထည့်​သွင်း​ဆွေး​နွေးခဲ့တယ်​လို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​ညီလာခံဖြစ်​​မြောက်​​ရေး ​ကော်​မတီဝင်​ ဦးချွမ်​ရဲ​အောင်​ က ​​ပြောပါတယ်​။ အဲဒီ ညီလာခံက ထွက်​ရှိမယ့် ရလာဒ်တွေကို ဒီဇင်​ဘာလအတွင်း ကချင်​ပြည်​နယ်​ မြစ်​ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့်​ နိုင်​ငံလုံးဆိုင်​ရာ တိုင်းရင်းသားညီလာခံကို တင်​ပြသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။

Read More

အချစ်တခုနဲ့ ဘဝလမ်းတူတူလျှောက်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီ

Glory (VOM) ပရိသတ်စိတ်ဝင်စားနေတဲ့ အကြောင်းအရာကတော့ မကြာမီလက်ထပ်တော့မယ်လို့ အသိပေးလိုက်တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက ချစ်သူဖြစ်ပြီး မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့ ပရိသတ်ကို အသိပေးပြောဆိုလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေက အံ့သြသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးရင် ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် ဇွန်လပိုင်းလောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေဖြစ်ပြီလို့ ပရိသတ်ကို အတိအလင်းကြေညာခဲ့ကြပါတယ်။ ရွှေထူးကတော့ လက်ရှိမှာအသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ဂီတလောကမှာ လူငယ်ပရိသတ်များစွာရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရွှေမှုံရတီက အသက် ၂၀ရှိပြီဖြစ်ကာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးစလုံးက…

Read More

မိုးကုတ်​မြို့မှာ ပထမဦးဆုံးအကြိမ်​ လီဆူလူငယ်​ညီလာခံကျင်းပ

မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီး၊ မိုးကုတ်​မြို့ အ​နောက်​ပိုင်းက သိနာ​တောင်​ လီဆူနှစ်​ချင်းခရစ်​ယာန်​ ဘုရား​ကျောင်းမှာ ယ​နေ့၊​နိုဝင်​ဘာ(၂)ရက်​​နေ့ နံနက်​(၉)နာရီကစပြီး ပထမအကြိမ်​ မန္တ​လေးတိုင်း​ဒေသကြီး လီဆူလူငယ်​ညီလာခံ ကို ကျင်း​ပ​နေပါတယ်​။ ညီလာခံကို နိုဝင်​ဘာ(၂)ရက်​​နေ့ နဲ့ နိုဝင်​ဘာ(၃)ရက်​ နှစ်​ရက်​တာကျင်းပသွားမှာ ဖြစ်​ပါတယ်​။                                                  

Read More

ABSDF ကျောင်းသားတပ်မတော် နှစ် ၃၀ပြည့်

လိုင်ဇာ နိုဝင်ဘာ ၁ရက် ၂၀၁၈ Voice Of Myanmar   ဒီကနေ့ နိုဝင်ဘာ ၁ရက်နေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း နှစ် ၃၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ် ၃၀ပြည့်အခမ်းအနားကို ကျောင်းသားတပ်မတော်မြောက်ပိုင်းက ဦးဆောင်ပြီး ကချင်ပြည်နယ် လိုင်ဇာ မနောကွင်းမှာ ကျင်းပပြုလုပ်နေပါတယ်။                                    

Read More

ကောင်းမှုတော်စေတီတော်မှာ ပထမအကြိမ် သံယာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း အောက်တိုဘာ ၃၁ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မှာ ပင့်သံဃာအပါး ၁၅၀ ဆွမ်းကြီးလောင်လှူ ပွဲကို ယနေ့ နံနက်ပိုင်း အချိန်က အဆိုပါ စေတီတော် ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ် သီတင်းကျွတ်လပြည်ကျော် (၇)ရက်၊ (၈) ရက်နေ့တွေမှာ ကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ယခုနှစ်မှာတော့ ပထမအကြိမ်ဖြင့် ပင့်သံဃာအပါး ၁၅၀ ကို ပင့်ဖိတ်ပြီး  ဆွမ်းကြီးလောင်လှူ ပွဲ ကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ကျင်းပပြုလုပ်တဲ့ ဆွမ်းကြီးလောင်းလှူပွဲကို ဂေါစဂါန်ကျေးရွာ၊ရပ်ကွက်များက ကျောင်းတိုက်များမှ ဆရာတော်၊သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကြီးလောင်းလှူတာ ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည်ကျော် (၈)ရက်နေ့မှာတော့ အဆိုပါ ဂေါစဂါန်ရပ်ကွက်၊ကျေးရွာများက ၎င်း တို့ ရပ်ကွက်ကျေးရွာအတွင်းမှာ မုန့်ဖက်ထုပ်များလည်း လောင်းလှူပူဇော်ကြကြောင်း သိရပါတယ်။ #voiceofmyanmar…

Read More

မြေယာပိုင်ဆိုင်ခွင့် စီမံမှုအလွဲတွေကိစ္စ ရေစကြိုမှာ ဆန္ဒပြ

ရေစကြို အောက်တိုဘာ ၂၉၊ ၂၀၁၈ အောင်မြင့် မကွေးတိုင်း ရေစကြိုမြို့နယ် ထန်းဆယ်ပင်ကျေးရွာနဲ့ အမှတ်(၇)ရပ်ကွက် ၊ငါးရာပြည့်​ ၊ ဖူလုံ​ကျေးရွာ  မအူ​ကျောက်​ဖူးကျေးရွာ စတဲ့​ကျေးရွာက ​ တောင်သူ ၁၀၀ကျော်ဟာ သူတို့ရဲ့ လယ်​ယာ​မြေနဲ့ပက်​သက်​ပြီးနစ်​နာချက်​​တွေကိုဆန္ဒ​ဖော်​ထုတ်​ခဲ့ကြတာပါ ။

Read More

သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် တောင်သူတွေ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်

မုံရွာ အောက်တိုဘာ ၂၉ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ် အက်တောကျေးရွာက တောင်သူ ၁၀၀ ကျော်က  သိမ်းဆည်းခံ မြေများ ပြန်ရရေးအတွက်  ဒီနေ့ နံနက်ပိုင်းမှာ မုံရွာမြို့ပေါ်တက်ပြီး မြို့ အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တန့် ဆည်မြို့ နယ် အက်တောကျေးရွာမှာရှိတဲ့ တောင်သူတွေပိုင် မြေဧက ၅ ဒသမ ၁၉ ဧကကို လျော်ကြေး၊ နစ်နာကြေး၊ မြေအစားထိုးပေးခဲ့တာတွေ မရှိဘဲ ၁၉၇၂ ခုနှစ်က အမှတ် ၁ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့ပြီး ၂၀၁၀ မှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို အပြီးအပိုင် လွဲပြောင်းရောင်းချခဲ့တဲ့ အတွက်  မူလပိုင်ရှင်တောင်သူတွေ လက်ထဲ စွန့်လွတ်အပ်နှံ့ပေးရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဆန္ဒထုတ်ဖော်မှုကို  မုံရွာမြို့ တောင်ရပ်ကွက်၊ သာစည်မီးပွိုင့် အနီးမှာ စုရပ်ပြုလုပ်ပြီး …

Read More

မန္တ​လေးကျုံး​ရေပြင်​မှာ ​ ဒုတိယအကြိမ်​​ ​လှေ​လှော်​ပြိုင်​ပွဲ ကျင်းပ

၂၀၁၈၊​အောက်​တိုဘာ(၂၇) ဟိန်းကို မန္တ​လေးကျုံးရဲ့ အ​နောက်​ဖက်​​ရေပြင်​မှာ ဒုတိယအကြိမ်​​မြောက်​ တိုင်း​ဒေသကြီး နဲ့ ပြည်​နယ်​ရိုးရာ​လှေ​လှော်​ပြိုင်​ပွဲကို မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​က ဦး​ဆောင်​၍ ယ​နေ့ ​အောက်​တိုဘာ(၂၇)ရက်​၊နံနက်​ပိုင်းက ကျင်းပခဲ့ပါတယ်​။ ပြိုင်​ပွဲကို နှစ်​ရက်​တာ ကျင်းပပြုလုပ်​မှာဖြစ်​ပြီး ယ​နေ့ပထမ​နေ့ကို မီတာ(၂၀၀) ယှဉ်​ပြိုင်​ရမှာဖြစ်​ပြီး ဒုတိယ​နေ့မှာ မီတာ(၅၀၀)ယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​။ ” မျိုးဆက်​သစ်​အားကစားသမား​တွေ ​ပေါ်ထွက်​လာဖို့ရယ်​၊ ပြည်​သူတစ်​ရပ်​လုံးက ​လှေ​လှော်​အားကစားကို စိတ်​၀င်​စားလာပြီး ထဲထဲဝင်​၀င်​ပါဝင်​လာ​စေဖို့အတွက်​ ရည်​ရွယ်​ပြီး ပြုလုပ်​တာပါ ” လို့ မြန်​မာနိုင်​ငံ​လှေ​လှော်​အသင်း ဥက္ကဌ ဦး​သောင်းထိုက်​မင်း က ​ပြောပါတယ်​။ ပြိုင်​ပွဲမှာ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်းပါဝင်​ယှဉ်​ပြိုင်​ခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆု များကို ပြိုင်​ပွဲအလိုက်​ချီးမြင့်​သွားမည့်​အပြင်​အမျိုးသားတံခွန်​စိုက်​ဒိုင်းဆု၊ အမျိုးသမီးတံခွန်​စိုက်​ဒိုင်းဆု၊စု​ပေါင်းဒိုင်းဆု တို့ကိုပါ ထည့်​သွင်း ချီးမြင့်​သွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။ အန်အယ်လ်ဒီအစိုးရတက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကလည်း မန္တလေးတိုင်းအစိုးရက ကြီးမှူးပြီး ပထမအကြိမ်လှေပြိုင်ပွဲကျင်းပခဲ့ပါသေးတယ်။            …

Read More
VOM News

FREE
VIEW