ပုသိမ်ကြီး နိုဝင်ဘာ ၆ ၂၀၁၀
ဟိန်းကို( Voice Of Myanmar)
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာက ဒေသခံရွာသားအချို့ဟာ ယနေ့ နိုဝင်ဘာ(၆)ရက်နေ့ နံနက်ပိုင်း သူတို့ရွာနဲ့ နီးကပ်စွာဆောက်လုပ်နေတဲ့ ကျောက်မီးသွေးစွမ်းအင်းသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်တဲ့ အနေနဲ့ ကျိန်စာတိုက်မှု ပြုလုပ်တဲ့နေရာမှာ ဒေသခံတွေက မိမိတို့ရွာကို မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်ကွင်းဆင်းပြီး လာကြည့်စေချင်တယ်လို့ ပြောပါတယ်။
ယခုလို ကန့်ကွက်မှုတွေကို ရွာသူ\ရွာသားတွေတရားစွဲဆိုခံရတဲ့ ၂၀၁၈ခုနှစ် ဇူလိုင်လကတည်းကပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ဒေသခံအချို့ကို လမ်းတံတားဥပဒေပုဒ်မ ၂၂\၂၃ နဲ့ ဒေသခံ ၈ဦး၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ဒေသခံ ၉ ဦး တို့ တရားစွဲဆိုခံထားရပြီး ရုံးချိန်းပေါင်း(၁၇)ကြိမ် တရားရင်ဆိုင်ပြီးစီးပြီး ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #ပုသိမ်ကြီး #အောင်သပြေရွာ #ဘိလပ်မြေစက်ရုံစီမံကိန်း #ကျိန်စာတိုက်ပွဲ