တရားစွဲခံ စဥ့်ကိုင်တောင်သူများ တရားရုံးက အပြီးသတ်လွှတ်ပေး

စဥ့်ကိုင်  နိုဝင်ဘာ ၆ ၂၀၁၈ မောင်တာရာ(Voice of Myanmar) မန္တလေးတိုင်း၊စဥ့်ကိုင်မြို့နယ် စွန်ရဲအင်းစိုက်ကွင်းလယ်ယာမြေသိမ်းဆည်းခံတောင်သူလေးဦးကို တရားစွဲဆိုထားတဲ့ အမှုအား ယနေ့ နေ့လယ်ပိုင်းအချိန်က စဥ့်ကိုင်မြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့ပါတယ်။ စွန်ရဲအင်းစိုက်ကွင်းမှာရှိတဲ့မြေတွေကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး  သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှ ခွဲဝေသိမ်းယူပြီးတော့ လယ်ယာမြေ ၁၂၆ ဧကကျော်ကို  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ခံ   ငွေပင်လယ်နွားမွေးမြူရေးခြံမှ ပြန်လည်လွှဲပြောင်းရယူခဲ့တာပါ။ အဲလို လွဲပြောင်းရယူခဲ့ပြီး သိမ်းဆည်းခံလယ်ယာမြေများအပေါ်အုတ်တံတိုင်းကာရံနေမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်  ဧပြီလ အတွင်းက သွားရောက်တားမြစ်ခဲ့တဲ့  ဦးသောင်းနွဲ့ ၊ ဦးအုန်းရွှေ  ၊ဦးကျော်လွင် ၊ ဦးအောင်သူတို့ တောင်သူ(၄)ဦးကို  ငွေပင်လယ်နွားမွေးမြူရေးခြံမန်နေဂျာ ဦးလွင်ကိုကိုက ပုဒ်မ ၄၄၇/၅၀၆ တို့ဖြင့် စဥ့်ကိုင်မြို့နယ်တရားရုံုးမှာ တရားစွဲဆိုထားခဲ့ပါတယ်။ တရားစွဲဆိုခံရတဲ့ အတွက် တောင်သူတွေဟာ  သုံးနှစ်ကျော် တရားရင်ဆိုင်ခဲ့ရပြီး ယနေ့မှာ…

Read More

ပုသိမ်ကြီးမြို့နယ်မှာ ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့်ပြဿနာရှိနေတဲ့ အောင်သပြေရွာ ဒေသခံတွေက ကျိန်စာတိုက်

ပုသိမ်ကြီး နိုဝင်ဘာ ၆ ၂၀၁၀ ဟိန်းကို( Voice Of Myanmar) မန္တ​လေးတိုင်း​ဒေသကြီး၊ပုသိမ်​ကြီးမြို့နယ်​၊ ဒဟ​တ္တော​ကျေးရွာအုပ်​စု၊​အောင်​သ​ပြေ​ကျေးရွာက ​ဒေသခံရွာသားအချို့ဟာ ယ​နေ့ နိုဝင်​ဘာ(၆)ရက်​​နေ့ နံနက်​ပိုင်း သူတို့ရွာနဲ့ နီးကပ်​စွာ​ဆောက်​လုပ်​​နေတဲ့ ​ကျောက်​မီး​သွေးစွမ်းအင်းသုံး ဘိလပ်​​မြေစက်​ရုံကို ကန့်​ကွက်​တဲ့ အ​နေနဲ့ ကျိန်​စာတိုက်​မှု ပြုလုပ်​တဲ့​နေရာမှာ ​ဒေသခံ​​တွေက မိမိတို့ရွာကို မန္တလေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ကိုယ်​တိုင်​ကွင်းဆင်းပြီး လာကြည့်​​စေချင်​တယ်​လို့ ​ပြောပါတယ်​။ ယခုလို ကန့်​ကွက်​မှု​တွေကို ရွာသူ\ရွာသား​တွေတရားစွဲဆိုခံရတဲ့ ၂၀၁၈ခုနှစ်​ ဇူလိုင်​လကတည်းကပြုလုပ်​ခဲ့ကြတာဖြစ်​ပြီး ကုမ္ပဏီဘက်​ကလည်း ​ဒေသခံ​အချို့ကို လမ်းတံတားဥပ​ဒေပုဒ်​မ ၂၂\၂၃ နဲ့ ​ဒေသခံ ၈ဦး၊ ငြိမ်းစုစီဥပ​ဒေပုဒ်​မ ၁၉ နဲ့ ​ဒေသခံ ၉ ဦး တို့ တရားစွဲဆိုခံထားရပြီး  ရုံးချိန်း​ပေါင်း(၁၇)ကြိမ် တရားရင်​ဆိုင်​ပြီးစီးပြီး ဖြစ်​တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #ပုသိမ်ကြီး #အောင်သပြေရွာ #ဘိလပ်မြေစက်ရုံစီမံကိန်း #ကျိန်စာတိုက်ပွဲ

Read More

အခြေခံပညာကျောင်းသားတွေ မှတ်ပုံတင်ရရှိရေး မုံရွာမြို့နယ်မှာ ကွင်းဆင်းပြုလုပ်ပေး

မုံရွာ နိုဝင်ဘာ ၆ ၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) စစ်ကိုင်းတိုင်း မုံရွာမြို့၊ အထက ၄ မှာ မြို့နယ်လဝကတာဝန်ရှိသူတွေက အလယ်တန်းကနေ အထက်တန်းထိ ကျောင်းသားကျောင်းသူတွေကို နိုင်ငံသားစီစစ်ရေးကဒ်ရရှိရေးအတွက် သစ္စာစီမံချက်နဲ့ မှတ်ပုံတင်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ပေးနေပါတယ်။ မုံရွာတစ်မြို့နယ်လုံးမှာ ရှိတဲ့ အခြေခံပညာကျောင်း ၂၆ ကျောင်းကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး လတ်တလောအထိ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ကို ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ “ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ကိုင်ဆောင်နိုင်ရေးအတွက်ပါ။ အခုလောလောဆယ်တော့ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ ကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်ကတည်းက စခဲ့တာ။ ဒါပေမယ့် ကျောင်းဖွင့်ချိန်မှာ ကျောင်းတွေက ကျောင်းအပ်တာ ဘာညာနဲ့ အလုပ်ရှုပ်လို့ သြဂုတ်လမှ စတင်နိုင်တာ။ ကျောင်းသား ၅၀၀၀ ကျော်လောက်ရှိမယ်။ ကျန်တာတွေကိုလည်း စာမေးပွဲတွေမတိုင်ခင်…

Read More
VOM News

FREE
VIEW