တရားစွဲခံ စဥ့်ကိုင်တောင်သူများ တရားရုံးက အပြီးသတ်လွှတ်ပေး

စဥ့်ကိုင်  နိုဝင်ဘာ ၆ ၂၀၁၈

မောင်တာရာ(Voice of Myanmar)

မန္တလေးတိုင်း၊စဥ့်ကိုင်မြို့နယ် စွန်ရဲအင်းစိုက်ကွင်းလယ်ယာမြေသိမ်းဆည်းခံတောင်သူလေးဦးကို တရားစွဲဆိုထားတဲ့ အမှုအား ယနေ့ နေ့လယ်ပိုင်းအချိန်က စဥ့်ကိုင်မြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့ပါတယ်။

စွန်ရဲအင်းစိုက်ကွင်းမှာရှိတဲ့မြေတွေကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး  သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှ ခွဲဝေသိမ်းယူပြီးတော့ လယ်ယာမြေ ၁၂၆ ဧကကျော်ကို  မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ခံ   ငွေပင်လယ်နွားမွေးမြူရေးခြံမှ ပြန်လည်လွှဲပြောင်းရယူခဲ့တာပါ။

အဲလို လွဲပြောင်းရယူခဲ့ပြီး သိမ်းဆည်းခံလယ်ယာမြေများအပေါ်အုတ်တံတိုင်းကာရံနေမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်  ဧပြီလ အတွင်းက သွားရောက်တားမြစ်ခဲ့တဲ့  ဦးသောင်းနွဲ့ ၊ ဦးအုန်းရွှေ  ၊ဦးကျော်လွင် ၊ ဦးအောင်သူတို့ တောင်သူ(၄)ဦးကို  ငွေပင်လယ်နွားမွေးမြူရေးခြံမန်နေဂျာ ဦးလွင်ကိုကိုက ပုဒ်မ ၄၄၇/၅၀၆ တို့ဖြင့် စဥ့်ကိုင်မြို့နယ်တရားရုံုးမှာ တရားစွဲဆိုထားခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ အတွက် တောင်သူတွေဟာ  သုံးနှစ်ကျော် တရားရင်ဆိုင်ခဲ့ရပြီး ယနေ့မှာ စဥ့်ကိုင်မြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့တာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #စဥ့်ကိုင်တောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW