တပ်မတော်ထောက်ခံကြောင်း မန္တလေးစစ်မှုထမ်းဟောင်းတွေ အသံတိတ်ဆန္ဒပြ

https://www.facebook.com/VoiceofMyanmarNews/videos/293280481454498/ တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ စက်တင်ဘာလ(၁၃)ရက်၊နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ တောင်းဆိုချက်(၇)ချက်ကို ကိုင်ဆောင်ပြီး လူ ၅၀ ဝန်းကျင်က မတ်တပ်ရပ်ပြီး အသံတိတ် တောင်းဆိုခဲ့ကြပါတယ်။

Read More

မန္တလေးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်နေတဲ့အဆောက်အအုံ ကွန်ဂရစ်လောင်းရင်းပြိုကျ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း မှာ မြို့တော်စည်ပင်သာယာရဲ့ ခွင့်ပြုချက်မရသေးပဲ ဆောက်လုပ်နေတဲ့ စားသုံးဆီသိုလှောင်တဲ့ဂိုထောင် ဆောက်လုပ်ရေးလုင်ငန်းခွင်မှာ ဘိလပ်မြေ စလစ်ပြင်လောင်းနေရင်း စက်တင်ဘာ(၁၁)ရက် နေ့လည်ပိုင်းက ပြိုကျခဲ့တာပါ။ အဆောက်အအုံပြိုကျမှုကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသား(၈)ယောက်နဲ့ အမျိုးသမီး(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်တဲ့စည်ပင်သာယာကော်မတီကိုတင်ပြပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာတာဝန်ရှိသူတွေကပြောပါတယ်။ ဒီအဆောက်အဦးပြိုကျတဲ့ နေရာကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်တို့လည်း လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ https://www.facebook.com/VoiceofMyanmarNews/videos/242808406435747/

Read More

ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင် ၇နှစ်ချလိုက်တာကိုကန့်ကွက်

ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင် ၇နှစ်ချလိုက်တာကိုကန့်ကွက်တဲ့အနေနဲ့ရော သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် မုံရွာအခြေစိုက် သတင်းမီဒီယာသမားတွေဟာ ရွှေစည်းခုံဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ https://www.facebook.com/VoiceofMyanmarNews/videos/319862301894619/

Read More

သီတင်းကျွတ်ရာသီစာ ကလေးကစားစရာများ ဈေးမြင့်မည်

သီတင်းကျွတ်ရာသီနီးလာတာနဲ့အမျှ မီးပူဇော်တဲ့ မန္တလေးအခေါ် မီးပလုံး နယ်အခေါ်မီးပုံးလေးများထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုန်ကြမ်းဖြစ်တဲ့ ဆီစိမ်စက္ကူနဲ့ တခြားစက္ကူဈေး ဘီးလုံးဈေးမြင့်နေလို့ ပစ္စည်းအချောဈေးလည်း မြှင့်ရောင်းရမယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မြန်မာ့ရိုးရာမီးပုံးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Voice of Myanmar သတင်းထောက် ဟိန်းကိုက ရိုက်ကူးတင်ဆက်ထားပါတယ်။ https://www.facebook.com/VoiceofMyanmarNews/videos/294959304631176/

Read More

မန္တလေး ရွှေတချောင်းဘေးက ရေဘေးဒုက္ခ

မန္တ​လေးမြို့မှာ စက်​တင်​ဘာလ(၄)ရက်​​နေ့ မနက်အ​စောပိုင်းက မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ ​ရွှေတ​ချောင်း​မြောင်း​ရေလျှံပြီး အနီးနားက ရပ်​ကွက်​တွေထဲ ​ရေ၀င်​​​နေပါတယ်။ ယ​နေ့​နေ့လည်​ ၂နာရီအထိ ​ရေကျမသွားသေးပဲ ရှိနေပါတယ်။ ရွှေတချောင်းချောင်းဟာ မတ္ထရာနယ်ကစကပြီး မူလက လှေတွေသွားလာနိုင်ခဲ့ပါတယ်။ ခုအခါမှာတော့ ရေဆိုးမြောင်းအဖြစ် တည်ရှိနေပြီး စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုတွေကြောင့် မိုးရွာတိုင်း ရေလျှံမှုတွေ ဖြစ်နေတာပါ။ ရိုက်ကူး – ဟိန်းကို (VOM) https://www.facebook.com/VoiceofMyanmarNews/videos/524447694667571/  

Read More

ရိုက်တာသတင်းထောက် ၂ ဦး အတွက် ဆုတောင်းပွဲ

ရိုက်​တာသတင်း​ထောက်​(၂)ဦးဖြစ်​သည့်​ ကိုဝလုံး နှင့်​ ကို​ကျော်​စိုးဦး တို့ကို ​ထောင်​ဒဏ်​(၇)နှစ်​ချမှတ်​လိုက်​တာကြောင့်​ မန္တ​လေးမြို့ခံ သတင်း​ထောက်​တွေဟာ ဒီ​နေ့ စက်​တင်​ဘာ(၃)ရက်​ ည​နေပိုင်းက မဟာမြတ်​မုနိဘုရားကြီး မှာ ဆု​တောင်းမှုပြုလုပ်​ခဲ့ကြပါတယ်။ https://www.facebook.com/VoiceofMyanmarNews/videos/318794582011206/  

Read More
VOM News

FREE
VIEW