ဖေဖေါ်ဝါရီ၂၆ မင်းတုန်း ဂျန်ကိုးလ် ( VOM) မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီး မိုင်အမှတ်၁၉၉/၄အနီးမှာ ဒီကနေ့မနက်၉နာရီခန့်ကဘုန်းတော်ကြီးတစ်ပါးမောင်းနှင်လာတဲ့ယာဉ်အမှတ်RLG 4—TOYOTA VOHY ခဲရောင်ဟာ ညာဘက်နောက်ဘီးပေါက်ပြီး ယာဉ်ကြောတဘက်မှာရှိတဲ့ လမ်းဘေးကျွန်းပင်ကိုတိုက်မိကာ တိမ်းမှောက်သွားပြီးဘုရားဖူးလိုက်ပါလာတဲ့ ဒကာဖြစ်သူ ဦးသန်းအောင်ဟာ နေရာမှာပွဲခြင်းပြီးသေဆုံးခဲ့ပါတယ်။ သူတို့ဟာပဲခူးတိုင်း အနောက်ခြမ်းရွှေတောင်မြို့နယ်ထဲကဖြစ်ပြီး ယာဉ်မောင်း သက်တော်၆၀ ဝါတော် ၄၁ ဝါဆရာတော်အပါအဝင် စုစုပေါင်း ၁၀ဦးလိုက်ပါလာကြတယ်လို့သိရပြီး သေဆုံးသူရဲ့ဇနီးနဲ့နောက်၂ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ယာဉ်တိမ်းမှောက်ရာနေရာမှာကူညီနေတဲ့ ရဲအရာရှိတဦးကပြောပါတယ်။ ဖြစ်စဉ်ကိုမြင်လိုက်ရတဲ့ဒေါ်နုမော်က” ဝေါကနဲကြားလိုက်ရပြီး ဖုန်တွေမည်းမှောင်သွားပြီး ဂျိမ်းဆိုသစ်ပင်ကိုတိုက်ပြီးငြိမ်သွားတယ် ကျမလဲဘုရားဖူးကားတွေကို အော်ဟစ်အကူညီတောင်းတယ်တစ်စီးမှမရပ်ကြဘူး အရေးကြီးလို့ပါဆိုပြီးမောင်းသွားကျတယ်။ အနီးအနားအော်ဟစ်တော့လဲ ဘယ်သူမှမလာနိုင်ကြဘူး ဒီအနားမှာက ကျမတစ်အိမ်ထဲရှိတာ”လို့ပြောပါတယ်။ ပုသိမ်မုံရွာလမ်းမကြီး မင်းတုန်းလမ်းပိုင်းမှာ ဘုရားဖူးကားများဟာ နှစ်စဉ်တိမ်းမှောက်တတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ‘…
Read MoreCategory: Uncategorized
ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို နှုတ်ထွက်ခိုင်းတဲ့ကိစ္စ အကြောင်းရင်းမှန်ရှင်းပြဖို့ မင်းတပ်မဲဆန္ဒရှင်များ တောင်းဆို
မင်းတပ် ဖေဖော်ဝါရီ ၂၆-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ်လွှတ်တော်မှာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်းကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို သိခွင့်ရဖို့ မင်းတပ်မြို့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်စား ၁၀ ဦးက လက်မှတ်ထိုးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာတင်တောင်းဆိုလိုက်ပါတယ်။ “ဒီကိစ္စ ဘာဖြစ်လို့ သူ့ကို ဖိအားပေးချင်း ခံရတာလဲ ဆိုတဲ့ဟာက မဲဆန္ဒရှင်တွေ အနေနဲ့ သိခွင့်ရှိတယ်။ ပြည်သူလူထုက သူ့ကို ယုံကြည်လို့ မဲပေးထားတာ။ အခုက ဘာဖြစ်လို့ နားခိုင်းလဲ ဆိုတာ မရှင်ဘူး။ အဂတိလိုက်စားမှုရှိလို့လား ဒါမှမဟုတ် တာဝန်လစ်ဟင်းမှု ရှိလို့လား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး…
Read Moreမန္တလေး ၁၃၀၀ပြည့် အရေးတော်ပုံ နှစ်(၈၀)မြောက် အခမ်းအနားကျင်းပ
မန္တလေး၊ ဖေဖေါ်ဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ၁၉၃၈-၁၉၃၉ခုနှစ်ကာလက ဖြစ်ပွားခဲ့သော ၁၃၀၀ပြည့်အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်(၁၇)ဦးကို ရည်းစူပြီး နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မနက်က မန္တလေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ အာဇာနည် ၁၇ ဦး ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟိန်းကို ရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar#အာဇာနည်၁၇ဦး# ၁၃၀၀ပြည့်အရေးတော်ပုံ
Read Moreဆူဒန်မှာ အစိုးရအဖွဲ့ကို သမ္မတက ဖြုတ်ချပြီး နိုင်ငံအရေးပေါ်အခြေအနေကြေညာ
ခါတွမ်၊ ဖေဖော်ဝါရီ-၂၃-၂၀၁၉ မျိုးဆက် (VOM) ဆူဒန်နိုင်ငံမှာ နိုင်ငံတော်အဆင့် အမျိုးသားအရေးပေါ်ကြေညာချက်တစ်ရပ်ကို သမ္မတအိုမာအယ်ဘာရှီးရာက ထုတ်ပြန်လိုက်ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချကာ ပြည်နယ်အုပ်ချုပ်ရေးမှူးအားလုံးကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်က ရုပ်သံမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ မစ္စတာဘာရှီးရာက အခုလိုကြေညာလိုက်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနေရာမှာ လုံခြုံရေးတပ်ဖွဲ့ကတာဝန်ရှိသူတွေကို အစားထိုးခန့်အပ်လိုက်ပါတယ်။ မစ္စတာဘာရှီးရာဟာ သမ္မတရာထူးကနေ ဆင်းပေးတော့မှာဖြစ်ကြောင်း ဆူဒန်အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန (အင်အိုင်အက်စ်အက်စ်)က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးမှီသီတင်းပတ်များအတွင်းကဖြစ်ပေါ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ၎င်းကို အဓိကထား ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက် အွမ်ဒူမန်မြို့တွင်းရှိ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ဖြစ်ပေါ်နေကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြမှုတွေဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် အားထုတ်လုပ်ဆောင်မှုဖြစ်တယ်လို့ သမ္မတအိုမာအယ်ဘာရှီးရာက ပြစ်တင်ပြောဆိုလိုက်ပြီး…
Read Moreနို့စိမ်းတွေမှာ နွားနို့တစက်မှ မပါဝင်ကြောင်း စားသုံးသူရေးရာမှ ဒုညွှန်ချုပ်ပြောကြား
မုံရွာ ဖေဖေါ်ဝါရီ ၂၂-၂၀၁၉ ဗျဂ္ဃ (VOM) ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမမှာ ပြုလုပ်ခမ်းမမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကနေ ဦးဆောင်ပြုလုပ်တဲ့ ယှဉ်ပြိုင်မှု ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကိုမှာ စားသုံးသူရေးရာဦးစီးဌာနက နို့စိမ်းတွေမှာ နွားနို့တစက်မှ မပါကြောင်း ထုတ်ပြောလိုက်တာပါ။ ဒီပွဲကို တက်ရောက်လာတဲ့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက နို့စိမ်းမှာ နို့တစ်စက်မှ မပါတဲ့အကြောင်းကို အပိတ်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ “နို့စိမ်းဆိုပြီးတော့ကျ နွားနို့တစက်မှ မပါပါဘူး။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့ အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်စားကြပါ။ နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့ မပြောပါနဲ့။ ပါဝင်ပစ္စည်းထဲမှာ…
Read Moreပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းမည်
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉ မောင်တာရာ (VOM) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးတွေရဲ့ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားသည် စင်္ကာပူနိုင်ငံမှာ Medical Checkup ပြုလုပ်ခဲ့ရာ အချိန်ကာလ သုံးလအတွင်း အသည်းထဲရှိ အကျိတ်မှာ ၁ ဒသမ ၄၃ စင်တီမီတာ ကနေ ၂ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာပြီး အဲဒီ အကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်နဲ့ ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာတွေ ထံက သိရပါတယ်။ ”ကျန်းမာရေးအခြေအနေကြောင့် ဆရာတော်ကြီးရဲ့ တရားပွဲတွေ ခေတ္တရပ်နားထားတာပါ ။ ဘယ်တော့ ပြန်လည်…
Read Moreပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ ပါတီကိုဘယ်လိုရပ်တည်မလဲ
ရန်ကုန် ဖေဖေါ်ဝါရီ ၁၉ -၂၀၁၉ နေလင်း (VOM) ၈၈ မျိုးဆက်ကျောင်းသားအများစုနဲ့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီဟာ အခုဆိုရင် နိုင်ငံနေရာ အတော်များများမှာ သူတို့ရဲ့ ပါတီရုံးတွေ ဖွင့်လာတာကို တွေ့ရပါတယ်။ ပါတီရဲ့ လက်ရှိအနေအထားနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပထမဆုံးအနေနဲ့ ပါတီရဲ့ လက်ရှိအခြေအနေကို စမေးကြည့်တော့ #ဦးကိုကိုကြီး#
Read Moreဟေတီနိုင်ငံရှိအကျဉ်းထောင်တစ်ခုမှ အကျဉ်းသားအားလုံး ထောင်ဖောက်ပြေး
ပို့အော့ပရင့်၊ ဖေဖော်ဝါရီ-၁၃ မျိုးဆက် (VOM) ဟေတီနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားစုစုပေါင်း ၇၈ဦးလုံးဟာ ချုပ်နှောင်ထားရာမှ ထောင်ဖောက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်က လွတ်မြောက်သွားတယ်လို့ ဟေတီရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ အနီးတစ်ဝှိုက်ရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အာရုံစိုက်နေချိန်မှည အကျဉ်းသားများဟာ အက်ကွင်အကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးသွားတာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟေတီအမျိုးသားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လူလေးဦးထက်မနည်းသေဆုံးခဲ့တဲ့ သမ္မတဂျိုဗွီနယ်မွိုက်စကို ဆန္ဒပြပွဲတွေရက်အနည်းငယ်ကြာပြီးနောက်မှာ ဒီလိုထောင်ဖောက်တဲ့ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အကျဉ်းသားတွေဟာ ရေချိုးချိန်အတွက် ၎င်းတို့ကိုဖမ်းဆီးထားတဲ့ အခန်းတွေကနေ ကနဦးထွက်ခွာခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးရေးမှုး ရပ်ဖ်စတေန်လေဘရိုက်စ်က ဟေတီသတင်းစာတစ်စောင်ကိုပြောပါတယ်။ ထို့နောက်မှာတော့ အခန်းတွေအတွင်းပြန်လည်ဝင်ဖို့ ငြင်းဆန်ကြပြီး အကျဉ်းထောင်ပြင်ပနဲ့ ရဲကင်းစခန်းမှာ ဆန္ဒပြပွဲတစ်ခုက လူတွေကို ရဲတွေကအာရုံစိုက်ဖြေရှင်းနေချိန်မှာ အခွင့်ကောင်းယူပြီး ထောင်ဖောက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။ Ref: BBC Photo : Getty Image
Read Moreကချင်မှာ ထပ်တိုးမယ့်ဝန်ကြီးတနေရာစာကို ပြည်နယ်လွှတ်တော်က သဘောမတူခဲ့ပေမယ့် သမတက ညွန်ကြားလို့ ဒီနေ့သဘောတူခဲ့ရ
မြစ်ကြီးနား ဖေဖေါ်ဝါရီ ၁၁-၂၀၁၉ မရမ်ဂျာထွယ်အောင်(VOM) ၀န်ကြီးဌာန သီးခြားစီ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိတာကြောင့် မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီကနေ့မှာတော့ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီနေ့ကချင် ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူခဲ့တာဖြစ်ပါတယ်။ “ရှေ့မှာဆွေးနွေးသွားတဲ့ကိုယ်စားလှယ်တွေကိုလဲဘာကြောင့်ဘယ်လိုလိုအပ်တယ်ဆိုတာကိုဘယ်လိုလုပ်မလဲဆိုပြီးရှင်းပြပြီးတော့မှအားလုံးလဲဆွေးနွေးမယ်နောက်တစ်ကြိမ်ဆုံဖြတ်ပြီးသာအဆိုကိုနောက်တစ်ခုကနေပယ်ဖျက်ပြီးတော့ပြန်ပြင်ပြီးတော့ဒါကိုနောက်လွတ်တော်မှာသူရဲ့အဆင့်အလိုက်ဆောင်ရွက် သွားစေချင်ပါတယ်”လို့ အင်ဂျန်ယန်းမဲဆန္ဒနယ်(၂)ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒီနေဖေဖော်ဝါရီ၁၁ရက်နေ့ မှာကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့တာပါ။ အဲဒီလိုကန့်ကွက်ဆွေးနွေးတာတွေ ရှိပေမယ့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက…
Read Moreအရည်အသွေးကောင်းတဲ့ ပြည်တွင်းဖြစ်ပစ္စည်းတွေကို ပြည်သူတွေ အားပေးဖို့လိုအပ်နေ
ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉ TGH (VOM) ပြည်တွင်းထွက်ကုန်ဈေးကွက် ရှင်သန်ဖို့ဆိုရင် ပစ္စည်းအရည်အသွေးကောင်းဖို့လိုသလို မြန်မာပြည်သူတွေ ပြည်တွင်းဖြစ်ပစ္စည်းတွေကို အဓိကအားပေးဖို့လိုအပ်နေကြောင်း ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်အချို့က ပြောပါတယ်။ “ အခုဆို လူတွေက အရမ်းသိမြင်လာတယ်။ ပစ္စည်းတစ်ခုထုတ်လိုက်တယ်ဆိုရင် ဒါကိုဘယ်သူက ထုတ်တာလဲ ၊ ဘယ်လိုအာမခံမှုတွေရှိလဲ စသဖြင့် သိချင်ကြတယ်။ ဒါလည်းဖြစ်သင့်ပါတယ်။ ဘာကြောင့်ဆို ဘယ်သူထုတ်မှန်းလည်းမသိဘူး ၊ ဘယ်လိုအာမခံမှုတွေရှိမှန်းလဲမသိဘူးဆိုရင် စားသုံးသူက ဘယ်ရွေးချယ်မလဲ။ အဓိကပြောချင်တာ အရည်သွေးကောင်းဖို့ ၊ ပြည့်မီဖို့အရေးကြီးတယ်။မဟုတ်ရင် ဈေးကွက် မှာလည်းအဆင်မပြေနိုင်ဘူး။”လို့ မြန်မာအစားအစာ ထန်းလျက်ကို အရသာ ၊ ဒီဇိုင်း ဖန်တီးပုံဖော်ပြီး ပြည်တွင်း ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ် ထုတ်လုပ်ဖြန့်ချီနေတဲ့ Tree Food မြန်မာရဲ့ တည်ထောင်သူ မချိုလဲ့အောင်က ပြောပါတယ်။ လက်ရှိပြည်တွင်းထုတ်ကုန်ဈေးကွက်မှာ အမှန်တကယ် အရည်သွေးကောင်းတဲ့ပစ္စည်းတွေရှိသလို အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကိုလည်း တွေ့နေရပါတယ်။ဒါကြောင့်…
Read More