မန္တလေး စက်တင်ဘာ ၁၆ ဖြူဖြူ (VOM) အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက်ပြီး အခန်းတွင်းပိတ်လှောင်ထားခဲ့တဲ့အမှုက တရားခံနှစ်ဦးကို အလုပ်နဲ့  ထောင်ဒဏ် ၁၅ နှစ်စီကျခံဖို့ ဒီနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အခုအမိန့်နဲ့ ပတ်သက်ပြီး မန္တလေး ခရိုင်တရားရုံး ပြန်ကြားရေး အရာရှိဒေါ်မာလာထွဋ်က “တစ်တရားခံဖြစ်တဲ့ ဒေါ်နီနီနုနွယ်က ထောင်ကျတရားခံဖြစ်တဲ့အတွက် ဒီအမှုမှာတော့ ချုပ်ရက်ခံစားခွင့်မရှိတော့ပါဘူး။ နှစ်တရားခံဖြစ်တဲ့ ဒေါ်မိုးမိုးကတော့ ထုတ်နုတ်ခံစားခွင့်ရှိပါတယ်။”လို့ ပြောပါတယ်။ အမှုဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်မိုးမိုးဆိုသူဟာ သူ့ကုန်စုံဆိုင်မှာ အလုပ်ခိုင်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာနေသူ မနန်းမေဇင်ဦးကို ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂ လလောက်အကြာမှာ ကုန်စုံဆိုင် နားလိုက်ရတဲ့အတွက် အိမ်အကူအဖြစ်…
Read MoreCategory: Uncategorized
ပုသိမ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုချက်တွေညှိနိုင်းပြေလည်
ပုသိမ် စက်တင်ဘာ ၄-၂၀၁၉ ကိုအောင် (VOM) ပုသိမ်စက်မူဇုံမှာရှိတဲ့မြန်မာနစ်တင်းMya nmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှာ၂ရက်နေ့ကစတင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ဒီနေ့တတိယမြောက်နေ့မှာပဲပြေလည်မူရရှိခဲ့ပါတယ်။ အလုပ်သမားတွေဟာ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုတာမှာ စက်ရုံဘက်က ၃၉ချက်လိုက်လျောပေးပြီးပေမယ့်ကျန်တဲ့၆ချက်ကိုမပေးတာကြောင့် အလုပ်သမားတွေက ဆက်လက်ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။ စက်ရုံဘက်တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ မနက် ၁၀နာရီခွဲမှာ ထပ်မံညှိနိုင်းခဲ့ကြပြီး ညနေ၄နာရီအချိန်မှာ အချက်အားလုံး သဘောတူခဲ့တယ်လို့ ညှိနိုင်းရေးအဖွဲ့မှာပါဝင်တဲ့ စက်မူဇုန်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးအေးမင်းလတ်က “အားလုံးပြေလည်ပီ အကုန်လုံးလိုက်လျှောပေးလိုက်ပါပီ သူတို့လည်းကျေနပ်ပါတယ်”ပြောပါတယ်။ အခုလိုပြေလည်မူရရှိတဲ့အတွက် ဆန္ဒပြတာကိုရပ်နားပီး စက်ရုံပြန်ပီးလုပ်ငန်းခွင်ဝင်မယ်လို့ အလုပ်သမားခေါင်းဆောင် မနှင်းနုလွင်ကပြောပါတယ်။ “မနက်ဖြန်အားလုံး အလုပ်ပြန်ဆင်းကြပ့ါမယ်။ စည်းလုံးမူအကျိုးကြောင့်ခုလိုရကြတာပါ တစ်ခုပဲရှိတာသမီးတို့ပုဒ်မ၁၉နဲ့စွဲတာ ဖြေလျှော့ ပေးစေခြင်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောခြင်ပါတယ်”လို့လည်း သူကဆိုပါတယ်။ အလုပ်သမားတွေတောင်းဆိုချက်တွေရရှိခဲ့ပေမယ့်လဲ ဦးဆောင်သူ၇ဦးနဲ့ ကူညီသူ၁ဦးကိုတော့ပုသိမ်မြို့မစခန်းက ငြိမ်းစုစီပုဒ်မ၁၉နဲ့ အမူဖွင့်ထားဆဲဖြစ်ပါတယ်။ အလုပ်သမားတွေတောင်းဆိုချက်တွေကတော့ လုပ်ငန်းခွင် အတွင်းရှိ အိမ်သာတံခါးများ…
Read Moreအရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူကို အရေးယူဖို့ ရှမ်းမြောက် အရပ်ဖက် လူမှုအဖွဲ့အစည်း ၂၆ဖွဲ့က တောင်းဆို
စက်တင်ဘာ ၂၊ ၂၀၁၉ VOM ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား အနည်းဆုံး ၈ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့်၊ အရပ်သားတွေ သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပြီး အပြစ်ပေးဖို့ တောင်းဆိုတယ်လို့ ဒီနေ့မှ HST-NSS အဖွဲ့က ထုတ်ပြန်ကြေငြာပါတယ်။ “နှစ်ဖက်တပ်ဖွဲ့တွေက ပြည်သူကို ကာကွယ်ပေးဖို့၊ တရားမျှတမှုရှိဖို့ ဆိုပြီး ဖွဲ့ထားကြတယ်။ ဒါပေမယ့် ကြားက ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီးပစ်နေသလိုမျိုး၊ ထင်ရာမြင်ရာရမ်းပစ်နေသလို ဖြစ်တော့ ဒေသခံတွေ နစ်နာလွန်းလှပါပြီ။…
Read MoreHIV ကလေးတို့ရဲ့ ခိုကိုးရာ
မန္တလေး၊ သြဂုတ် ၁၃ – ၂၀၁၉ ဖြူဖြူ (VOM) HIV ဝေဒနာသည်လို့ကြားရင် ရှောင်ကျဉ်တတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကလည်း ရှိနေသေးတဲ့အချိန်မှာ ဒီရောဂါခံစားနေရသူတွေအတွက် နေ့စဉ်ဖြတ်သန်းမှုတွေက ခက်ခဲပါတယ်။ အထူးသဖြင့် မိဘမရှိတော့တဲ့ HIV ရောဂါသည် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူ့ပတ်ဝန်းကျင်မှာ အများနည်းတူရှင်သန်နိုင်ဖို့ ခက်ခဲသလို အဲဒီကလေးတွေ ကိုယ်တိုင်ကလည်း စိတ်ခွန်အားကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုကလေးတွေအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဧရိယာထဲမှာ သုခရိပ်မြုံဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးက ကြိုဆိုနေပါတယ်။ အသက်တစ်နှစ်ခွဲကနေ ၁၂ နှစ်အတွင်း HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို လူမျိုးဘာသာမရွေး လက်ခံကာ တရားဝင်မွေးစားပြီး ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီကလေးတွေ အိမ်ထောင်ကျတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင်စီးပွားရေးလုပ်ကိုင် အခြေကျသွားတဲ့အထိ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။ သုခရိမ်မြုံဂေဟာကို…
Read Moreဘူးသီးတောင်မြို့နယ်မှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာမှုနဲ့ တပ်ကဖမ်းဆီးထား
ဘူးသီးတောင်၊ သြဂုတ် ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပညာရေးဝန်ထမ်းတစ်ဦးကို မသင်္ကာလို့ဆိုပြီး မနေ့ သြဂုတ် ၅ ရက် မနက်ပိုင်းက တပ်မတော်ကနေ ဖမ်းဆီးသွားပါတယ်။ အဲ့ဒီပညာရေးဝန်ထမ်းဟာ ပြင်ချောင်းကျေးရွာ အမကမှာ တာဝန်ကျနေတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်းဖြစ်ပြီး သရက်ပြင်ကျေးရွာက ကျောင်းသားတွေကို ကျူရှင်ပြပြီးလို့ ကြာညိုပြင်ကျေးရွာကို ပြန်လာတဲ့အချိန် စိုင်းဒင်တံတားမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ “သူ့ကိုဖမ်းတာက သူဟာ သရက်ပြင်ရွာကနေ စာပြလို့ ပြန်လာတဲ့အချိန် စိုင်းဒင်တံတားပေါ်မှာ ဖုန်းဝင်လာလို့ ဖုန်းပြောနေတုန်း တပ်ကဖမ်းသွားတာလို့ သိရတယ်။ သူ့ကိုဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းဆရာဟာ ပြင်ချောင်းကျေးရွာကနေ ထွက်ပြေးလာပြီး ကြာညိုပြင်ကျေးရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းက ကလေးတွေကို ပညာသင်ကြားပေးနေရင်း…
Read Moreပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေဆွေးနွေး
စစ်တွေ၊ ဇူလိုင် ၂၅ -၂၀၁၉ ခိုင်လင်းစံ (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီိ ၁၀ ပါတီခန့်အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို မနေ့ ဇူလိုင် ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ချပြခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဘက်ကလည်း ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူပြုစုတဲ့အခါမှာ တချို့လိုအပ်ချက်တွေနည်းပါးပြီး တိကျသေချာတဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိလာဖို့အတွက် စာရင်းကောက်ယူတဲ့အခါမှာ ဒေသတွင်းကနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေဟာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ပြုစုတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို ဌာနရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာဟာ ခက်ခဲကြောင်းနဲ့ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆန္ဒမဲပေးနိုင်ရေးအတွက်…
Read Moreခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့အစားကျွေးရင် စည်ပင်ဥပဒေအရ အရေးယူမယ်
ရန်ကုန်၊ ဇူလိုင် ၁၂ – ၂၀၁၉ သိင်္ဂင်္ီ(VOM) ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းက လမ်းဘေးခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ အစားကျွေးခဲ့မယ်ဆိုရင်တော့ စည်ပင်သာယာရေးဥပဒေအရ အရေးယူမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ “ကျွေးရင် ကိုယ့်ခြံထဲမှာ ကျွေးပါ။ လမ်းမှာကျွေးတော့ မစားတဲ့သူ၊ စားတဲ့သူ ရှိတယ်။ ခြင်ပေါက်ဖွားမှုလည်း ရှိလာနိုင်တယ်။ ခွေးပေါက်ဖွားမှုလည်း များလာမှာစိုးလို့ ဒီဟာကို ဥပဒေနဲ့တားတာ။ ကျနော်တို့ ထုတ်လိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးပြီးမှ ထွက်လာတာပါ။ ဥပဒေက ရှိတယ်။ ဥပဒေက အသက်ဝင်နေပြီ။”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ မနေ့ ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးလှူဒါန်းခြင်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်တဲ့ အခမ်းအနားမှာ ခွေးလေခွေးလွင့်တွေနဲ့ပတ်သက်ပြီး…
Read Moreဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို တရားစွဲဆို
နေပြည်တော်၊ ဇူလိုင် ၁၀ – ၂၀၁၉ ကိုထွန်း(VOM) အများပြည်သူ စိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ အစဉ်တစိုက် ရေးသားဖော်ပြနေတဲ့ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။ အဲဒီသက္ကမိုးညို အကောင့်ပိုင်ရှင်ဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းဖြစ်ပြီး ဗစ်တိုးရီးယားအမှုမှာ စီအိုင်ဒီရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားတဲ့အတွက်ဆိုကာ ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်ကနေ ဇူလိုင် ၉ ရက်က တရားလိုလုပ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ပျဉ်းမနားရဲစခန်းမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကာ မွန်းလွဲပိုင်းမှာတော့ သိန်းတစ်ရာနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ငွေဒဏ် သိန်း…
Read Moreလှိုင်သာယာကို ခရိုင်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး
ရန်ကုန် ၊ဇူလိုင် ၁၀ – ၂၀၁၉ သိဂီ င်္(VOM) လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းမှာ ဒုတိယလူဦးရေအများဆုံး နေထိုင်တဲ့မြို့ဖြစ်လို့ လက်ရှိဆောင်ရွက်နေတဲ့ မြို့နယ်အဆင့် စီမံအုပ်ချုပ်မှုနဲ့ ဌာနဆိုင်ရာဝန်ဆောင်မှုတွေက လုံလောက်မှုမရှိတာကြောင့် မြို့နယ်ကနေ ခရိုင်အဆင့်တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဲဒီလိုသတ်မှတ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်က သိရပါတယ်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လှိုင်သာယာမြို့နယ်ဟာ လူမှုရေး၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ရှုထောင့်တွေအရ စီမံခန့်ခွဲမှုလက်လှမ်းမီတဲ့နေရာဖြစ်လို့ ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မရှိသေးဘူးလို့ ပြောဆိုခဲ့တာပါ။ နယ်လုံဝန်ကြီး ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်သာယာကို ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မေးခွန်းမေးမြန်းခဲ့တဲ့ လှိုင်သာယာမဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “နေ့စဉ်နဲ့အမျှ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ…
Read Moreနိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ မွေးနေ့ အမှတ်တရ ကျင်းပ
ပုသိမ်၊ ၁ – ၂၀၁၉ ကိုအောင်(VOM) နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ ၅၆ နှစ်ပြည့်မွေးနေ့ကို ပုသိမ်မြို့ တက္ကသိုလ်ကန်တင်းမှာ ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ ပုသိမ်က တီးဝိုင်း ၉ ဝိုင်းက ဖျော်ဖြေခဲ့ပြီး ကဗျာဆရာ၊ ပန်းချီဆရာတွေကလည်း ကဗျာရွတ်တာတွေ၊ ပုံတူပန်းချီဆွဲတာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ထူးအိမ်သင်ဟာ ၁၉၆၃ ခုနှစ်မှာ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ပြည်တော်သာအိမ်ယာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အ.မ.က၂၀၊ အ.ထ.က ၃ နဲ့ ပုသိမ်တက္ကသိုလ် (ယခင်ပုသိမ်ကောလိပ်)တို့မှာ တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ မွေးနေ့ အထိမ်းအမှတ်ကတော့ ထူးအိမ်သင် ကျောင်းသားဘဝက ထိုင်ခဲ့ဖူးတဲ့ ကန်တင်းမှာ မွေးနေ့ကို ဂုဏ်ပြုကြတာလို့ သိရပါတယ်။ #voiceofmyanmar #…
Read More