ကချင်မှာ ထပ်တိုးမယ့်ဝန်ကြီးတနေရာစာကို ပြည်နယ်လွှတ်တော်က သဘောမတူခဲ့ပေမယ့် သမတက ညွန်ကြားလို့ ဒီနေ့သဘောတူခဲ့ရ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၁၁-၂၀၁၉

မရမ်ဂျာထွယ်အောင်(VOM)

ဝန်ကြီးဌာန သီးခြားစီ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိတာကြောင့် မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီကနေ့မှာတော့ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။

 

ဒီနေ့ကချင် ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူခဲ့တာဖြစ်ပါတယ်။

 

“ရှေ့မှာဆွေးနွေးသွားတဲ့ကိုယ်စားလှယ်တွေကိုလဲဘာကြောင့်ဘယ်လိုလိုအပ်တယ်ဆိုတာကိုဘယ်လိုလုပ်မလဲဆိုပြီးရှင်းပြပြီးတော့မှအားလုံးလဲဆွေးနွေးမယ်နောက်တစ်ကြိမ်ဆုံဖြတ်ပြီးသာအဆိုကိုနောက်တစ်ခုကနေပယ်ဖျက်ပြီးတော့ပြန်ပြင်ပြီးတော့ဒါကိုနောက်လွတ်တော်မှာသူရဲ့အဆင့်အလိုက်ဆောင်ရွက် သွားစေချင်ပါတယ်”လို့ အင်ဂျန်ယန်းမဲဆန္ဒနယ်(၂)ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒီနေဖေဖော်ဝါရီ၁၁ရက်နေ့ မှာကျင်းပတဲ့  ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့တာပါ။

 

အဲဒီလိုကန့်ကွက်ဆွေးနွေးတာတွေ ရှိပေမယ့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက မဲခွဲ ဆုံးဖြတ်တာ မလုပ်တော့ဘဲ သမ္မတရဲ့ ညွှန်ကြားချက်အရ  နှုတ်နဲ့သာ လွှတ်တော်မှာ သဘောတူသလားလို့ မေးမြန်း အတည်ပြုခဲ့တာပါ။

 

ဒါအပြင် နောင်မွန်မဲဆန္ဒနယ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က “လွှတ်တော်သဘောတူညီမှုတွေကိုဘာကြောင့်ယူသင့်သလဲဘာကြောင့်ယူရတယ်သမ္မတ အနေနဲ့လည်းဆောင်ရွက်ခွင့်ရှိတယ်ရှိတဲ့အပေါ်မှာလွှတ်တော်သဘောတူညီမှုယူ ခြင်းဟာ စပရေးရှင်းအောန်ပါဝါအရ ဘတ်ဂျတ်ကိစ္စတွေဟာ နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရမဲ့ကိစ္စတွေရှိတယ် ” လို့ ပြောပါတယ်။

 

ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် ၂ ခုခွဲပြီး ဖွဲ့စည်းမှာဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၈ ခု၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ၄ ခု စုစုပေါင်း ၁၂ ခု  ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပါတယ်။ အခုထပ်တိုးလိုက်ကြီးဌာနရဲ့ ၀န်ကြီး အမည်စာရင်းကို ပြည်နယ်လွှတ်တော်မှာအတည်ပြုခန့်အပ်ရဦးမှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW