မြစ်ကြီးနား ဖေဖေါ်ဝါရီ ၁၁-၂၀၁၉ မရမ်ဂျာထွယ်အောင်(VOM) ၀န်ကြီးဌာန သီးခြားစီ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိတာကြောင့် မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီကနေ့မှာတော့ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီနေ့ကချင် ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် မဖြစ်မနေ ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုပြီး ထပ်မံညွှန်ကြားလာတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အဆုံးအဖြတ် ရယူခဲ့တာဖြစ်ပါတယ်။ “ရှေ့မှာဆွေးနွေးသွားတဲ့ကိုယ်စားလှယ်တွေကိုလဲဘာကြောင့်ဘယ်လိုလိုအပ်တယ်ဆိုတာကိုဘယ်လိုလုပ်မလဲဆိုပြီးရှင်းပြပြီးတော့မှအားလုံးလဲဆွေးနွေးမယ်နောက်တစ်ကြိမ်ဆုံဖြတ်ပြီးသာအဆိုကိုနောက်တစ်ခုကနေပယ်ဖျက်ပြီးတော့ပြန်ပြင်ပြီးတော့ဒါကိုနောက်လွတ်တော်မှာသူရဲ့အဆင့်အလိုက်ဆောင်ရွက် သွားစေချင်ပါတယ်”လို့ အင်ဂျန်ယန်းမဲဆန္ဒနယ်(၂)ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒီနေဖေဖော်ဝါရီ၁၁ရက်နေ့ မှာကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့တာပါ။ အဲဒီလိုကန့်ကွက်ဆွေးနွေးတာတွေ ရှိပေမယ့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက…
Read MoreDay: February 11, 2019
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မန္တလေးမြို့မှာ ထောက်ခံပွဲပြုလုပ်
မန္တလေး၊ ဖေဖေါ်ဝါရီ ၁၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ ၂၀၀၈အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ထောက်ခံပွဲတစ်ရပ်ကို ဒီကနေ့ညနေပိုင်းက မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read Moreမြိတ်ကျွန်းစု နေ့ချင်းပြန်ခရီစဉ်အတွက် နိုင်ငံခြားသားတွေကို ဇုန်ဝင်ကြေး ၅၀၀၀ိ စမ်းသပ် ကာလသတ်မှတ်ကောက်ခံနေ
ရန်ကုန် ဖေဖော်ဝါရီ ၁၁ -၂၀၁၉ TGH ( VOM) မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း နေ့ချင်းပြန်ခရီစဉ်သွားရောက်မယ့် နိုင်ငံခြားသားတွေ ဇုန်ဝင်ကြေး အဖြစ် မြန်မာကျပ်ငွေ ၅၀၀၀ ကို စမ်းသပ် ကာလအနေနဲ့ စတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေသိရပါတယ်။ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ တနသာရီတိုင်းအတွင်းမှာရှိတဲ့ ခရီးစဉ်ဒေသတွေကို အန္တရာယ်ကင်း ၊ စိတ်ချမ်းသာစွာနဲ့သွားလာနိုင်စေ လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ခြင်းအတွက် ယခုလို နိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး၅၀၀၀ ကောက်ခံတာဖြစ်တယ်လို့သိရပါတယ်။ စပိန်ဘာသာ ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုဝင်းမင်းစိုးက “ ဇုန်ဝင်ကြေးကောက်တဲ့အပေါ် တော့ မဝေဖန်ချင်ပါဘူး။ တစ်ခုပဲရှိတယ် အဲ့ဒီဒေသရဲ့ သဘာဝ တရားတွေမပျက်စီးသွားဖို့တော့ ထိန်းသိမ်း စေချင်တယ်။ ပျက်စီးသွားမှ ပြန်ထိန်းသိမ်းဖို့ ဆိုတာထင်သလောက်မလွယ်ကူပါဘူး။ အခုဆို ထားဝယ် ၊မြိတ်ဘက်က အရမ်းလှတယ်။ နိုင်ငံခြားသားတွေအရမ်းကြိုက်တယ်။ မြန်မာတွေလည်း ကြိုက်ကြတယ်။ ဒါပေမယ့်တော်ရုံလူအဲ့ဒီဘက် မသွားနိုင်သေးဘူး။…
Read Moreချောင်းတူကျေးရွာမှာ လူဦးရေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာသားတွေ ကြောက်ရွံ့
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရွာသားတွေထွက်ပြေးသွားခဲ့ကြတဲ့အတွက် ချောင်းတူကျေးရွာမှာ ဒီကနေန့နံနက်ပိုင်းက လူဦးရေစာရင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါ။ အဲ့ဒီကျေးရွာသားတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် မနေ့ကထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း တပ်မတော်က စစ်ဆေးမှုတွေရှိနေတဲ့အတွက် ကျေးရွာသို့ပြန်လည်သွားရောက်ဖို့ ကြောက်ရွှံ့နေကြကြောင်း ရွာသားတချို့ပြောပါတယ်။ “မနေ့ကတော့ ရွာဘေးမှာတိုက်ပွဲတွေဖြစ်နေတော့ ကြောက်ပြီး ထွက်ပြေးလာခဲ့တာပေါ့။ ဒီမနက်မှာလည်း ရွာကဘုန်းကြီးကျောင်းမှာ စစ်သား ၃၀ လောက် စုနေတယ်လို့ရွာမှာကျန်ခဲ့သူတွေပြောတယ်။ ပြီးတော့ အိမတွေကို လူဦးရေစာရင်းတွေစစ်နေတယ်။ ထွက်ပြေးသွားတဲ့သူတွေမလာကြနဲ့ စိုးရိမ်ရတယ်လို့ပြောပါတယ်။ ဒါကြောင့် ကျွန်မတို့ရွာကိုသွားဖို့ ကြောက်နေပါတယ်။”လို့ ထွက်ပြေးလာခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲမှာ မနေ့ကနေ့လည် ၂ နာရီလာက်ကနေစတင်ပြီးတော့ ညနေ ၆ နာရီလောက်အထိဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေကတော့ ဒီကနေ့မနက်ပိုင်းအထိ ထွက်ပြေးနေကြတုန်းဖြစ်ပါတယ်။ “ရွသားတွေကတော့ ဒီမနက်အထိ ပြေးနေကြတုန်းပါပဲ။ နီးစပ်ရာရွာတွေ၊ သူတို့ဆွေမျိုးတွေရှိတဲ့ရွာတွေ အကုန်လုံးပြေးကြတာပါ။…
Read Moreအရည်အသွေးကောင်းတဲ့ ပြည်တွင်းဖြစ်ပစ္စည်းတွေကို ပြည်သူတွေ အားပေးဖို့လိုအပ်နေ
ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉ TGH (VOM) ပြည်တွင်းထွက်ကုန်ဈေးကွက် ရှင်သန်ဖို့ဆိုရင် ပစ္စည်းအရည်အသွေးကောင်းဖို့လိုသလို မြန်မာပြည်သူတွေ ပြည်တွင်းဖြစ်ပစ္စည်းတွေကို အဓိကအားပေးဖို့လိုအပ်နေကြောင်း ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်အချို့က ပြောပါတယ်။ “ အခုဆို လူတွေက အရမ်းသိမြင်လာတယ်။ ပစ္စည်းတစ်ခုထုတ်လိုက်တယ်ဆိုရင် ဒါကိုဘယ်သူက ထုတ်တာလဲ ၊ ဘယ်လိုအာမခံမှုတွေရှိလဲ စသဖြင့် သိချင်ကြတယ်။ ဒါလည်းဖြစ်သင့်ပါတယ်။ ဘာကြောင့်ဆို ဘယ်သူထုတ်မှန်းလည်းမသိဘူး ၊ ဘယ်လိုအာမခံမှုတွေရှိမှန်းလဲမသိဘူးဆိုရင် စားသုံးသူက ဘယ်ရွေးချယ်မလဲ။ အဓိကပြောချင်တာ အရည်သွေးကောင်းဖို့ ၊ ပြည့်မီဖို့အရေးကြီးတယ်။မဟုတ်ရင် ဈေးကွက် မှာလည်းအဆင်မပြေနိုင်ဘူး။”လို့ မြန်မာအစားအစာ ထန်းလျက်ကို အရသာ ၊ ဒီဇိုင်း ဖန်တီးပုံဖော်ပြီး ပြည်တွင်း ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ် ထုတ်လုပ်ဖြန့်ချီနေတဲ့ Tree Food မြန်မာရဲ့ တည်ထောင်သူ မချိုလဲ့အောင်က ပြောပါတယ်။ လက်ရှိပြည်တွင်းထုတ်ကုန်ဈေးကွက်မှာ အမှန်တကယ် အရည်သွေးကောင်းတဲ့ပစ္စည်းတွေရှိသလို အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကိုလည်း တွေ့နေရပါတယ်။ဒါကြောင့်…
Read Moreမာန်အောင်ကမ်းခြေမှာ သင်္ဘောနစ်မြုပ်မှု လှေအခက်အခဲကြောင့် ကယ်ဆယ်ရေးမလုပ်နိုင်သေး
မာန်အောင်၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် တောင်ပိုင်း ပင်လယ်ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့နယ်အနီးမှာ ဒီကနေ့မနက်ပိုင်းကရာသီဥတုဆိုးရွား မှုကြောင့် သင်္ဘောတစ်စီးနစ်မြုပ်သွားခဲ့တာကြောင့် သင်္ဘောပေါ်မှာပါလာသူတွေ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ မာန်အောင်ကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး လဖက်ကျွန်းမီးပြတိုက်ကို ပြုပြင်ဖို့သွားတဲ့အချိန် နံနက် ၄ နာရီခွဲလောက်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ “မီးပြတိုက်ကိုပြင်ဖို့သွားတဲ့သင်္ဘောနစ်မြုပ်သွားတာဟုတ်ပါတယ်။ သင်္ဘောပေါ်မှာတော့ လူအကုန်လုံး ၂၅ ဦးပါသွားတယ်။ လောလောဆယ်တော့ အဲဒီနေရာကိုသွားဖို့အတွက် လှေမရှိလို့ ကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။ မထမသွားတဲ့လှေကလည်း ငါးဖမ်းလှေတွေဆိုတော့ လှိုင်းအနေအထားကြောင့် နောက်တစ်ခေါက်သွားလို့မရဖြစ်နေတယ်။”လို့ မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေကပြောပါတယ်။ ဒါ့အပြင် အဲဒီသင်္ဘောနစ်မြုပ်ရာမှာပါဝင်သူတွေထဲက ၇ ကိုတော့ ငါးဖမ်းလှေတွေကနေ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကာ ကျန်တဲ့အလောင်းတွေကိုတော့ ထပ်မံရှာဖွေမှုတွေပြုလုပ်နိုင်ဖို့ အခက်အခဲရှိနေသေးတာဖြစ်ပါတယ်။ “အဲဒီသင်္ဘောက ဆိပ်ကမ်းအာဏာပိုင်ကသင်္ဘောပါ။ အခုဆိပ်ကမ်းအားဏာပိုင်ကနေ သင်္ဘောနဲ့လာနေတယ်လို့ပြော တယ်။ ဖြစ်တာက မနက်ပိုင်းမှာ လှိုင်းကြီးပြီးတော့ အဲဒီလှိုင်းပုတ်တဲ့ဒဏ်နဲ့ သင်္ဘောမှန်ကွဲသွားတယ်။…
Read Moreဝန်ကြီးနှစ်ပါး နှုတ်ထွက်ပေးဖို့ ကရင်နီလူငယ်များတောင်းဆို
လွိုင်ကော် ဖေဖေါ်ဝါရီ ၁၁-၂၀၁၉ ထူးသာဦး (VOM) ဗိုလ်ချုပ်ကြေးရုပ်ထုကိစ္စဖြစ်မြောက်ဖို့ ဦးဆောင်ခဲ့တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာကိန်းဝန်ကြီး ဦးမော်မော်ကိုနှုတ်ထွက်ပေးဖို့ ကရင်နီလူငယ်ထုကတောင်းဆိုလိုက်ပါတယ်။ ဒီနေ့ ကယားပြည်နယ်လွှတ်တော်ဝင်းမှာရှိတဲ့ ဟစ်တိုင်ရင်ပြင်မှာ ကြေးရုပ်ထုကိစ္စနဲ့ပတ်သက်ပြီးဆန္ဒပြပွဲမှာ ကရင်နီလူငယ်တွေကတောင်းဆိုလိုက်တာပါ။ ကြေးရုပ်ထုကိုတည်ပြီး လွိုင်ကော်ကို ခိုးကြောင်ခိုးဝှက်ယူလာပြီးနောက်ပိုင်း ပြည်နယ်တွင်းမှာ ပြသနာဖြစ်တာတွေ၊ လူထုအချင်းချင်းကြားမှာစိတ်ဝမ်းကွဲတာတွေဖြစ်နေတဲ့အပြင် လူငယ် ငါးဆယ်ကျော်တရားစွဲဆိုခံနေရတာတွေဟာ ရုပ်ထုစတင်ခဲ့တဲ့ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်မှာ တာဝန်ရှိပေမဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကြောင့် နုတ်ထွက်ပေးဖို့ လိုတယ်လို့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေးက ဒီနေ့ဆန္ဒပြပွဲမှာပြောပါတယ်။ ” ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဦးမော်မော် အလိုက်တသိနှုတ်ထွက်ပေးပါ၊ ဒီကြေးရုပ်ကိစ္စကို ကျနော်တို့က ကိုယ့်ဌာနေတိုင်းရင်းသားအခွင့်အရေးအတွက်ကန့်ကွက်တယ် ဒါကိုလူငယ် ငါးဆယ်ကျော်ကိုတရားစွဲတယ် ၊ ပြီးတော့ ကြေးရုပ်စိုက်ထူဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်တွင်းကလူထုတွေကိုရန်တိုက်တယ်၊ ဒါတွေအားလုံးအတွက်ဝန်ကြီးချုပ်နဲ့ ဦးမော်မော်မှာ တာဝန်ရှိတယ် သူတို့ကကြေးရုပ်ထုကိစ္စ စခဲ့သူတွေကိုး ဒါပေမယ့် အဲ့ကိစ္စအတွက် သူတို့ ဘာတာဝန်မှမယူတော့…
Read Moreရှစ်နှစ်ကြာမှ တစ်ကိုယ်တော်ခွေ ထုတ်လိုက်တဲ့ ချစ်သုဝေ
ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉ သင်းသဒ္ဒါ (VOM) ခေတ်နဲ့သစ်ရဲ့ မေမေဖြစ်တဲ့ အဆိုတော် ချစ်သုဝေကတော့ ရှစ်နှစ်ကြာမှ ကတိလို့ အမည်ပေးထားတစ်ကိုယ်တော်ခွေ ထုတ်လိုက်ပါတယ်။ ”၈ နှစ် ကြာမှ ခွေထွက်တော့ ထရီဇာ ရင်ခုန်တယ် အသစ်တစ်ယောက်လို့ ပြန်ခံစားမိတာပေါ့။ ပရိသတ်တွေလည်း ကိုယ့်သီချင်းတွေ မေ့နေမလားပေါ့”လို့ဆိုပါတယ်။ သူမကတော့ ဒုတိယမြောက် တစ်ကိုယ်တော် “ကတိ” (Promise) တေးအယ် လ်ဘမ်မှာ သီချင်း ၁၀ ပုဒ်ပါဝင်ပြီးတော့ ဝေလ ၊ စံပီး၊ ဇ၀ါ၊ နေ၀ါ နဲ့ လင်းလင်း တို့က ရေးသားဖော်ကျူးပေးထားတယ်လို့သိရပါတယ်။ ဒီခွေမှာ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေပါဝင်ပြီးတော့ ဖေဖော်ဝါရီ ၁၄ ရက်တွင် Bo Bo Music Productionကနေ ဖြန့်ချိမှာပါ။ ” ထရီဇာရဲ့ ဇာတ်ကားကြိုက်ကူးမှုတွေကလည်း…
Read Moreတိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေထပ်တိုး
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉ ခိုင်လင်းစံ(VOM) ဖေဖော်ဝါရီ ၁၀ ရက်နေ့နေ့လည် ၂ နာရီခန့်အချိန်မှာ ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ချောင်းတူကျေးရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဟာ ချောင်းတူကျေးရွာနဲ့ ၆ ဖာလုံလောက်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကနေ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့ကရွာမှာခါတိုင်းနေသလိုပါပဲ။ လွတ်လွတ်လပ်လပ် သွားလာနေကြတာလေ။ မနေ့က ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်တော့ ကြောက်ပြီး ထွက်ပြေးခဲ့ကြတာပေါ့။ ပစ်ခတ်သံတွေက ဆက်တိုက်ကြားလာတယ်။ ရတဲ့ဟာဆွဲပြီး တစ်ရွာလုံးပြေးလာခဲ့တာပါ။”လို့ ယိုးတရုတ်ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေတဲ့ ဦးမြင့်မောင်က ပြောပါတယ်။ အဲဒီကျေးရွာသားတွေဟာ ရွာနဲ့ ၈ မိုင်ဝန်းကျင်လောက်ကွာဝေးတဲ့ ခရီးကိုထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ညနေ ၃ နာရီကျော်လောက်မှာ ယိုးတရုတ်ကျေးရွာကိုရောက်ရှိလာခဲ့ကြတဲ့အတွက် ယိုးတရုတ်ကျေးရွာကနေ နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးအတွက် ယာယီအကူအညီပေးထားတယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ ရွာသူရွာသားတွေနဲ့ အလှူရှင်တွေနဲ့ပူးပေါင်းပြီးတော့ စားရေးသောက်ရေးအတွက်…
Read Moreရန်ကင်းအိမ်ရာဟာ အငှားအိမ်ရာသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ဟု လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဆို
ရန်ကုန် ဖေဖေါ်ဝါရီ ၁၁ -၂၀၁၉ TGH (VOM) ရန်ကုန်တိုင်း ၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းအိမ်ရာမှာ အငှားအိမ်ရာတွေသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ကြောင်းနဲ့ အိမ်အိုအိမ်ဟောင်းတွေကို ပြုပြင်မွမ်းမံဖို့လိုအပ်တယ်လို့ လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဒေါ်နီလာကျော်က ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ရန်ကင်းအိမ်ရာစခန်း ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ “ရန်ကင်းအိမ်ရာဆိုတာ ၁၉၅၂ ခုနှစ်က ဖဆပလ အစိုးရကနေပြီး နိုင်ငံ့ဝန်ထမ်းတွေ ၊ကျဆုံးစစ်သည်မိသားစုတွေ၊ မီးဘေးသင့်တဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးဖို့ဆိုပြီး အငှားအိမ်ရာအနေနဲ့တည်ဆောက်ခဲ့တာဖြစ်တယ်။ ကျွန်မပြောချင်တာ ဒါတွေက အငှားအိမ်ရာပါ အရောင်းအိမ်ရာမဟုတ်ပါဘူး။ ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ပါဘူး ခုဒီတိုက်တွေကအိုကုန်ပြီ နှစ် ၅၀ အထက် တချို့ဆို နှစ် ၃၀ အထက်ဆိုတော့ အိုဟောင်းကုန်ပြီ အဲ့လိုအချိန်မှာပြုပြင်ဖို့မွမ်းမံဖို့ လိုလာရင်တော့ ဒါဟာ အစိုးရမှာတာဝန်ရှိတယ်” လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောဆိုခဲ့ပါတယ်။ အစိုးရပြောင်းသွားခဲ့ရင်တောင် ရန်ကင်းအိမ်ရာသစ်စီမံကိန်းဖော်ဆောင်မှုက ရပ်သွားမှာမဟုတ်ကြောင်း…
Read More