အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်သူ ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

 

ကွာလာလမ်ပူ၊ စက်တင်ဘာ -၂၆ -၂၀၁၉

မျိုးဆက် (VOM)

 

 

အိမ်နီးချင်း အင်ဒိုနီးရှားသားအများစုအပါအ၀င် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်သူလို့  သံသယရှိသူ ၁၅ ဦးကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်မှာထုတ်ပြန်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာကို အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့  သေနတ်သမားတွေက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့  ၂၀၁၆ ဇန်န၀ါရီနောက်ပိုင်းကတည်းက မလေးရှားနိုင်ငံဟာ အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်ပြီး အမြင့်ဆုံးတပ်လှန့်ထားပါတယ်။

 

အကြမ်းဖက်သံသယရှိသူတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတွေအတွင်း နိုင်ငံတစ်ဝန်း စီးနှင်းရှာဖွေမှုတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မလေးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ မိုင်ဒင်ပစ်ချေးက ပြောပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနှစ်ခုအတွင်း ဆာဘတ်ပြည်နယ်ရှိ မလေးရှားနိုင်ငံသားနှစ်ဦးနဲ့  အသက် ၂၅ နှစ်အရွယ်ရှိ အင်ဒိုနီးရှား စိုက်ပျိုးရေးလုပ်သားတစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဂျိုလိုရှိ ခရစ်ယာန်ဘုရားကျောင်းကို အသေခံဗုံးခွဲ တိုက်ခိုက်မှုပြုခဲ့တဲ့  အိမ်သားငါးဦးရှိ မိသားစုကို အကြမ်းဖက်သင်တန်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။

 

ဒါ့အပြင်  သံသယရှိသတွေဟာ လူ ၁၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို ငါးလကြာထိန်းချုပ်ထားခဲ့တဲ့ စစ်သွေးကြွအဖွဲ့အတွက် ရန်ပုံငွေများပေးအပ်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်တဲ့သံသယနဲ့ မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။

 

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #အိုင်အက်စ် #အင်ဒိုနီးရှား #မလေးရှား

 

Related posts

VOM News

FREE
VIEW