ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး

ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး

ပလက်ဝ၊ ဒီဇင်ဘာ-၅ ၊ ၂၀၁၉
မင်းရန်နိုင်(VOM)

ပလက်ဝမြို့နယ်ထဲမှာ ပလက်ဝနဲ့ တောင်ပြိုကျေးရွာ ပြေးဆွဲနေတဲ့ စက်လှေတစ်စင်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

“စက်လှေပျောက်သွားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ တောင်ပြိုဘက်က ဆင်းလာချိန်မှာ ဖြစ်သွားတယ်လို့ သိရတယ်။ စက်လှေပေါ်မှာ လူဘယ်နှယောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ စက်လှေပိုင်ရှင်ဖြစ်သူက ပြောပါတယ်။

ဒီစက်လှေပျောက်ဆုံးမှုဟာ ရခိုင့်လက်နက်ကိုင်အဖွဲ့(AA) က ဖမ်းဆီးသွားသလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ခရီးသည်တင်စက်လှေတွေကို AA အဖွဲ့က အရင်က ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပလက်ဝမြို့နယ် ကျီးလေကျေးရွာအနီးမှာလည်း စက်လှေတစ်စီးဖမ်းဆီးခံရဖူးကြောင်း အမည်မဖော်လိုတဲ့ ပလက်ဝမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

#voiceofmyanmar #ပလက်ဝ #AA #စက်လှေတစ်စီးပျောက်ဆုံးနေ

 

Zawgyi

ပလက္ဝၿမိဳ႕နယ္မွာ စက္ေလွတစ္စင္းေပ်ာက္ဆံုး

ပလက္ဝ၊ ဒီဇင္ဘာ-၅ ၊ ၂၀၁၉
မင္းရန္ႏိုင္(VOM)

ပလက္ဝၿမိဳ႕နယ္ထဲမွာ ပလက္ဝနဲ႔ ေတာင္ၿပိဳေက်းရြာ ေျပးဆြဲေနတဲ့ စက္ေလွတစ္စင္း ေပ်ာက္ဆံုးသြားတယ္လို႔ သိရပါတယ္။

“စက္ေလွေပ်ာက္သြားတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ေတာင္ၿပိဳဘက္က ဆင္းလာခ်ိန္မွာ ျဖစ္သြားတယ္လို႔ သိရတယ္။ စက္ေလွေပၚမွာ လူဘယ္ႏွေယာက္ပါသြားတယ္ဆုိတာေတာ့ မသိရေသးဘူး”လို႔ စက္ေလွပိုင္ရွင္ျဖစ္သူက ေျပာပါတယ္။

ဒီစက္ေလွေပ်ာက္ဆံုးမႈဟာ ရခုိင့္လက္နက္ကိုင္အဖြဲ႔(AA) က ဖမ္းဆီးသြားသလားဆိုတာကို အတည္ျပဳႏိုင္ဖို႔အတြက္ AA အဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို တယ္လီဖုန္းကတစ္ဆင့္ ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ခရီးသည္တင္စက္ေလွေတြကို AA အဖြဲ႔က အရင္က ဖမ္းဆီးခဲ့တာေတြ ရွိခဲ့ဖူးၿပီး ပလက္ဝၿမိဳ႕နယ္ က်ီးေလေက်းရြာအနီးမွာလည္း စက္ေလွတစ္စီးဖမ္းဆီးခံရဖူးေၾကာင္း အမည္မေဖာ္လိုတဲ့ ပလက္ဝၿမိဳ႕နယ္ေန ေဒသခံတစ္ဦးက ေျပာပါတယ္။

#voiceofmyanmar #ပလက္ဝ #AA #စက္ေလွတစ္စီးေပ်ာက္ဆံုုးေန

 

Related posts

Leave a Comment

VOM News

FREE
VIEW