အိန္ဒိယမှာ စက်ရုံတစ်ရုံမီးလောင်မှုကြောင့် လူ ၄၀ ဦးသေဆုံး

Unicode

အိန္ဒိယမှာ စက်ရုံတစ်ရုံမီးလောင်မှုကြောင့် လူ ၄၀ ဦးသေဆုံး

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ စက်ရုံတစ်ရုံမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၄၀ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမီးဟာ ဒေလီမြို့ရဲ့ ရပ်ကွက်ဟောင်းတစ်ခုမှာ ဒီဇင်ဘာ ၈ ရက်နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခင်းဖြစ်ရာနေရာသို့ မီးသတ်ကားတွေအလျှင်အမြန်သွားရောက် ငြိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်ကျွမ်းချိန်မှာ အထပ်များစွာရှိတဲ့ အဲဒီ အဆောက်အအုံအတွင်း အလုပ်သမားဒါဇင်ပေါင်းများစွာ အိပ်ပျှော်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပြီး သေဆုံးသူ အရေအတွက် ထပ်မံတိုးမြင့်လာမှာကို စိုးရိမ်နေကြပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်၍ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေအားလုံးပေးဖို့ ဝန်ကြီးချုပ် မိုဒီက အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ မီလောင်ကျွမ်းမှုနဲ့ ပတ်သြက်ပီးဒေလီရှိ မီးသတ်သမားတွေဟာ ဒီဇင်ဘာ ၈ ရက်နံနက် ၅ နာရီ ၂၂ မိနစ်မှာ စတင်သိရှိခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ စက်ရုံဟာ ဒေလီရှိ အကြီးဆုံးဈေးတွေနဲ့ မီးလောင်ကျွမ်းရာကို ရောက်ရှိဖို့ ခက်ခဲစေတဲ့ လမ်းကြောတွေရှိရာနေရာမှာတည်ရှိနေပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လက်ရှိအချိန်ထိ လူ ၅၆ ဦးကိုဆေးရုံတင်ပို့ထားကြောင်း ဒေလီမီးသတ်ဌာန ညွှန်ကြားရေးမှူး အက်တူဂါ့က ပြောဆိုပြီး လောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Ref : BBC
Photo : ANI

#voiceofmyanamar #အိန္ဒိယ #စက်ရုံမီးလောင်

Zawgyi

အိႏိၵယမွာ စက္ရံုတစ္ရံုမီးေလာင္မႈေၾကာင္႔ လူ ၄၀ ဦးေသဆံုး

ေဒလီ၊ ဒီဇင္ဘာ-၈-၂၀၁၉
မိ်ဳးဆက္ (VOM)

အိႏိၵယနိုင္ငံ ေဒလီျမိဳ႔ရိွ စက္ရံုတစ္ရံုမွာ မီးအၾကီးအက်ယ္ေလာင္ကြ်မ္းမႈေၾကာင္႔ လူ ၄၀ ဦးေသဆံုးသြားေၾကာင္း တာ၀န္ရိွသူေတြက ေျပာပါတယ္။

အဲဒီမီးဟာ ေဒလီျမိဳ႕ရဲ႕ ရပ္ကြက္ေဟာင္းတစ္ခုမွာ ဒီဇင္ဘာ ၈ ရက္နံနက္အေစာပိုင္းက ေလာင္ကြ်မ္းခဲ႔တာျဖစ္ျပီး အခင္းျဖစ္ရာေနရာသို႔ မီးသတ္ကားေတြအလွ်င္အျမန္သြားေရာက္ ျငိမ္းသတ္ခဲ႔ရပါတယ္။

မီးေလာင္ကြ်မ္းခ်ိန္မွာ အထပ္မ်ားစြာရိွတဲ႔ အဲဒီ အေဆာက္အအံုအတြင္း အလုပ္သမားဒါဇင္ေပါင္းမ်ားစြာ အိပ္ေပွ်ာ္ေနၾကတယ္လို႔ တာ၀န္ရိွသူေတြက ေျပာဆိုျပီး ေသဆံုးသူ အေရအတြက္ ထပ္မံတိုးျမင္႔လာမွာကို စိုးရိမ္ေနၾကပါတယ္။

မီးေလာင္ကြ်မ္းမႈနဲ႔ပတ္သက္၍ ျဖစ္နိုင္သမွ် ကူညီေထာက္ပံ႕မႈေတြအားလံုးေပးဖို႔ ၀န္ၾကီးခ်ဳပ္ မိုဒီက အာဏာပိုင္ေတြကို ညႊန္ၾကားထားပါတယ္။ မီေလာင္ကြ်မ္းမႈနဲ႔ ပတ္သကျ္ပီးေဒလီရိွ မီးသတ္သမားေတြဟာ ဒီဇင္ဘာ ၈ ရက္နံနက္ ၅ နာရီ ၂၂ မိနစ္မွာ စတင္သိရိွခဲ႔တာျဖစ္ပါတယ္။

မီးေလာင္ကြ်မ္းခဲ႔တဲ႔ စက္ရံုဟာ ေဒလီရိွ အၾကီးဆံုးေစ်းေတြနဲ႔ မီးေလာင္ကြ်မ္းရာကို ေရာက္ရိွဖို႔ ခက္ခဲေစတဲ႔ လမ္းေၾကာေတြရိွရာေနရာမွာတည္ရိွေနပါတယ္။ မီးေလာင္ကြ်မ္းမႈေၾကာင္႔ လက္ရိွအခ်ိန္ထိ လူ ၅၆ ဦးကိုေဆးရံုတင္ပို႔ထားေၾကာင္း ေဒလီမီးသတ္ဌာန ညႊန္ၾကားေရးမွဴး အက္တူဂါ႔က ေျပာဆိုျပီး ေလာင္ကြ်မ္းရတဲ႔အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

Ref : BBC
Photo : ANI

#voiceofmyanamar #အိႏိၵယ #စက္ရံုုမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW