မြောက်ဦးမှာ မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ရခိုင်လူငယ်တစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရ

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းလောက်က မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ဒီကနေ့မနက်ပိုင်းက ရခိုင်လူငယ်တစ်ဦးကို ပေါင်းတုတ်ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မနေ့ညက ပေါင်းတုတ်ရွာမှာနေတဲ့ မူဆလင်လူငယ်နှစ်ဦးဟာ အင်တာနက်လိုင်းသုံးဖို့အတွက် ရွာမြောက်ဖက် လိုင်းရတဲ့နေရာကိုသွားတဲ့အချိန် ရခိုင်စကားပြောတဲ့ လူနှစ်ဦးက ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်နှစ်ဦးကိုဖမ်းဆီးရာ တစ်ယောက်မှာလွှတ်သွားကာ နောက်တစ်ယောက်ကို ဖမ်းခေါ်သွားခဲ့ပြီး ဒီကနေ့မနက်မှာ အလောင်းကို တွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို ဆက်သွယ်မေးမြန်းရာမှာတော့” လူနှစ်ယောက်က သူတို့နှစ်ယောက်ကို သတ်တယ်။ တစ်ယောက်က ထွက်ပြေးလို့လွှတ်သွားတယ်။ တစ်ယောက်က ကျန်လိုက်တယ် လို့ကြားတယ်။ ကျန်တဲ့တစ်ယောက်ကို ရွားသားတွေက ညည့်အချိန်ရှာကြတယ်။ မနက်မိုးလင်းတော့ ရွာအနီးမှာ အလောင်းကိုတွေ့တယ်။” လို့ ပြောပါတယ်။

အခုလိုမျိုး ပေါင်းတုတ်ကျေးရွာက လူငယ်တစ်ဦး သေဆုံးသွားခြင်းဟာ ရခိုင်သားတွေရဲ့ လက်ချက်ကြောင့်ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေရှိနိုင်တဲ့အတွက် ပန်းမှောက်ကျေးရွာက လူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ကြခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီမူဆလင်လူငယ်တစ်ဦးအသတ်ခံရပြီး ဒီကနေ့မနက် ၈ နာရီလောက်မှာ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာကို ဈေးရောင်ရန် ညီမဖြစ်သူကို ပို့ဆောင်သွားပြီး ပြန်အလာမှာ ပေါင်းတုတ်ကျေးရွာက မူဆလင်တွေရဲ့ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်မှုကို ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ရိုက်နှက်ခံရသူဟာ ပန်းမှောက်ကျေးရွာက မောင်မောင်လုံးဖြူ ဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

” သူတို့မောင်နှမနှစ်ယောက်က ဈေးသွားရောင်းတာ။ အပြန်မှာနောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး ဝိုင်းသတ်ကြတယ်။ အဲ့ဒီ ပေါင်းတုတ်ရွာက အမျိုးသမီးတစ်ယောက်က ကယ်ဆယ်တယ် ကျမသားလေးကို သူနဲ့သိကြတယ်။ ကျမတို့ရွာကိုလည်း သေသွားတဲ့သူရဲ့ မိခင်က လာရှာတယ်။ ရခိုင်သားတွေ သတ်တာလို့ ကျမတို့ရွာကိုလာရှာကြတယ်။ ကိုယ့်သားတစ်ယောက် အခုလိုအရိုက်ခံရတော့ စိတ်ထဲမှာမကောင်းဘူး။ ” လို့ မိခင်ဖြစ်သူ ဒေါ်စံခိုင်ဖြူက ပြောပါတယ်။

အဲ့ဒီပေါင်းတုတ်မူဆလင်ရွာနဲ့ ပန်းမှောက်ကျေးရွာဟာ လူတစ်ခေါ်စာမျှဝေးကွာပြီး မည်သည့်ရန်ငြိုးရန်စမျှမရှိကြောင်းကိုလည်း ပန်းမှောက်ကျေးရွာမှ ဒေါ်စံခိုင်ဖြူကပြောပါတယ်။

ဒဏ်ရာရှိသွားတဲ့ မောင်လုံးဖြူမှာ ဦးခေါင်းကွဲသွားတဲ့အတွက် ခြုပ်ထားရကြောင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ပြီး မြောက်ဦးဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုတွေခံယူရာကနေ ကျေးရွာကို ပြန်ရောက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မြောက်ဦး #မူဆလင်တစ်ဦးအသတ်ခံရ #ရခိုင်လူငယ်အရိုက်ခံရ

Zawgyi

ေျမာက္ဦးမွာ မူဆလင္လူငယ္တစ္ဦး အသတ္ခံရၿပီး ရခိုင္လူငယ္တစ္ဦး ဝိုင္းဝန္း႐ိုက္ႏွက္ခံရ

ေျမာက္ဦး၊ ေဖေဖာ္ဝါရီ ၁၉- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္ေက်းရြာမွာ မေန႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ညေနပိုင္းေလာက္က မူဆလင္လူငယ္တစ္ဦး အသတ္ခံရၿပီး ဒီကေန႔မနက္ပိုင္းက ရခိုင္လူငယ္တစ္ဦးကို ေပါင္းတုတ္ေက်းရြာသားေတြက ဝိုင္းဝန္း႐ိုက္ႏွက္မႈ ျဖစ္ပြားခဲ႔တယ္လုိ႔ သတင္းရ႐ွိပါတယ္။

မေန႔ညက ေပါင္းတုတ္ရြာမွာေနတဲ့ မူဆလင္လူငယ္ႏွစ္ဦးဟာ အင္တာနက္လိုင္းသံုးဖို႔အတြက္ ရြာေျမာက္ဖက္ လိုင္းရတဲ႔ေနရာကိုသြားတဲ့အခ်ိန္ ရခိုင္စကားေျပာတဲ႔ လူႏွစ္ဦးက ဆိုင္ကယ္ႏွစ္စီးနဲ႔ လူငယ္ႏွစ္ဦးကိုဖမ္းဆီးရာ တစ္ေယာက္မွာလႊတ္သြားကာ ေနာက္တစ္ေယာက္ကို ဖမ္းေခၚသြားခဲ့ၿပီး ဒီကေန႔မနက္မွာ အေလာင္းကို ေတြ႔႐ွိတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” လူႏွစ္ေယာက္က သူတို႔နွစ္ေယာက္ကို သတ္တယ္။ တစ္ေယာက္က ထြက္ေျပးလို႔လႊတ္သြားတယ္။ တစ္ေယာက္က က်န္လိုက္တယ္ လို႔ၾကားတယ္။ က်န္တဲ့တစ္ေယာက္ကို ရြားသားေတြက ညည့္အခ်ိန္႐ွာၾကတယ္။ မနက္မိုးလင္းေတာ့ ရြာအနီးမွာ အေလာင္းကိုေတြ႔တယ္။” လို႔ ေျပာပါတယ္။

အခုလိုမ်ိဳး ေပါင္းတုတ္ေက်းရြာက လူငယ္တစ္ဦး ေသဆံုးသြားျခင္းဟာ ရခိုင္သားေတြရဲ႕ လက္ခ်က္ေၾကာင့္ျဖစ္တယ္ဆိုတဲ႔ ယူဆခ်က္ေတြ႐ွိႏိုင္တဲ့အတြက္ ပန္းေမွာက္ေက်းရြာက လူငယ္တစ္ဦးကို ဝိုင္းဝန္း႐ိုက္ႏွက္ၾကျခင္းျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲ႔ဒီမူဆလင္လူငယ္တစ္ဦးအသတ္ခံရၿပီး ဒီကေန႔မနက္ ၈ နာရီေလာက္မွာ ေျမာက္ဦးၿမိဳ႕နယ္ ေလာင္းၾကက္ေက်းရြာကို ေစ်းေရာင္ရန္ ညီမျဖစ္သူကို ပို႔ေဆာင္သြားၿပီး ျပန္အလာမွာ ေပါင္းတုတ္ေက်းရြာက မူဆလင္ေတြရဲ႕ဝိုင္းဝန္းဖမ္းဆီး႐ိုက္ႏွက္မႈကို ခံခဲ႔ရတယ္လုိ႔ သတင္းရ႐ွိပါတယ္။
႐ိုက္ႏွက္ခံရသူဟာ ပန္းေမွာက္ေက်းရြာက ေမာင္ေမာင္လံုးျဖဴ ျဖစ္ၿပီး အသက္ ၁၉ ႏွစ္အရြယ္ျဖစ္တယ္လို႔ သိရပါတယ္။

” သူတို႔ေမာင္ႏွမႏွစ္ေယာက္က ေစ်းသြားေရာင္းတာ။ အျပန္မွာေနာက္က ဆိုင္ကယ္နဲ႔လိုက္လာၿပီး ဝိုင္းသတ္ၾကတယ္။ အဲ့ဒီ ေပါင္းတုတ္ရြာက အမ်ိဳးသမီးတစ္ေယာက္က ကယ္ဆယ္တယ္ က်မသားေလးကို သူနဲ႔သိၾကတယ္။ က်မတို႔ရြာကိုလည္း ေသသြားတဲ့သူရဲ႕ မိိခင္က လာ႐ွာတယ္။ ရခိုင္သားေတြ သတ္တာလို႔ က်မတို႔ရြာကိုလာ႐ွာၾကတယ္။ ကိုယ့္သားတစ္ေယာက္ အခုလိုအ႐ိုက္ခံရေတာ့ စိတ္ထဲမွာမေကာင္းဘူး။ ” လို႔ မိခင္ျဖစ္သူ ေဒၚစံခိုင္ျဖဴက ေျပာပါတယ္။

အဲ့ဒီေပါင္းတုတ္မူဆလင္ရြာနဲ႔ ပန္းေမွာက္ေက်းရြာဟာ လူတစ္ေခၚစာမ်ွေဝးကြာၿပီး မည္သည့္ရန္ၿငိဳးရန္စမ်ွမ႐ွိေၾကာင္းကိုလည္း ပန္းေမွာက္ေက်းရြာမွ ေဒၚစံခိုင္ျဖဴကေျပာပါတယ္။

ဒဏ္ရာ႐ွိသြားတဲ့ ေမာင္လံုးျဖဴမွာ ဦးေခါင္းကြဲသြားတဲ့အတြက္ ျခဳပ္ထားရေၾကာင္းနဲ႔ ခႏၶာကိုယ္တစ္ခုလံုးနာက်ဥ္ၿပီး ေျမာက္ဦးေဆးရံုသို႔ပို႔ေဆာင္ကာ ေဆးကုသမႈေတြခံယူရာကေန ေက်းရြာကို ျပန္ေရာက္ေနၿပီျဖစ္တယ္လုိ႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ေျမာက္ဦး #မူဆလင္တစ္ဦးအသတ္ခံရ #ရခိုင္လူငယ္အရိုက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW