မြောက်ဦးမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်

မြောက်ဦး၊ဒီဇင်ဘာ ၆-၂၀၁၈

ခိုင်လင်းစံ(VOM)

မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက် ဆောင်ရွက်နေကြတဲ့အပေါ် ကြိုဆိုထောက်ခံတဲ့ အသည်းနှလုံးထဲကမြောက်ဦး တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပန်းချီဆရာမောင်မောင်စောက ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

မြောက်ဦးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေထဲက သာသနိကအဆောက်အအုံတွေနဲ့သက်ဆိုင်တဲ့ ပန်းချီကားပေါင်း ၃၀ နီးပါးပါဝင်မှာဖြစ်ပြီး အဲဒီပြပွဲဟာ မြောက်ဦးနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။

အဲဒီပန်းချီပြပွဲကို မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ပွဲကိုတစ်ပတ်ခန့်အကြာပြသပေးသွားမှာဖြစ်ပါတယ်။

#voiceofmyanmar#မြောက်ဦး#တစ်ကိုယ်တော်ပန်းချီပြပွဲ#

Related posts

✕
VOM News

FREE
VIEW