ရခိုင်မှာ ခရီးသွားလာမှုရပ်နားနေချိန် ရေယာဉ်ကြံ့ခိုင်မှုပြင်ဆင်နေကြ

ရခိုင်မှာ ခရီးသွားလာမှုရပ်နားနေချိန် ရေယာဉ်ကြံ့ခိုင်မှုပြင်ဆင်နေကြ

စစ်တွေ၊ စက်တင်ဘာ ၂၃- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ပြည်တွင်းရေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းပို့ဆောင်ရေးခရီးစဉ်တွေကို ယာယီရပ်နားထားခဲ့တာဟာ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ဆိုရင် တစ်လကျော်သွားပြီဖြစ်ပါတယ်။

အဲ့ဒီလိုရပ်နားထားရတဲ့ကာလတွေမှာ ရေကြောင်းပို့ဆောင်ပေးတဲ့ရေယာဉ်တွေအနေနဲ့ ကိုဗစ်ကာလပြီးသွားရင် လုပ်ငန်းတွေပြန်စနိုင်ဖို့အတွက် ရေယာဉ်ကြံ့ခိုင်မှုရှိဖို့အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

ရေကြောင်းနဲ့ ကုန်းကြောင်းခရီးစဉ်တွေကို ယာယီရပ်နားထားတယ်ဆိုပေမယ့် ကုန်ကားတွေနဲ့ ကုန်တင်ရေယာဉ်တွေကိုတော့ ဖွင့်ပေးထားတယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး ကုန်းလမ်းခရီးတွေနဲ့ ရေကြောင်းခရီးစဉ်တွေကို ရက်အတော်ကြာပိတ်ထားရတာကြောင့် ပြည်သူတွေအတွက်ရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများရှိနိုင်ပါတယ်။

အထူးသဖြင့် နေ့စားခနဲ့လုပ်ရတဲ့ အခြေခံလူတန်းစားတွေနဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့ စစ်တွေအခြေစိုက် ရွှေပြည်တန် အထူးအမြန်ရေယာဉ် ကုမ္ပဏီရဲ့ မန်နေဂျာ ဦးစံမော်သိန်းက ထောက်ပြပါတယ်။

လက်ရှိ ကပ်ဘေးကာလ ခရီးသွားလုပ်ငန်းတွေရပ်နားထာရတာကြောင့် ရေယာဉ်ကြံ့ခိုင်ရေးအတွက် ရွှေပြည်တန်အမြန်ယာဉ်တွေကို ခိုင်ခံ့အောင်ပြင်ဆင်ထားကြောင်းနဲ့ အခုလိုမျိုးကြိုတင်ပြင်ဆင်ထားတာဟာ လုပ်ငန်းစတဲ့အချိန်မှာ အဆင်သင့်ဖြစ်ဖို့ပြုလုပ်နေတာဖြစ်တယ်လို့ ဦးစံမော်သိန်းကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးကင်စင်ပြီး ပြန်လည်သက်သာလာသူ (၆၂၂) ဦးထိ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီး စက်တင်ဘာလ (၂၁) ရက်နေ့အထိ ရခိုင်ပြည်နယ်တခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ (၂၈၉) ဦးကျန်ရှိပေမယ့် မနေ့ စက်တင်ဘာ (၂၂) ရက်နေ့မှာတော့ ပြည်နယ်တွင်း ပိုးတွေ့လူနာ (၁၆၀) ကျော်ထိမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်း ၈ နာရီက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ (၆၉၅၈) ဦး၊ သေဆုံးသူ (၁၂၉)ဦးထိ ရှိလာပြီးဖြစ်ရာ အဲ့ဒီသေဆုံးလူနာတွေထဲမှာ ရခိုင်ပြည်နယ်က ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္မွာ ခရီးသြားလာမႈရပ္နားေနခ်ိန္ ေရယာဥ္ၾကံ့ခိုင္မႈျပင္ဆင္ေနၾက

စစ္ေတြ၊ စက္တင္ဘာ ၂၃- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၁ ရက္ေန႔ကေန ျပည္တြင္းေရေၾကာင္းခရီးစဥ္ေတြနဲ႔ ကုန္းလမ္းပို႔ေဆာင္ေရးခရီးစဥ္ေတြကို ယာယီရပ္နားထားခဲ့တာဟာ ဒီကေန႔ စက္တင္ဘာလ ၂၃ ရက္ေန႔ဆိုရင္ တစ္လေက်ာ္သြားၿပီျဖစ္ပါတယ္။

အဲ့ဒီလိုရပ္နားထားရတဲ့ကာလေတြမွာ ေရေၾကာင္းပို႔ေဆာင္ေပးတဲ့ေရယာဥ္ေတြအေနနဲ႔ ကိုဗစ္ကာလၿပီးသြားရင္ လုပ္ငန္းေတြျပန္စႏိုင္ဖို႔အတြက္ ေရယာဥ္ၾကံ့ခိုင္မႈရွိဖို႔အတြက္ ျပင္ဆင္ေနၾကတာလည္း ျဖစ္ပါတယ္။

ေရေၾကာင္းနဲ႔ ကုန္းေၾကာင္းခရီးစဥ္ေတြကို ယာယီရပ္နားထားတယ္ဆိုေပမယ့္ ကုန္ကားေတြနဲ႔ ကုန္တင္ေရယာဥ္ေတြကိုေတာ့ ဖြင့္ေပးထားတယ္လို႔လည္း သိရပါတယ္။

အခုလိုမ်ိဳး ကုန္းလမ္းခရီးေတြနဲ႔ ေရေၾကာင္းခရီးစဥ္ေတြကို ရက္အေတာ္ၾကာပိတ္ထားရတာေၾကာင့္ ျပည္သူေတြအတြက္ေရာ စီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ပါ ထိခိုက္နစ္နာမႈေတြ အနည္းနဲ႔အမ်ားရွိႏိုင္ပါတယ္။

အထူးသျဖင့္ ေန႔စားခနဲ႔လုပ္ရတဲ့ အေျခခံလူတန္းစားေတြနဲ႔ မိသားစုဝင္ေတြဟာ စားဝတ္ေနေရးအခက္အခဲေတြရွိေနတယ္လို႔ စစ္ေတြအေျခစိုက္ ေ႐ႊျပည္တန္ အထူးအျမန္ေရယာဥ္ ကုမၸဏီရဲ႕ မန္ေနဂ်ာ ဦးစံေမာ္သိန္းက ေထာက္ျပပါတယ္။

လက္ရွိ ကပ္ေဘးကာလ ခရီးသြားလုပ္ငန္းေတြရပ္နားထာရတာေၾကာင့္ ေရယာဥ္ႀကံ့ခိုင္ေရးအတြက္ ေ႐ႊျပည္တန္အျမန္ယာဥ္ေတြကို ခိုင္ခံ့ေအာင္ျပင္ဆင္ထားေၾကာင္းနဲ႔ အခုလိုမ်ိဳးႀကိဳတင္ျပင္ဆင္ထားတာဟာ လုပ္ငန္းစတဲ့အခ်ိန္မွာ အဆင္သင့္ျဖစ္ဖို႔ျပဳလုပ္ေနတာျဖစ္တယ္လို႔ ဦးစံေမာ္သိန္းကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုဗစ္ ၁၉ ဗိုင္းရပ္ပိုးကင္စင္ၿပီး ျပန္လည္သက္သာလာသူ (၆၂၂) ဦးထိ ေဆး႐ုံကေန ဆင္းခြင့္ရခဲ့ၿပီး စက္တင္ဘာလ (၂၁) ရက္ေန႔အထိ ရခိုင္ျပည္နယ္တခုလံုးမွာ ကိုဗစ္အတည္ျပဳလူနာ (၂၈၉) ဦးက်န္ရွိေပမယ့္ မေန႔ စက္တင္ဘာ (၂၂) ရက္ေန႔မွာေတာ့ ျပည္နယ္တြင္း ပိုးေတြ႕လူနာ (၁၆၀) ေက်ာ္ထိျမင့္တက္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီကေန႔မနက္ပိုင္း ၈ နာရီက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၂၃ ရက္ေန႔ မနက္ပိုင္းအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ (၆၉၅၈) ဦး၊ ေသဆုံးသူ (၁၂၉)ဦးထိ ရွိလာၿပီးျဖစ္ရာ အဲ့ဒီေသဆံုးလူနာေတြထဲမွာ ရခိုင္ျပည္နယ္က ၂ ဦးပါဝင္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW