ပလက်ဝမြို့မှာ စားသောက်ကုန်တွေ ပစ္စည်းမရှိလို့ ဝယ်မရဖြစ်နေ

ပလက်ဝမြို့မှာ စားသောက်ကုန်တွေ ပစ္စည်းမရှိလို့ ဝယ်မရဖြစ်နေ

ပလက်၀ ၊ အောက်တိုဘာ ၁ – ၂၀၂၀
ကိုတိုးကြီး ( VOM)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲ့ အခြေခံ စားသောက်ကုန်စည်ဈေးကွက်ဟာ ဒီမနက် ( အောက်တိုဘာ ၁ ) မှာ ရုတ်တရက်ကြီး မြင့်တက်လာပြီး အခြေခံ စားသောက်ကုန်စည် အရောင်းဆိုင်အများစုက ရောင်းကုန်တွေ ပြတ်လပ်နေတာကြောင့် ဈေးနှုန်းသာရှိပြီး ကုန်ပစ္စည်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ကို သယ်ယူပို့ဆောင်တဲ့ ကုန်စည်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်ဘက်ကနေ တဆင့်သွားလာ ပို့ဆောင်ရတာဖြစ်ပါတယ် ။ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းစဉ်တွေကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ရောင်းစရာပစ္စည်းမရှိဖြစ်နေတာပါ။

“ ပျံကျဈေးမှာ ဆိုင်တွေတော့ ဖွင့်ထားတယ် ၊ ရောင်းစရာ စားသောက်ကုန်က ပြတ်နေပြီ ၊ လူသုံးကုန် သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာ အဲ့လိုဟာမျိုးတွေပဲ ခင်းရောင်းနေရတာ ” လို့ ပျံကျဈေးမှာ ရောင်းချနေတဲ့ ဒေါ်ခိုင်နူး (ခ) ဒေါ်ခိုင်က ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ဒီမနက် ပလက်၀ ပျံကျဈေးရဲ့ ကုန်စည်ပေါက်ဈေးဟာ ပေါ်ဆန်း တစ်အိတ်ကို ၁ သိန်းခွဲကျပ် ၊ ဆန်ကြမ်း တစ်အိတ်ကို ၆ သောင်း ငါးထောင်ကျပ် ၊ စားအုန်းဆီ ၁ ပိသာကို ၈ ထောင် ငါးရာကျပ် ၊ ဆား တပိသားကို ၆ ထောင်ကျပ်နဲ့ ကြက်ဥ ၁ လုံးကို ၅၀၀ ကျပ် ဈေးနှုန်း ပေါက်ဈေးဖြစ်ပေမယ့် ရောင်းချရမယ့် ကုန်ပစ္စည်း မရှိတာကြောင့်ဝယ်ယူရာမှာ အခက်တွေ့ရတယ်လို့လည် သိရပါတယ်။

ဒါ့အပြင် ဆမီမြို့မှာ ပိတ်မိနေတဲ့ ဒီဇယ်ဆီပေပါ (၁၁၇) ပေပါ ရှိနေတာကြောင့် ပလက်ဝမြို့ရဲ့ လျှပ်စစ် မီးလင်းရေး ကိစ္စဟာလည် ဒီကနေ့( အောက်တိုဘာ ၁ )ကစလို့ တကျော့ပြန် ရပ်နားထားရမယ်လို့ သိရပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် လူမှုရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦး ပြောပြတာက “ ကိုဗစ် – ၁၉ ရောဂါကြောင့် သွားလာမှုတွေ ကန့်သတ်ထားတာရှိတယ် ၊ အဆမတန် ဈေးမြှင့်တက်ပြီး စားသောက်ကုန်တွေနဲ့ ဆေးနဲ့ ဆေးဝါးပစ္စည်းတွေကို မရောင်းကြဖို့ ညွှန်ကြားချက် ထုတ်ထားတယ် ၊ လတ်တလောဖြစ်ပေါ်နေတဲ့ ကုန်ပြတ်လပ်မှုနဲ့ မြို့မီးလင်းရေး ကိစ္စတွေကို ထိန်းညှိဆောင်ရွက်နေပါတယ် ” လို့ ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်း ရက်တွေကလည်း အလားတူ ကုန်စည်ပြတ်လပ်မှုတွေဖြစ်ပြီး စားသုံးသူတွေ အခက်အခဲဖြစ်ခဲ့လို့ တပ်မတော်ကလုံခြုံရေးယူပြီး သွားပို့ခဲ့ရပါသေးတယ်။

#voiceofmyanmar #VOM #ပလက်ဝ #စားသောက်ကုန်ပြတ်

Zawgyi

ပလက္ဝၿမိဳ႕မွာ စားေသာက္ကုန္ေတြ ပစၥည္းမရွိလို႔ ဝယ္မရျဖစ္ေန

ပလက္၀ ၊ ေအာက္တိုဘာ ၁ – ၂၀၂၀
ကိုတိုးႀကီး ( VOM)

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ရဲ႕ အေျခခံ စားေသာက္ကုန္စည္ေဈးကြက္ဟာ ဒီမနက္ ( ေအာက္တိုဘာ ၁ ) မွာ ႐ုတ္တရက္ႀကီး ျမင့္တက္လာၿပီး အေျခခံ စားေသာက္ကုန္စည္ အေရာင္းဆိုင္အမ်ားစုက ေရာင္းကုန္ေတြ ျပတ္လပ္ေနတာေၾကာင့္ ေဈးႏႈန္းသာရွိၿပီး ကုန္ပစၥည္း မရွိေတာ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ပလက္ဝၿမိဳ႕ကို သယ္ယူပို႔ေဆာင္တဲ့ ကုန္စည္ေတြဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေက်ာက္ေတာ္ဘက္ကေန တဆင့္သြားလာ ပို႔ေဆာင္ရတာျဖစ္ပါတယ္ ။ ကိုဗစ္ -၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္တဲ့လုပ္ငန္းစဥ္ေတြေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရး လမ္းေၾကာင္းေတြ ပိတ္ထားတဲ့အတြက္ ေရာင္းစရာပစၥည္းမရွိျဖစ္ေနတာပါ။

“ ပ်ံက်ေဈးမွာ ဆိုင္ေတြေတာ့ ဖြင့္ထားတယ္ ၊ ေရာင္းစရာ စားေသာက္ကုန္က ျပတ္ေနၿပီ ၊ လူသုံးကုန္ သြားတိုက္ေဆး ၊ သြားတိုက္တံ ၊ ဆပ္ျပာ အဲ့လိုဟာမ်ိဳးေတြပဲ ခင္းေရာင္းေနရတာ ” လို႔ ပ်ံက်ေဈးမွာ ေရာင္းခ်ေနတဲ့ ေဒၚခိုင္ႏူး (ခ) ေဒၚခိုင္က ေျပာပါတယ္။

ေအာက္တိုဘာ ၁ ရက္ဒီမနက္ ပလက္၀ ပ်ံက်ေဈးရဲ႕ ကုန္စည္ေပါက္ေဈးဟာ ေပၚဆန္း တစ္အိတ္ကို ၁ သိန္းခြဲက်ပ္ ၊ ဆန္ၾကမ္း တစ္အိတ္ကို ၆ ေသာင္း ငါးေထာင္က်ပ္ ၊ စားအုန္းဆီ ၁ ပိသာကို ၈ ေထာင္ ငါးရာက်ပ္ ၊ ဆား တပိသားကို ၆ ေထာင္က်ပ္နဲ႔ ၾကက္ဥ ၁ လုံးကို ၅၀၀ က်ပ္ ေဈးႏႈန္း ေပါက္ေဈးျဖစ္ေပမယ့္ ေရာင္းခ်ရမယ့္ ကုန္ပစၥည္း မရွိတာေၾကာင့္ဝယ္ယူရာမွာ အခက္ေတြ႕ရတယ္လို႔လည္ သိရပါတယ္။

ဒါ့အျပင္ ဆမီၿမိဳ႕မွာ ပိတ္မိေနတဲ့ ဒီဇယ္ဆီေပပါ (၁၁၇) ေပပါ ရွိေနတာေၾကာင့္ ပလက္ဝၿမိဳ႕ရဲ႕ လွ်ပ္စစ္ မီးလင္းေရး ကိစၥဟာလည္ ဒီကေန႔( ေအာက္တိုဘာ ၁ )ကစလို႔ တေက်ာ့ျပန္ ရပ္နားထားရမယ္လို႔ သိရပါတယ္။

ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ၊ ျပည္နယ္ လူမႈေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္ေနသူ တစ္ဦး ေျပာျပတာက “ ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ သြားလာမႈေတြ ကန႔္သတ္ထားတာရွိတယ္ ၊ အဆမတန္ ေဈးျမႇင့္တက္ၿပီး စားေသာက္ကုန္ေတြနဲ႔ ေဆးနဲ႔ ေဆးဝါးပစၥည္းေတြကို မေရာင္းၾကဖို႔ ၫႊန္ၾကားခ်က္ ထုတ္ထားတယ္ ၊ လတ္တေလာျဖစ္ေပၚေနတဲ့ ကုန္ျပတ္လပ္မႈနဲ႔ ၿမိဳ႕မီးလင္းေရး ကိစၥေတြကို ထိန္းညႇိေဆာင္႐ြက္ေနပါတယ္ ” လို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ လဆန္းပိုင္း ရက္ေတြကလည္း အလားတူ ကုန္စည္ျပတ္လပ္မႈေတြျဖစ္ၿပီး စားသုံးသူေတြ အခက္အခဲျဖစ္ခဲ့လို႔ တပ္မေတာ္ကလုံၿခဳံေရးယူၿပီး သြားပို႔ခဲ့ရပါေသးတယ္။

#voiceofmyanmar #VOM #ပလက္ဝ #စားေသာက္ကုန္ျပတ္

Related posts

Leave a Comment

VOM News

FREE
VIEW