ထိုင်းဘုရင်စနစ် လိုလားသူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဖို့ ဆန္ဒပြတောင်းဆို

ဘန်ကောက်၊ နိုဝင်ဘာ-၁၇-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းဘုရင်စနစ်ကိုထောက်ခံတဲ့ ရှပ်ဝါဆန္ဒပြသူရာပေါင်းများစွာဟာ ဒီကနေ့နိုဝင်ဘာ ၁၇ ရက်က ပါလီမန်ပြင်ပမှာ ဆန္ဒပြခဲ့ကြပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို တုံ့ပြန်မှုအဖြစ် ယခင်စစ်အစိုးရက ရေးစွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပယ်ချဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းတောင်းဆိုနေပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုတ်ထွက်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် ဘုရင်စနစ်ထောက်ခံတဲ့ ရှပ်ဝါတွေဟာ ဆန္ဒပြပွဲတွေကို နောက်ပိုင်းမှာလည်း ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဟာ ဘုရင်စနစ်ဖျက်သိမ်းခြင်းကို ဦးတည်သွားလိမ့်မယ်လို့ ဘုရင်စနစ်ထောက်ခံတဲ့ ဆန္ဒပြပွဲခေါင်းဆောင် ဝါရောင်ဒက်ဂစ်တစ်ဂရောင်က ဆန္ဒပြပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်အမတ်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေအတွက ်အဆိုပြုချက်တွေကို ဒီနေ့ဆွေးနွေးနေကြပြီး အချို့သောအရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ဖယ်ထုတ်နိုင်ဖွယ်ရှိတဲ့ နည်းလမ်းအချို့ပါဝင်နေပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ ဝန်ကြီးချုပ်နဲ့ ဖွဲ့စည်းပုံအပေါ် ကနဦးပစ်မှတ်ထားပြီး ဇူလိုင်လကတည်းက ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘုရင်စနစ်ရဲ့ အခန်းကဏ္ဍကို ပိုမိုရှင်းလင်းစွာရှိစေဖို့ တောင်းဆိုလာကြပါတယ်။

Ref : Reuters
Photo: AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

VOM News

FREE
VIEW