ရန်ကုန်တိုင်းက မြို့နယ် ၂၀ မှာ မဲမသမာမှု ခြောက်သိန်းနီးပါးရှိ

ဇန်နဝါရီ ၅-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းရှိ မြို့နယ် ၂၀ အတွင်း၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း ၆သိန်းနီးပါးရှိတယ်လို့ ဒီကနေ့မနက် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရန်ကုန်ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မဲမသမာမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သဃ်န်းကျွန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးက “ကျွန်မယှဉ်ပြိုင်တဲ့ မြို့နယ်မှာ နိူင်ငံသားကတ်တူ/အမည်တူတဲ့သူ ၁၉၇၉ ၊နိူင်ငံသားကတ်မရှိသူ ၃၂၄၆၆ဦး၊ အသက်တစ်ရာနဲ့အထက် ၇၆ ဦး စုစုပေါင်း ၃၄၅၂၀ဦးရှိပါတယ်”လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၀မှာ နိူင်ငံသားစီစစ်ရေးကတ်တူတဲ့သူ ၉၀၇၅၅ ဦး၊ မဲသမာမှုဖြစ်နိူင်ချေရှိတဲ့ နိူင်/ကတ်မရှိသူ ၄၉၆၄၅၉ ဦး၊ အသက်တစ်ရာကျော် ၁၃၇၃ဦး စုစုပေါင်း ၅၈၈၆၀၇ဦးရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း “ဒီမိုကရေစီဆိုတာ စည်းကမ်းနဲ့သွားတာပါ၊ အခုက စည်းကမ်းလည်း မလိုက်နာ၊ ဥပဒေဆိုတာ ဘာမှန်းမသိ၊ ဥပဒေရှိမှန်းလည်းမသိဖြစ်နေတယ်၊ မဲသမာမှုကိစ္စနဲ့ပတ်သတ်ပြီး ကျနော်တို့ဆက်လက်ဆောင်ရွက်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅မြို့နယ်ရှိတဲ့အထဲက မြို့နယ်၂၀ မှာဖြစ်ပွားတဲ့ မဲမသမာမှုဖြစ်စဉ်တွေကို စီစစ်ခဲ့ရာ ခြောက်သိန်းနီးပါးရှိပြီး ကျန်မြို့နယ်တွေကိုလည်း ဆက်လက်စီစစ်ဖော်ထုတ်သွားမှာဖြစ်တယ်လို့ USDP ဒု-ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း တပ်မတော်သတင်းပြန်ကြားရေးက တပ်မ
တော်သားတွေ ဆန္ဒမဲပေးခဲ့တာနဲ့ပတ်သက်ပြီး မဲစာရင်းစီစစ်တွေ့ရှိမှုတွေကို ဆက်တိုက်ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီ ၄ရက်နေ့အထိ ၈ကြိမ်မြောက် မဲစာရင်းကွာဟမှုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ သဘောထားထုတ်ပြန်ချက်တွေ၊ အလားတူဆောင်ရွက်ချက်တွေကို နိုင်ငံရေးပါတီကဖြစ်စေ၊ အဖွဲ့အစည်းတွေကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၀ရက်နေ့က သတိပေးချက်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပြည်ခိုင်ဖြိုး #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW