ခြိမ့်ကေကို(banana) ထောင်ကျသွားတယ်ဆိုတဲ့ သတင်းမှားပျံ့

မန္တလေး၊ ဇန်နဝါရီ ၅-၂၀၂၁
ဆွေလင်းထွန်း(VOM)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာလုပ်တဲ့ မွေးနေ့ပွဲမှာ ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခံထားရတဲ့ ခြိမ့်ကေကို(ခ)ဘနားနား ထောင်ကျသွားပြီဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာပျံ့နေပါတယ်။

အဆိုတော်ယုန်လေးက သူရဲ့လူမှုကွန်ယက်စာမျက်မှာကနေ ခြိမ့်ကေကို သွားရောက်အဖမ်းခံပြီး အချုပ်ကျသွားတဲ့ကိစ္စအပေါ် ဝမ်းနည်းကြောင်းရေးသားထားတဲ့ ပို့စ်အပေါ် အခြေခံပြီး အများပြည်သူ နားလည်မှုလွဲမှားအောင် ဟာသဗဟုသုတသတင်းစုံဂရုမှာ သတင်းမှား ရေးသားထားတာဖြစ်ပါတယ်။

ဒီသတင်းမှားကို လူဦးရေသန်းဂဏန်းရှိတဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်ထားတာဖြစ်ပြီး “ဟာသဗဟုသုတသတင်းစုံ” ဆိုတဲ့ ဂရုမှာတင်ထားတဲ့ သတင်းမှားကိုတော့ နှစ်သက်သူ ၂၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၄၀ကျော်ရှိနေတာ ဖြစ်ပါတယ်။

ခြိမ့်ကေကိုရဲ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး မြစ်သားမြို့နယ်ရဲစခန်းကို မေးကြည့်တော့”သဘာဝဘေးအန္တရယ်ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားတာပါ။ ရဲအချုပ်ထဲမှာကျမ်းကျမ်းမာမျာရှိနေပါသေးတယ်။ လတ်တလော ရုံးတင်တာ မရှိသေးပါဘူး” လို့ VOM ကို ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅/၃၀(က) နဲ့ အမှုဖွင့်ခံထားရတဲ့ ခြိမ့်ကေကို(ခ)ဘနားနားဟာ အစောပိုင်းမှာ တိမ်းရှောင်နေပေမယ့် မနေ့ ဇန်နဝါရီ ၄ရက်နေ့မှာတော့ မြစ်သားမြို့နယ်ရဲစခန်းမှာ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

#VoiceofMyanmar #VOM #FactCheck #သတင်းတုသတင်းမှား #ခြိမ့်ကေကို #ထောင်ကျ #သဘာဝဘေးဥပဒေ

Related posts

✕
VOM News

FREE
VIEW