ကွန်ဂိုသမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းလို့ အီဘိုလာရောဂါ စမ်းသပ်တဲ့ဆေးခန်းကိုတိုက်ခိုက်

ကင်ရှာဆာ၊ ဒီဇင်ဘာ-၂၈
မျိုးဆက် (VOM)

ကွန်ဂိုနိုင်ငံရှိ ဒေသအချို့မှာ သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက အီဘိုလာဖြစ်နိုင်ခြေရှိသူတွေကို စမ်းသပ်နေတဲ့ ဆေးခန်းတစ်ခုကို တိုက်ခိုက်လိုက်ကြပါတယ်။

ဒီလိုတိုက်ခိုက်မှုဟာ ရွေးကောက်ပွဲမဲပေးခြင်းကို ရွှေ့ဆိုင်းခံလိုက်ရတဲ့ အတိုက်အခံတို့ရဲ့ မဲဆန္ဒနယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သော ဘီနီမြို့အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အီဘိုလာ ရောဂါဖြစ်ပွားနေဖွယ်ရှိတဲ့ လူနာအချို့လည်း လွတ်မြောက်သွားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရခြင်းရဲ့ နောက်ကွယ်မှကြောင်းရင်းက အဆိုပါဒေသတွေမှာ အီဘိုလာရောဂါဖြစ်ပွားနေတာကြောင့်ဖြစ်တယ်လို့ ကွန်ဂိုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြ ပြောဆိုပါတယ်။

ဒါပေမယ့် အတိုက်အခံပါတီများကတော့ တာဝန်ရှိသူတွေအနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှု ပြုဖို့ ကြံစည်နေကြောင်း စွပ်စွဲပြောဆိုနေကြပါတယ်။ ဘီနီ၊ ဘူတန်ဘိုနဲ့ နိုင်ငံအနောက်ပိုင်းရှိ ယန်ဘီတို့မှာ မတ်လတိုင်အောင် သမ္မတရွေးကောက်ပွဲ မဲပေးခြင်းကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။

ကွန်ဂိုသမ္မတ ဂျိုးဇက်ကာဘီလာရဲ့ နေရာကိုဆက်ခံမယ့် သမ္မတသစ်ကတော့ လာမည့်လမှာ ကျမ်းကျိမ်မှာဖြစ်ပြီး ဒေသအချို့မှာ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တာကြောင့် လူဦးရေတစ်သန်းကျော်ရဲ့ ဆန္ဒမဲတွေရဲ့ ဆန္ဒမဲတွေ ထည့်သွင်းရေတွက်နိုင်ဖွယ်မရှိပါဘူး။

#voiceofmyanmar#ကွန်​ဂိုသမ္မတ​ရွေး​ကောက်​ပွဲ​ရွှေ့ဆိုင်း#
Ref: CNA/ BBC
Photo : Reuter

Related posts

✕
VOM News

FREE
VIEW