ဖေဖော်ဝါရီ ၂၂-၂၀၂၁
ST
ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ ဖျာပုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ လူဦးရေသိန်းချီပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မနက် ၉နာရီမှာ စတင်ပြီး ဖျာပုံမြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ မြို့တွင်းလှည်လည်ဆန္ဒပြကာ ၁၁နာရီ ဗိုလ်ချုပ်ကြေးရုပ်မှာ အဆုံးသတ်ခဲ့ပါတယ်။
ဆန္ဒပြရာမှာ ဖျာပုံမြို့ပေါ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ၊ စျေးသူ၊စျေးသားတွေအပြင် ဖျာပုံခရိုင်အတွင်းက ကျေးရွာနေပြည်သူတွေပါ ပါဝင်ခဲ့ကြပါတယ်။