ဖဒိုမြို့ငယ်လေးက ဆန္ဒပြစစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲလို့ ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မတ်၂၇-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ငယ်လေးမှာ ဒီနေ့ မတ် ၂၇ရက် မနက်၈ နာရီကျော်လောက်က အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့‌တာကြောင့် ကရင်တိုင်းရင်းသားကြီး တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဖဒိုနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

“ကရင်တိုင်းရင်းသားကြီးက အခင်းဖြစ်နေရာမှ ဆုံးသွားတယ်။ဒဏ်ရာရသူအတော်များပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ဝာာကြောင့် ညောင်လေးပင်‌ဆေးရုံကို လွှဲပို့ထားပေမယ့် စိုးရိမ်ရတယ်။ သုံးဦးကျဆုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” လို့ ဖဒိုနာရေးကူညီမှုသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်တံခါးမြို့နယ် ဖဒိုမြို့ အဝိုင်းနားမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု ဆန္ဒပြသူ ၅၀၀ ကျော်လောက်ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က ချီတက်လမ်းလျှောက်လာကြစဉ် ဖဒိုနယ်မြေရဲစခန်းနားသို့ ရောက်ရှိချိန် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာ အသက် ၅၂ နှစ်အရွယ် ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးကာ ၁၄ ဦးထိခိုက် ဒဏ်ရာရတဲ့အနက် နှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

#VoiceOfMyanmar #VOM #ဖဒို #သေဆုံး

Related posts

✕
VOM News

FREE
VIEW