ဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမီးလောင်မှု လူ ၁၀၀ ကျော်ပိတ်မိနေ

ဟောင်ကောင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
ဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ခေါင်မိုးထပ်မှာ လူ ၁၀၀ ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေကို စောင့်နေကြပါတယ်။
 
မီးလောင်မှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ကို ဆေးရုံပို့ထားတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုပါတယ်။
 
အဆာက်အဦကိုမွန်းမံမှုတွေပြုလုပ်နေတာဖြစ်ပြီး မီးဟာ စက်မှုဆိုင်ရာအခန်းကနေစတင်လောင်ကျွမ်းပြီးနောက် အခြားနေရာကိုပါ ကူးစက်ခဲ့တာဖြစ်ပါတယ်။
 
ဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒဏ်ရာရရှိသူရှစ်ဦးဟာ အသက် ၃၁ နှစ်ကနေ ၇၂ ကြားအရွယ်တွေဖြစ်ပါတယ်။
 
လက်ရှိချိန်ထိ လူ ၁၅၀ ကျော်ကို ကယ်တင်ပြီးဖြစ်ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ မီးလောင်မှုကို အဆင့်သုံးသတ်မှတ်ခဲ့ပြီး အဆင့်ငါးကတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။
 
အထပ် ၃၈ ထပ်ရှိ ဟောင်ကောင်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟာ Gloucester လမ်းမှာတည်ရှိပြီး မီးလောင်မှုကိုတော့ နေ့လယ်စာစားချိန်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
Ref: BBC
Photo: Ms Lai
#voiceofmyanmar #VOM #ဟောင်ကောင်

Related posts

✕
VOM News

FREE
VIEW