ရေဦးမြို့မှာ မနေ့က ၁ ရက်ထဲ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်

မေ ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့မှာ မနေ့ မေ ၁၄ ရက် ၁ ရက်ထဲမှာ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ပထမ ဖြစ်စဥ်က ရေဦးမြို့ရဲ့တောင်ဘက် ၅ မိုင်လောက်ဝေးတဲ့ မစိုးရိမ်ရွာ ယူကလစ်တောထဲမှာ ၂ လောင်းပြိုင်တွေ့ရတယ် ၊ သေဆုံးသူတွေက မောင်ချစ်နိုးနဲ့ ဒေါ်တင်မာဝင်း ဖြစ်တယ် ၊ ဒုတိယ ၂ လောင်းပြိုင်ဖြစ်စဥ်က နှောကုန်းရွာနားက နှောကုန်း – ချမ်းသာ မူးဘောင်လမ်းမှာတွေ့ရတာပါ ၊ သေဆုံးသူတွေက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်ဖြစ်စဥ် ၂ ခုက ရုပ်အလောင်းတွေကို ရေဦးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရှိပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဦးမြို့မှာ ပြီးခဲ့တဲ့ မေ ၁၂ ရက် ၊ ညနေ ၃ နာရီအချိန်က အလားတူ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး ” ညနေ ၃ နာရီခွဲ အချိန်မှာ ရေဦး – ဒီပဲယင်းကားလမ်း ၊ ပြည်တော် မင်းလေးပါး ကျောင်း ၊ လမ်းခွဲမှာ ရုပ်အလောင်း ၂ လောင်း စတွေ့ရတယ် ၊ အဲ့ဒီနောက် ညနေ ၅ နာရီခွဲ အချိန်မှာ ရေဦးမြို့နယ် ၊ ကန်ပေါက်ကျေးရွာအနီး ရေဦး တူးမြောင်း တာဘောင်ပေါ်မှာ နောက်ထပ် ရုပ်အလောင်း ၂ လောင်း ထပ်ပြီးတွေ့ရတယ် ၊ ၁၂ရက် ညနေပိုင်းမှာတင် ရုပ်အလောင်း ၄ လောင်း တွေ့ရတာပါ ” ရေဦးမြို့ခံ လူမှုကူညီရေးအသင်းက ပြောပါတယ်။

ဒါ့အပြင် အခုလ ၆ ရက်နေ့က ရေဦးမြို့နယ် ၊ စည်သာမြေရွာနားက လမ်းမှာ ၂ လောင်းပြိုင် လူသတ်မှု ၁ ကြိမ် ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ရေဦးမြို့နယ်မှာ အခုလ ၁၅ ရက်အတွင်း ၂ လောင်းပြိုင် လူသတ်မှုဖြစ်စဥ် ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo-ပုညကုသလ လူမှုကူညီရေးအသင်း (ရေဦး)
#voiceofmyanmar #VOM #ရေဦး #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW