ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကွယ်လွန်

မေ ၁၈-၂၀၂၂
KK(VOM)

ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေဟာ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ နေအိမ်မှာ ခေါင်းမူးပြီး လဲကျရာကနေ အင်းစိန်ဆေးရုံကို ပို့ဆောင်စဥ် ဆေးရုံအရောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက VOM ကို ပြောပါတယ်။

“ခေါင်းမူးပြီးလဲကျသွားလို့ သူ့သမီးက အင်းစိန်ဆေးရုံကိုပို့တာ၊ ဆေးရုံရောက်မှ ဆုံးသွားတာပါ”လို့ သူကပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေကို ၁၉၃၂ မှာ အဖဦးဘအုန်း အမိဒေါ်လှတင် တို့က တောင်ငူမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။

ဦးသုဝေဟာ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ရရှိထားသူတဦးဖြစ်ပြီး ကျောင်းသားဘဝမှစပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာ ဒေါ်မြသန်းနဲ့အိမ်ထောင်ကျခဲ့ပြီး သား ၂ ယောက်နဲ့သမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်။

၁၉၅၇ ကနေ ၁၉၆၄ အတွင်း ဒုတိယ၀န်ကြီးချုပ်ဦး ကျော်ငြိမ်းရဲ့ ၀န်ထမ်းအတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။

၈လေးလုံး လှုပ်ရှားမှုဖြစ်ပြီးနောက် ၁၀ နှစ်ကျော်ကြာ ထောင်ဒဏ်အပြစ်ပေးခြင်းကိုခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီ (Myanmar) DPM ကို
၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဦးသုဝေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ၁၉၄၈ ခုနှစ်တွင် တောင်ငူခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝမှ ၁၉၈၀ ခုနှစ် ပြည်သူ့ဒီမိုကရက်တစ်ပါတီ၏အထွေထွေအတွင်းရေးမှုးအထိ ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ၁၉၆၇ ခုနှစ်မှာ Bangkok World Daily သတင်းစာမှာ အယ်ဒီတာအဖြစ်ဝင်ရောက်လုပ်ကို
င်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ ထိုင်းနိူင်ငံက Morning Express Daily သတင်းစာမှာ အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သလို ၁၉၉၆ ခုနှစ်မှာလည်း ယူနိုက်တက်သတင်းဌာနမှာ သတင်းအယ်ဒီတာ(UPI)အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာလည်းရှိပါတယ်။

နိုင်ငံတကာအတွေ့အကြုံတွေအနေနဲ့ ထိုင်း၊ စီယွန်၊ အီဂျစ်၊ အစ္စရေး၊ ဩစတြီးယား၊ ဟော်လန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမနီ၊ အင်္ဂလန်နိူင်ငံတွေမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာညီလာခံတွေနဲ့ အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။

လက်တလော ဦးသုဝေဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ရဲ့ ဒုဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ကွယ်လွန်ချိန်မှာ အသက် ၉၀ နှစ် ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒီမိုကရက်တစ်ပါတီ(မြန်မာ) #ဥက္ကဋ္ဌဦးသုဝေ #ကွယ်လွန်

Related posts

✕
VOM News

FREE
VIEW