မူဆယ်က Sai Nyeeဖုန်းဆိုင် ဓားပြတိုက်သူတွေထဲက ၄ဦးကို ဖမ်းဆီးရမိ၊ပစ္စည်းအနည်းငယ်ပြန်ရ

မေ ၁၈-၂၀၂၂
VOM (GG)

မူဆယ်က Sai nyee ဖုန်းဆိုင်ကို ဓားပြတိုက်ခဲ့သူတွေထဲက ပါဝင်သူ ၃ ဦးနဲ့ ကြံရာပါ ၁ ဦးကို ဖမ်းမိထားပြီး ခေါင်းဆောင် ၂ ဦးကိုတော့ အခုထိဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ် ။

လက်ရှိမှာ ဓားပြတိုက်မူအတွင်း ယူဆောင်သွားတဲ့ ဖုန်းအားလုံးရဲ့ ၃ပုံ ၁ပုံကို ပြန်လည်ရရှိပြီး ကျန်တဲ့ဖုန်းတွေကို ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူဆီကနေ သိရပါတယ်။

” မသင်္ကာစရာ လူတချို့ 12 Pro Max ဖုန်းတစ်လုံးကို လိုက်ပြီးရောင်းနေတာကို တပ်မတော်က သတင်းရပြီး ဗိုလ်ကြီးအဆင့်ရှိတဲ့ တာဝန်ရှိသူက ဦးဆောင်ပြီး စစ်ဆေးချိန် သူတို့ကိုင်ထားတဲ့ iPhone အမျိုးအစား ထဲမှာ ဓားပြတိုက်ချိန်က ယူသွားတဲ့ဖုန်းကို ရိုက်ထားတဲ့ Video File ကို Recently Deleted (အမှိုက်ပုံ)မှာ တွေ့တယ်၊ဒါကြောင့်ဖမ်းထားတာပါ “လို့ ကိုစိုင်းညီကပြောပါတယ်။

ဓားပြတိုက်မူ ဖြစ်စဉ်အပြီး CCTV မှတ်တမ်းတချို့ကိုလည်း မူဆယ်မြို့ တာဝန်ရှိသူတွေကို သက်သေအဖြစ် ပေးအပ်ထားပြီးဖြစ်သလို ဆိုင်ဘက်ကလည်း ဓားပြတိုက်ရာမှာပါဝင်တဲ့ လူပုံစံ၊အမှတ်အသားတွေကို ထွက်ဆိုထားပြီး ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူ ၄ ဦးကို မူဆယ်မြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Sai Nyee ဖုန်းဆိုင်ကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ အမည်မသိလက်နက်ကိုင် အမျိုးသား ၅ ဦးက သေနတ်ပြကာ ငွေသိန်း ၁၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုဓားပြတိုက်ယူဆောင်သွားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ဖုန်းဆိုင်ဓားပြတိုက် #ဖမ်းမိ

Related posts

✕
VOM News

FREE
VIEW