ဖခင်ဖြစ်သူက သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာ လက်လွန်ပြီးသေဆုံးသွား၊ ဖခင်ဖြစ်သူကိုဖမ်းဆီး

 

မေ ၂၀-၂၀၂၂
KK(VOM)

ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာကနေ လက်လွန်ပြီးသေဆုံးသွားလို့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မနေ့ မေလ ၁၉ရက် ညနေပိုင်းက ဦးစိုးလွင်ဦးဆိုသူက အသက် ၁၆နှစ်အရွယ်ရှိ သမီးဖြစ်သူ မစုပုံချစ်ကို ရိုက်နှက်ဆုံမရာကနေ လက်လွန်ပြီး သေဆုံးသွားတာကြောင့် ဖဖ်းဆီးခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“သူ့သမီးနဲ့စကားများပြီး သူ့သမီးကိုရိုက်တာ၊ ကောင်မလေးက အိမ်ရှေ့ကို ထွက်ပြေးပြီး လဲကျသွားတယ်၊ ပြီးတော့ အသက်မရှိတော့ဘူး”လို့ သူကပြောပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက”ဖြစ်စဥ်ကမှန်ပါတယ် ၁၈ ရက်နေ့ ညနေကဖြစ်တာ၊ သူအဖေက ဝါးနှီးစိတ်နဲ့လည်းရိုက်တယ် ဖိနပ်နဲ့လည်းရိုက်တယ် လက်နဲ့လည်းရိုက်တယ်၊ အဲ့ဒါကြောင့် ကောင်မလေးသေသွားတာ”လို့ ပြောပါတယ်။

ဖခင်ဖြစ်သူရိုက်နှက်မှုကြောင့် သမီးဖြစ်သူမှာ ဝဲဘက်ပါးဖူးရောင် ဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာ
တွေနဲ့အတူ သေဆုံးသွားပြီး ရုပ်အလောင်းကို ရေကြည်
မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

သမီးဖြစ်သူကို သေသည်အထိရိုက်နှက်ခဲ့တဲ့ ဦးစိုးလွင်ဦးကို ဖမ်းဆီးကာ အသုတ်နယ်မြေရဲစခန်းမှ(ပ)၁၁/၂၀၂၂၊ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထား
တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည် #ဖခင်ဖြစ်သူ #သမီးဖြစ်သူကိုရိုက်နှက်ဆုံးမရာ #လက်လွန်ပြီးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW