ပိတောက်သားတွေ သယ်လာတဲ့ မြန်မာကုန်တင်သင်္ဘောနှစ်စင်းကို ပီနန်ရေပိုင်နက်မှာ မလေးရှားအာဏာပိုင်တွေ ဖမ်းဆီး

ကွာလာလမ်ပူ၊ မေ-၂၂-၂၀၂၂
မျိးဆက်(VOM)

မ လေးရှားနိုင်ငံ ပီနန်ရေပိုင်နက်အတွင်း စစ်ဆေးမှုပြုလုပ်ရာမှာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ တင်ပြနိုင်ခြင်း မရှိတာကြောင့် မြန်မာကုန်တင်သင်္ဘောနှစ်စင်းကို မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA)က မေ ၂၀ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့သင်္ဘောနှစ်စင်းကို ညနေ ၆ နာရီ ၅၀ မိနစ်နဲ့ ညနေ ၆ နာရီ ၅၅ မိနစ်တို့မှာ ပီနန်ဆိပ်ကမ်း အနောက်မြောက်ဘက် ရေမိုင် ၀.၈ မိုင်မှာ အသီးသီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပီနန် MMEA ဒါရိုက်တာ ရေကြောင်းကပ္ပတိန် Abd Razak Mohamed က ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ “THITDI AUNG 3 အမည်ရှိ သင်္ဘောမှာ ကပ္ပတိန် အပါအဝင် အမှုထမ်း ကိုးဦးပါဝင်ပြီး DANA THIDI 9 သင်္ဘောမှာ ကပ္ပတိန် အပါအဝင် သင်္ဘောသား ရှစ်ဦး ပါဝင်ပါတယ်။

သဘော်အမှုထမ်းတွေဟာ အသက် ၂၂ နှစ်ကနေ ၆၄ နှစ်ကြား မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။

“သင်္ဘောနှစ်စင်းလုံးက ရန်ကုန်ကနေ ပီနန်ဆိပ်ကမ်းကို ပိတောက်သားတွေကို သယ်လာပြီး စစ်ဆေးတဲ့အခါမှာတော့ သင်္ဘောနဲ့ အာမခံစာရွက်စာတမ်းတွေကို တင်ပြဖို့ ပျက်ကွက်ခဲ့တာကို စုံစမ်းတွေ့ရှိချက်တွေအရ သိရပါတယ်”လို့ ပီနန်ဆိပ်ကမ်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကပ္ပတိန်နှစ်ဦးနဲ့ အမှုထမ်းနှစ်ဦးကို Batu Uban ရေကြောင်း ရဲစခန်းကို ခေါ်ဆောင်သွားပြီး
အမှုကို ၁၉၅၂ ကုန်သည်သင်္ဘောဥပဒေအရ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref: The Sun Daily
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

✕
VOM News

FREE
VIEW