အမှတ်-၂ ယောချောင်းတံတားမှာ မိုင်းပေါက်လို့ ဖြတ်သန်းခွင့် ယာယီပိတ်

မေ ၊ ၃၁-၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ အုန်းတောကျေးရွာနဲ့ ရေပြာကျေးရွာအကြား ၊ မုံရွာ – ပုသိမ်ကားလမ်းပေါ်က အမှတ် ၂ ယောချောင်းတံတားပေါ်မှာ မနေ့ မေ ၃၀ ရက် ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အဲ့ဒီတံတားပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားတယ်လို့ အုန်းတောရွာခံတွေဆီက သိရပါတယ်။

” မိုင်းကွဲတာက မနေ့ကည ၁၂ နာရီဝန်းကျင်မှာဖြစ်တယ် ၊ တံတားရဲ့ ညာဘက်ခြမ်း ပေါက်ထွက်ပျက်စီးသွားတယ် ၊ ဒီမနက်အထိ ကားလေးတွေ သွားလာနေပေမယ့် ဆောက်လုပ်ရေးဌာနက အခုနေ့ခင်းပိုင်းမှာ လာကြည့်ပြီးနောက်ပိုင်း တံတားကို ယာယီပိတ်လိုက်တာပါ “လို့ အုန်းတောရွာခံတယောက်က ပြောပါတယ်။

အမှတ် ၂ ယောချောင်းတံတားဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံး တံတားကြီး ၂၃ စင်း အနက် ၁ စင်းအပါအဝင်ဖြစ်ပြီး အလျားအရှည် ပေ ၁ ထောင့် ၁ ရာကျော်ရှည်လျားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် အစောပိုင်းက ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းပေါ်က သစ်သား တံတား ၁ စင်းဟာလည်း အလားတူ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက် #ယောချောင်းတံတား #ပေါက်ကွဲမှု #သွားလာမှုယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW