မန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်း အိုးဘိုထောင်ကနေ ပြန်လွတ်လာ

နိုဝင်ဘာ ၈-၂၀၂၂
Voice Of Myanmar

မန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

“ဒီကနေ့ မနက်ကပဲ ပြန်လွှတ်လိုက်တယ်လို့ သိရတယ်၊ လွတ်ရက်ပြည့်လို့ပဲနေမှာပါ”လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒေါက်တာစိုးသန်းရဲ့ မိသားစုကလည်း ဟုတ်မှန်ကြောင်း VOM ကို ပြောပါတယ်။

ဒေါက်တာစိုးသန်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးကနေ ဘေးစီမံပုဒ်မ-၂၅ ၊ ဘေးစီမံပုဒ်မ-၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #ဒေါက်တာစိုးသန်း #ပြန်လွတ်လာ

Related posts

✕
VOM News

FREE
VIEW