တူရကီမှာ ငလျင်အပျက်အစီးတန်ချိန် သန်း ၂၀၀ ကျော်ထိ ဖယ်ရှားရှင်းလင်းရဖွယ်ရှိ

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃
မျိုးဆက်(VOM)

တူရကီတောင်ပိုင်းမှာ ယခုလအစောပိုင်းက လှုပ်ခတ်ခဲ့သောအင်အားပြင်း မြေငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတန်ချိန် ၁၁၆ သန်းကနေ သန်း ၂၁၀ ထိ ဖယ်ရှားရှင်းလင်းရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

လူပေါင်း ၁၇၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ တူရကီငလျင်နောက်ပိုင်း ယခုငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေဟာ ယခင်ကဖြစ်ပေါ်ခဲ့တဲ့ တန်ချိန် ၁၃ သန်းထက် မဆမတန်ကျော်လွန်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (ယူအင်န်ဒီပီ)က ပြောပါတယ်။

အဲဒီခန့်မှန်းချက်ဟာ တူရကီအစိုးရရဲ့ စစ်တမ်းနဲ့ ငလျင်ဘေးသင့်ဒေသတွေရဲ့ ဂြိုဟ်တုဓါတ်ပုံတွေအပေါ် အခြေခံထားပြီး အဆောက်အဦ ၁၁၈၀၀၀ ခန့်ပြိုကျခြင်း သို့မဟုတ် ပြိုကျနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။

ငလျင်ကြောင့် တူရကီပြည်သူ ၁ ဒသမ ၅ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ်သစ်ငါးသိန်းထက်မနည်း ဆောက်လုပ်ဖို့ လိုအပ်ကြောင်း ယူအင်န်ဒီပီရဲ့ တူရကီဌာနေကိုယ်စားလှယ် လူး၀စ်ဆာဗင်တန်က ပြောပါတယ်။

အပျက်အစီးတွေကို အမြန်ဖယ်ရှားရှင်းလင်းရန် လိုအပ်ကြောင်း သူကပြောပါတယ်။

လက်ရှိမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ ယာယီအိမ်ယာတွေမှာ ရွှေ့ပြောင်းနေကြပြီး အိမ်ယာယူနစ်ပေါင်း၂၇၀၀၀၀ ကျော်ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း တူရကီအစိုးရကပြောပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

✕
VOM News

FREE
VIEW