တရုတ်နိုင်ငံ ပေကျင်းရှိ ဆေးရုံမီးလောင်မှု လူနာတွေအပါအ၀င် ၂၁ ဦးသေဆုံး

 

ပေကျင်း၊ ဧပြီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆေးရုံတရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူနာတွေအပါအ၀င် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။

အဲဒီမီးလောင်ကျွမ်းမှုဟာ ပေကျင်းမြို့ရှိ ချန်ဖန်းဆေးရုံမှာ ဧပြီ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၅၇ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၇၁ ဦးကို ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ပို့ခဲ့ပြီးနောက် လူ ၂၁ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ မကြာသေးမီအချိန်တွေအတွင်း မြို့တော်ပေကျင်းမှာဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ရှင်းလင်းစွာမသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ ဆေးရုံများမီးလောင်ကျွမ်းမှုဟာ ရှားရှားပါးပါးဖြစ်ပါတယ်။

လက်ရှိမှာတာ့ အဲဒီဆေးရုံမှာ လူနာများတက်ရောက်ကုသခြင်းတွေကို ပိတ်ပင်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧပြီ ၁၉ ရက်မှာ တာ၀န်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref:NHK

#Voiceofmyanmar #VOM #ပေကျင်းဆေးရုံမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW