ဧပြီ ၂၀ – ၂၀၂၃
GG(VOM)
ရှမ်းပြည်နယ်၊ရပ်စောက်မြို့နယ်၊ဖောင်းတောအုပ်စု၊ဘုရားဖြူရွာ ဘုန်းကြီးကျောင်းမှာ မနေ့ ဧပြီ ၁၉ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားလို့ ဘုန်းကြီးတပါးပျံလွန်တော်မူကာ နောက်ထပ်ဘုန်းကြီးတပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ငွေသိန်း ၂၄၀ လည်းမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသလို ဘုရားဆင်းတုတော်တွေနဲ့ ပစ္စည်းတွေပါ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
” ည ၉ နာရီလောက်မှာ မီးလောင်မှုဖြစ်တယ်၊လောလောဆယ်သိရတာက ဖယောင်းတိုင်မီးကနေတဆင့်လောင်တာလို့သိရတယ်၊ကျောင်းတကျောင်းလုံးလည်း ပျက်စီးတယ်၊ဒဏ်ရာရတဲ့ ဘုန်းကြီးက သူကမီးလောင်တော့ ကျောင်းပေါ်ကနေ ခုန်ချတာလို့သိရတယ်၊နောက်တပါးကတော့ မီးလောင်သေဆုံးတာပါ ” လို့ မီးလောင်ပြင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးကပြောပါတယ်။
မီးလောင်မှုကြောင့် ပျံလွန်တော်မူသွားတာက ဦးသံဝရဘွဲ့အမည်ရှိ ဆရာတော်ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ဘုန်းကြီးကတော့ ဦးသံဝရပိုင် ဆိုတဲ့ ဆရာတော်ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ရပ်စောက်မြို့နယ် သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့မီးဘေးလုံခြုံရေး အဖွဲ့ဝင်တွေ၊ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ရဲတပ်ဖွဲ့နဲ့လူမှုကူညီရေးအသင်းနဲ့ပြည်သူတွေပူးပေါင်းငြိမ်းသတ်ခဲ့ကြတာဖြစ်ပြီး မီးလောင်မှုကိုတော့ အချိန်၂ နာရီကြာငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ရပ်စောက် #ဘုန်းကြီးကျောင်းမီးလောင်မှု #ဘုန်းကြီးတပါးပျံလွန်တော့မှု