ခါတွမ်၊ ဖေဖော်ဝါရီ-၂၃-၂၀၁၉
မျိုးဆက် (VOM)
ဆူဒန်နိုင်ငံမှာ နိုင်ငံတော်အဆင့် အမျိုးသားအရေးပေါ်ကြေညာချက်တစ်ရပ်ကို သမ္မတအိုမာအယ်ဘာရှီးရာက ထုတ်ပြန်လိုက်ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချကာ ပြည်နယ်အုပ်ချုပ်ရေးမှူးအားလုံးကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်က ရုပ်သံမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ မစ္စတာဘာရှီးရာက အခုလိုကြေညာလိုက်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနေရာမှာ လုံခြုံရေးတပ်ဖွဲ့ကတာဝန်ရှိသူတွေကို အစားထိုးခန့်အပ်လိုက်ပါတယ်။
မစ္စတာဘာရှီးရာဟာ သမ္မတရာထူးကနေ ဆင်းပေးတော့မှာဖြစ်ကြောင်း ဆူဒန်အမျိုးသားလုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန (အင်အိုင်အက်စ်အက်စ်)က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးမှီသီတင်းပတ်များအတွင်းကဖြစ်ပေါ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ၎င်းကို အဓိကထား ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။
အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက် အွမ်ဒူမန်မြို့တွင်းရှိ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ဖြစ်ပေါ်နေကြောင်း မျက်မြင်သက်သေတွေက ပြောဆိုပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြမှုတွေဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် အားထုတ်လုပ်ဆောင်မှုဖြစ်တယ်လို့ သမ္မတအိုမာအယ်ဘာရှီးရာက ပြစ်တင်ပြောဆိုလိုက်ပြီး နို်င်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကို တစ်နှစ်သတ်မှတ်ထားတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Ref : BBC
Photo : Getty Images