၀ါရှင်တန်၊ ဇွန်-၂၆-၂၀၂၃
မျိုးဆက်(VOM)
ရုရှားစစ်တပ်ကို ၀ဂ္ဂနာကြေးစားအဖွဲ့ရဲ့ ပုန်ကန်မှုဟာ ရုရှားနိုင်ငံရဲ့ အလွန်ဆိုးရွားတဲ့ အက်ကြောင်းအချို့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သမ္မတပူတင်ရဲ့ ခေါင်းဆောင်မှုကို ပေါ်တင်စိန်ခေါ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖောပြောဆိုလိုက်ပါတယ်။
ပူတင်ရဲ့ ရုရှားအစိုးရနဲ့ စစ်တပ်ကို ၀ဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က လူသိရှင်ကြား ဝေဖန်ပြောဆိုမှုတွေကြောင့် လအတန်ကြာ တင်းမာမှုတွေရှိချိန်မှာ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုက အံ့သြစရာမဟုတ်ကြောင်း ဘလင်ကင်က ပြောပါတယ်။
အဲဒီလို ရုရှားရဲ့ အတွင်းပိုင်းအက်ကြောင်းတွေကစတဲ့ တင်းမာသဘောထားကွဲလွဲမှုတွေဟာ ရုရှားကို စစ်ရေးအရရော စီးပွားရေးအရပါ ကမ္ဘာ့စင်မြင့်မှာ ရပ်တည်မှုကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။
ရုရှားရဲ့ ပြည်တွင်းရေး သဘောထားကွဲလွဲမှုတွေဟာ အခြေအနေဘယ်လိုဆက်သွားမယ်တာ ခန့်မှန်းဖို့မဖြစ်နိုင်ဘူးလို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။
အမေရိကန်ဟာ ရုရှားမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဂရုတစိုက်စောင့်ကြည့်နေပြီး လက်ရှိမှာတော့ ယူကရိန်းမှာ နျူကလီးယားလက်နက်ထုတ်သုံးမယ့် အခြေအနေနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတစုံတရာ မတွေ့ရသေးကြောင်း သူကပြောဆိုပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်