ကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် (၃) ရက်မှာ စံချိန်သစ်တင်ခဲ့

၀ါရှင်တန်၊ ဇူလိုင်-၅-၂၀၂
မျိုးဆက်(VOM)

ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း အမေရိကန် သုတေသီတွေက ပြောပါတယ်။

အဲဒီစံချိန်သစ်ဟာ ၁၉ ရာစုနှောင်းပိုင်းထိ မှတ်တမ်းတင်ထားခဲ့တဲ့ အပူချိန်မှတ်တမ်းတွေထက် စံချိန်တင်ကျော်လွန်ခဲ့ကြောင်း အမေရိကန်သုတေသီတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့လကလည်း ကမ္ဘာ့အပူဆုံးဇွန်လအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ၁၇ ဒသမ ၉၁ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ခဲ့ပြီး ယခင်အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာဖြစ်ပြီး အပူချိန် ၁၆ ဒသမ ၉၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။

အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ လူသားတို့ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေဆက်တိုက်ထုတ်လွှတ်မှုတွေက အပူချိန်မြင့်တက်စေရန် ဒီလိုဖြစ်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းတွေဖြစ်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။

ရာသီဥတုဖောက်မှုတွေကြောင့် ယခုနှစ်ကစပြီး ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင်တွေမှာ အပူချိနတွေ မြင့်တက်လာတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း သုတေသီတွေက သတိပေးထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:STR
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW