ကိဗ်ယက်၊ သြဂုတ်-၈-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားကသတ်ဖြတ်ဖို့ကြံစည်မှုမှာ အမျိုးတဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ယူကရိန်းလုံခြုံရေးတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဇွန်လအတွင်းမှာ ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့တဲ့ မိုင်ကိုလိုင်ဗ်ကို သမ္မတဇီလန်စကီး မသွားရောက်မီ အဲဒီခရီးစဉ်ကို သိရှိဖို့ အဲဒီအမျိုးသမီးက အားထုတ်ကြိုးပမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ အက်စ်ဘီယူကတော့ အဲဒီအမျိုးသမီးဟာ ရုရှားဘက်ကို ထောက်လှမ်းရေးသတင်းတွေပို့ဖို့ ကြိုးစားစဉ် ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
သမ္မတဇီလန်စကီးရဲ့ ခရီးစဉ်မတိုင်မီ အဆိုပါအမျိုးသမီးဟာ သမ္မတရဲ့ အစီအစဉ်တွေကို သိရှိနိုင်ဖို့ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။
သံသယရှိသူသည် ဇူလိုင်လမှာ မစ္စတာဇီလန်စကီးသွားရောက်ခဲ့တဲ့ အိုချာကိဗ်အမည်ရ မြို့ငယ်တွင် နေထိုင်ခဲ့ပြီး စစ်အခြေစိုက်စခန်းတခုရှိ ဆိုင်တဆိုင်မှာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ယူကရိန်းသမ္မတ #လုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူ #ဖမ်းဆီးထိန်းသိမ်းခံရ