မြဝတီမှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်း ၅ ဦး သေဆုံး ၁၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃
SP(VOM)

ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီမြို့ ၊ မြဝတီခရိုင် ရဲစခန်းအတွင်းမှာ မနေ့ စက်တင်ဘာ ၃ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်လို့ လူ ၅ ဦးသေဆုံးပြီး ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဖြစ်စဥ်က မနေ့ကညပိုင်း ၇ နာရီ ၂၀ ဝန်းကျင်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်နားနဲ့ အစည်းဝေးခန်းမနားမှာ Drone Bomb ၂ လုံးကျပြီး ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ် နေရာကို ခရိုင် အုပ်ချုပ်ရေးမှူး ဥက္ကဌအဖွဲ့က သွားရောက် စစ်ဆေးတယ် ၊ စစ်ဆေးနေတဲ့အချိနိ Drone Bomb ၂ လုံး နောက်ထပ်ကျရောက်ပေါက်ကွဲတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးက နေရာမှာပဲ သေတယ် ၊ ဆေးရုံရောက်မှ နောက်ထပ် ၂ ယောက် ထပ်ပြီး သေတယ် ” လို့ ခရိုင်ရဲတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ အိမ်နားနဲ့ အစည်းဝေးခန်းမနားမှာ Drone Bomb ကျပြီး ပေါက်ကွဲတာကြောင့် ခရိုင်အုပ်ချုပ်ရေး အဖွဲ့က လာရောက်စစ်ဆေးတယ် ၊ သူတို့ စစ်ဆေးနေချိန်မှာ နောက်ထပ် ဗုံး ၂ လုံးကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းလင်း၊ ခရိုင်ထွေအုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့ ၃ ဦးက နေရာမှာပဲသေဆုံးခဲ့တယ် ၊ အဲ့ဒီအပြင် လာရောက်စစ်ဆေးတဲ့ အဖွဲ့နဲ့ လိုက်ပါလာတဲ့ မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနဲ့ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့က ပြင်းထန်ဒါဏ်ရာရပြီး မြဝတီခရိုင်ဆေးရုံမှာ သေဆုံးတယ် ၊ နောက်ပြီး မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးအပါအဝင် ဒဏ်ရာရ ၁၃ ဦးရှိတယ် ၊ သူတို့လည်း မြဝတီခရိုင်ဆေးရုံမှာ ကုသမှုခံယူနေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ မြဝတီ မြို့နယ်ရဲစခန်းဝင်း အတွင်းနဲ့ ဇမိခန်းမတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ခ လ ရ ၃၂ တပ်ကိုလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW