လှိုင်သာယာမှာ ကလေးငယ် ၁ ဦး အပါအဝင် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃
SP + SN (VOM)

ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တခုမှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က မိသားစုလိုက် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူတွေက သူ့တို့နေအိမ်ထဲမှာပဲ အသတ်ခံရတာဖြစ်တယ် ၊ အိမ်ရှင် ဦးဌေးလွင် ၅၉ နှစ် ၊ သူ့မိန်းမ ဒေါ်စုလှိုင်ဝင်း ၅၂ နှစ်နဲ့ သူ့ရဲ့သား မောင်ဖြိုးမြတ်ကိုကို ၉ နှစ် တို့ အသတ်ခံရတာဖြစ်တယ် ၊ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးတဲ့အခါ အိမ်ရှင် ဦးဌေးလွင်က အိမ်အောက်ထပ် အခန်းထဲမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရတယ် ၊ သူ့မိန်းမနဲ့ သူ့ကလေးက အပေါ်ထပ် အခန်းထဲမှာ သေနေတယ် ၊ သူ့မိန်းမက လူသတ်သမားကို ခုခံလုံးထွေး သတ်ပုတ်တယ်လို့ ယူဆရတယ် ၊ သူတို့ကို အခုလို ဘာကြောင့် သတ်ခံရတာလည်းလို့ သိနိုင်ဖို့ အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ၃ လောင်းပြိုင် အသတ်ခံရတဲ့ ပတ်ဝန်းကျင်မှာနေထိုင်သူတွေ အပြောအရ သေဆုံးသူတို့ရဲ့အိမ်မှာ ခိုက်ရန်ဖြစ်ပွားသံ မကြားလိုက်ရဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ အငှားယာဥ်မောင်းသူကို သတ်ပြီး ကားလုယူမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmtanmar #VOM #ရန်ကုန် #သုံးလောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW