တောင်ကိုရီးယားက မြန်မာတွေ သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ပုံမှန်အတိုင်း ပြန်လုပ်ပေးမယ်လို့ အသိပေးထား

စက်တင်ဘာ ၉ – ၂၀၂၃
SN (VOM)

တောင်ကိုရီးယားရောက် မြန်မာတွေအတွက် သာမန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်းကို လာမယ့် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိ‌ပေး ကြေညာထားပါတယ်။

သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေ အဆင်ပြေချောမွေ့စေဖို့အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့စက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ အဲ့ဒီ့လုပ်ငန်းစဉ်ကို ယာယီ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တာကြောင့် စက်တင်ဘာ ၁၁ ရက်မှစတင်ကာ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြန်ဖွင့်ပေးတာ ကောင်းပါတယ်။ ဒီမှာက လုပ်ကိုင်စားဖို့ ဘယ်လိုမှ အဆင်ပြေတာမဟုတ်ဘူးလေ။ အဲ့ဒီတော့ နိုင်ငံခြားထွက်မှ ရမယ့်သူတွေအတွက် ရတဲ့နည်းနဲ့ ထွက်သွားကြမှာပဲ။ တရားဝင်လမ်းကြောင်းက သွားလို့မရရင် အောက်လမ်းက သွားကြလိမ့်မယ်။ အခုလို အချိန်တိုအတွင်း ပြန်ဖွင့်ပေးတာ ကောင်းပါတယ်”လို့ ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်အတိုင်း ပြန်လည်လက်ခံပေးမှာဖြစ်ပြီး သံရုံးမှ ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကာ အနည်းဆုံး ၃ ရက်ကြိုတင် ရက်ချိန်းရယူရမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။

#voiceofmyanmar #VOM #တောင်ကိုရီးယား #မြန်မာ #နိုင်ငံကူးလက်မှတ် #သက်တမ်းတိုးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW