အထွေထွေရွေးကောက်ပွဲအတွက် နယူးဇီလန်ပါလီမန်ကို ဖျက်သိမ်း

ဝယ်လင်တန်၊ စက်တင်ဘာ-၁၀
မျိုးဆက်(VOM)

နယူးဇီလန်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးသမားတွေဟာ အထွေထွေရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေကိုစတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

နောက်ဆုံးလွှတ်တော်အစည်းအဝေးကို စက်တင်ဘာ ၈ ရက်မှာ နောက်ဆုံးကျင်းပခဲ့ပြီး လာမည့်အထွေထွေရွေးကောက်ပွဲကိုတော့ အောက်တိုဘာ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

၀နျကွီးခြုပျဟောငျး ဂျက်ဆင်ဒါအာဒန်ဟာ ဇန်နဝါရီလမှာ ရာထူးမှဆင်းပြီးနောက် ၀နျကွီးခြုပျသဈဖွဈလာသူ ခရစ်ဟစ်ကင် ၀နျကွီးခြုပျသဈဖွဈလာခဲ့ပွီး ရှစ်လသာ ရာထူးတာ၀န်ထမ်းဆောင်ခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ အာဏာရလေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိပြီး ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအဖွဲ့ဟာ အတိုက်အခံအဖြစ်ခြောက်နှစ်ကြာရပ်တည်ပြီးနောက် ရွေးကောက်ပွဲအနိုင်ရဖို့ အလားအလာကောင်းကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လူနေမှုစရိတ်ကြီးမြင့်မှု၊ မှုခင်းများတိုးပွားလာမှုနဲ့ အခြားပြည်တွင်းရေးပြသနာတွေက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအပေါ် လွှမ်းမိုးလာဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
#voiceofmyanmar #VOM နယူးဇီလန် #ပါလီမန် #ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW